ယူနိုက္တက္ဟာ ဆုဖလားေတြ ယူဖို႔ စိတ္ဓာတ္ခိုင္မာတဲ့ အသင္းလို႔ ဘရူနို ေၾကြးေၾကာ္
ယူနိုက္တက္ ကြင္းလယ္တိုက္စစ္ကစားသမား ဘ႐ူႏိုဖာနန္ဒက္စ္ကေတာ့ မန္ခ်က္စတာ ယူႏိုက္တက္ဟာ ဆုဖလားေတြ ဆြတ္ခူးႏိုင္ဖို႔အတြက္ စိတ္ဓာတ္ပိုင္းဆိုင္ရာ ခိုင္မာေကာင္းမြန္တဲ့ အသင္းတစ္သင္းျဖစ္တယ္လို႔ ဖြင့္ဟ ေျပာၾကားလာခဲ့ပါတယ္။ ယူနိုက္တက္ ဟာ ၂၀၁၇ ခုႏွစ္မွာ နည္းျပဂ်ိဳေဆးေမာ္ရင္ညိဳလက္ထက္ ယူ႐ိုပါလိဂ္ဖလားနဲ႔ လိဂ္ဖလားေတြ ဆြတ္ခူးရရွိခဲ့ၿပီးေနာက္ပိုင္း ဆုဖလားေအာင္ျမင္မႈနဲ႔ ေဝးကြာေနခဲ့တာဟာ အခ်ိန္တစ္ခု ၾကာျမင့္ခဲ့ၿပီ ျဖစ္ပါတယ္။
ဒီႏွစ္ဇန္နဝါရီလမွာ အိုးထရက္ဖို႔ဒ္ကို ေရာက္ရွိလာခဲ့တဲ့ ဖာနန္ဒက္စ္အေနနဲ႔ေတာ့ မန္ယူႏိုက္တက္ကို အက္ဖ္ေအဖလားမွာ ဆီမီးဖိုင္နယ္ တက္ေရာက္ႏိုင္ေအာင္ ပံ့ပိုးေပးႏိုင္ခဲ့သလို ယူ႐ိုပါလိဂ္မွာလည္း ဆီမီးဖိုင္နယ္အဆင့္ထိ ေရာက္ေစခဲ့သူ ျဖစ္ကာ ပရီးမီးယားလိဂ္မွာလည္း တတိယေနရာမွာ ရပ္တည္ႏိုင္ေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့ပါတယ္။
သူ႔အေနနဲ႔ မန္ယူႏိုက္တက္အသင္းကို ေရာက္ရွိလာခဲ့တာဟာ ဆုဖလားေအာင္ပြဲေတြ ရယူဖို႔အတြက္ေၾကာင့္ျဖစ္တယ္လို႔လည္း ေပၚတူဂီသားက ဆိုထားခဲ့ဖူးၿပီး ၈ ႏွစ္ၾကာ ေဝးကြာေနတဲ့ ပရီးမီးယားလိဂ္ဖလားကို နည္းျပဆိုးရွားရဲ႕ ဦးေဆာင္မႈနဲ႔အတူ ဆြတ္ခူးႏိုင္လိမ့္မယ္လို႔လည္း ေမွ်ာ္လင့္ခ်က္ေတြ ရွိေနပါတယ္။
“ကြၽန္ေတာ့္အတြက္ေတာ့ အျခားအသင္းေတြ အေျခအေနဘယ္လိုရွိသလဲဆိုတာက အေရးမႀကီးပါဘူး။ အားလုံးကေတာ့ သူတို႔ဟာ ကြၽန္ေတာ္တို႔အသင္းထက္ ပိုေကာင္းတယ္လို႔ ေျပာၾကတာေပါ့။ ကြၽန္ေတာ္တို႔အသင္းထက္လည္း လူအင္အားသာၾကတယ္လို႔ ဆိုၾကတယ္။ အရန္အင္အားလည္း ေတာင့္တင္းၾကတယ္လို႔ ျမင္ၾကတယ္။ လူတိုင္းအေနနဲ႔ ကိုယ့္ထင္ျမင္ခ်က္ကိုယ္ေျပာႏိုင္ပါတယ္။ ကြၽန္ေတာ္ ဂ႐ုမစိုက္ပါဘူး။ ကြၽန္ေတာ္က မန္ယူႏိုက္တက္အသင္းဆီ အေရာက္လာခဲ့တာဟာ ဆုဖလားေအာင္ပြဲေတြ ရယူဖို႔အတြက္ ျဖစ္ပါတယ္။
“ကြၽန္ေတာ္ဟာ ကမာၻ႔အေကာင္းဆုံးကလပ္အသင္းေတြထဲက တစ္သင္းမွာ ကစားေနသူ ျဖစ္တယ္ေလ။ ဒီအသင္းဟာ အတိတ္ကာလေတြမွာ ေအာင္ျမင္မႈေတြ ရယူျပထားႏိုင္ခဲ့အသင္း ျဖစ္ပါတယ္။ သမိုင္းေၾကာင္းခမ္းနားတဲ့အသင္း ျဖစ္ပါတယ္။ မန္ယူႏိုက္တက္လိုအသင္းအေနနဲ႔ ပရီးမီးယားလိဂ္ဖလားကို ေနာက္ဆုံးအႀကိမ္ ရရွိခဲ့တဲ့အခ်ိန္ဟာ ၾကာျမင့္ေနၿပီပဲ ျဖစ္ပါတယ္။ အရမ္းကို ၾကာခဲ့ၿပီလို႔ ကြၽန္ေတာ္ ထင္ပါတယ္။ အဲဒီအတြက္ ကြၽန္ေတာ္တို႔ရဲ႕ စိတ္ထဲမွာ အၿမဲအသင့္ရွိေနရပါမယ္။”
“ကြၽန္ေတာ္တို႔ ကစားသမားေတြ အားလုံး၊ ဝန္ထမ္းေတြအားလုံးဟာ ဒီဖလားကို အရယူႏိုင္ဖို႔ ဆႏၵျပင္းျပေနၾကပါတယ္။ ကြၽန္ေတာ္တို႔ဟာ ပရီးမီးယားလိဂ္ဖလားကို ရကိုရရမယ္ဆိုတဲ့ စိတ္ဓာတ္ပိုင္းဆိုင္ရာ သန္မာမႈမ်ိဳး ရွိၾကပါတယ္။” လို႔ ဖာနန္ဒက္စ္က ေျပာၾကားသြားခဲ့ပါတယ္။
Unicode
ယူနိုက်တက် ကွင်းလယ်တိုက်စစ်ကစားသမား ဘရူနိုဖာနန်ဒက်စ်ကတော့ မန်ချက်စတာ ယူနိုက်တက်ဟာ ဆုဖလားတွေ ဆွတ်ခူးနိုင်ဖို့အတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာ ခိုင်မာကောင်းမွန်တဲ့ အသင်းတစ်သင်းဖြစ်တယ်လို့ ဖွင့်ဟ ပြောကြားလာခဲ့ပါတယ်။ ယူနိုက်တက် ဟာ ၂၀၁၇ ခုနှစ်မှာ နည်းပြဂျိုဆေးမော်ရင်ညိုလက်ထက် ယူရိုပါလိဂ်ဖလားနဲ့ လိဂ်ဖလားတွေ ဆွတ်ခူးရရှိခဲ့ပြီးနောက်ပိုင်း ဆုဖလားအောင်မြင်မှုနဲ့ ဝေးကွာနေခဲ့တာဟာ အချိန်တစ်ခု ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။
ဒီနှစ်ဇန်နဝါရီလမှာ အိုးထရက်ဖို့ဒ်ကို ရောက်ရှိလာခဲ့တဲ့ ဖာနန်ဒက်စ်အနေနဲ့တော့ မန်ယူနိုက်တက်ကို အက်ဖ်အေဖလားမှာ ဆီမီးဖိုင်နယ် တက်ရောက်နိုင်အောင် ပံ့ပိုးပေးနိုင်ခဲ့သလို ယူရိုပါလိဂ်မှာလည်း ဆီမီးဖိုင်နယ်အဆင့်ထိ ရောက်စေခဲ့သူ ဖြစ်ကာ ပရီးမီးယားလိဂ်မှာလည်း တတိယနေရာမှာ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
သူ့အနေနဲ့ မန်ယူနိုက်တက်အသင်းကို ရောက်ရှိလာခဲ့တာဟာ ဆုဖလားအောင်ပွဲတွေ ရယူဖို့အတွက်ကြောင့်ဖြစ်တယ်လို့လည်း ပေါ်တူဂီသားက ဆိုထားခဲ့ဖူးပြီး ၈ နှစ်ကြာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဖလားကို နည်းပြဆိုးရှားရဲ့ ဦးဆောင်မှုနဲ့အတူ ဆွတ်ခူးနိုင်လိမ့်မယ်လို့လည်း မျှော်လင့်ချက်တွေ ရှိနေပါတယ်။
“ကျွန်တော့်အတွက်တော့ အခြားအသင်းတွေ အခြေအနေဘယ်လိုရှိသလဲဆိုတာက အရေးမကြီးပါဘူး။ အားလုံးကတော့ သူတို့ဟာ ကျွန်တော်တို့အသင်းထက် ပိုကောင်းတယ်လို့ ပြောကြတာပေါ့။ ကျွန်တော်တို့အသင်းထက်လည်း လူအင်အားသာကြတယ်လို့ ဆိုကြတယ်။ အရန်အင်အားလည်း တောင့်တင်းကြတယ်လို့ မြင်ကြတယ်။ လူတိုင်းအနေနဲ့ ကိုယ့်ထင်မြင်ချက်ကိုယ်ပြောနိုင်ပါတယ်။ ကျွန်တော် ဂရုမစိုက်ပါဘူး။ ကျွန်တော်က မန်ယူနိုက်တက်အသင်းဆီ အရောက်လာခဲ့တာဟာ ဆုဖလားအောင်ပွဲတွေ ရယူဖို့အတွက် ဖြစ်ပါတယ်။
“ကျွန်တော်ဟာ ကမ္ဘာ့အကောင်းဆုံးကလပ်အသင်းတွေထဲက တစ်သင်းမှာ ကစားနေသူ ဖြစ်တယ်လေ။ ဒီအသင်းဟာ အတိတ်ကာလတွေမှာ အောင်မြင်မှုတွေ ရယူပြထားနိုင်ခဲ့အသင်း ဖြစ်ပါတယ်။ သမိုင်းကြောင်းခမ်းနားတဲ့အသင်း ဖြစ်ပါတယ်။ မန်ယူနိုက်တက်လိုအသင်းအနေနဲ့ ပရီးမီးယားလိဂ်ဖလားကို နောက်ဆုံးအကြိမ် ရရှိခဲ့တဲ့အချိန်ဟာ ကြာမြင့်နေပြီပဲ ဖြစ်ပါတယ်။ အရမ်းကို ကြာခဲ့ပြီလို့ ကျွန်တော် ထင်ပါတယ်။ အဲဒီအတွက် ကျွန်တော်တို့ရဲ့ စိတ်ထဲမှာ အမြဲအသင့်ရှိနေရပါမယ်။”
“ကျွန်တော်တို့ ကစားသမားတွေအားလုံး၊ ဝန်ထမ်းတွေအားလုံးဟာ ဒီဖလားကို အရယူနိုင်ဖို့ ဆန္ဒပြင်းပြနေကြပါတယ်။ ကျွန်တော်တို့ဟာ ပရီးမီးယားလိဂ်ဖလားကို ရကိုရရမယ်ဆိုတဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ သန်မာမှုမျိုး ရှိကြပါတယ်။” လို့ ဖာနန်ဒက်စ်က ပြောကြားသွားခဲ့ပါတယ်။