တိုက္စစ္သမား နွစ္ဦး ဒဏ္ရာ ကိုယ္စီ ရွိေနလို႔ ၀က္စ္ဘရြန္းနဲ႕ပြဲ ကာဗာနီ ပြဲထြက္ခြင့္ ရဖြယ္ ရွိေန

မာရွယ္ ဟာ ေနာက္ေက်ာဒဏ္ရာေၾကာင့္ အစုအဖြဲ႕နဲ႔ ေလ့က်င့္ေနတဲ့ ျပင္သစ္အသင္းရဲ႕ေလ့က်င့္ေရးအစီအစဥ္ ကေနထြက္ခြာခဲ့ၿပီးေနာက္ မန္ခ်က္စတာယူႏိုက္တက္ အသင္းက ကစားသမားရဲ႕ႀကံခိုင္ေရးအေျခအေနကို စိတ္ပူေနတယ္လို႔ မီထ႐ို သတင္းက ေဖာ္ျပပါတယ္။

မာရွယ္ ဟာ ေပၚတူဂီ အသင္းကို အႏိုင္ရခဲ့တဲ့ ပြဲမွာ အခြင့္အေရးအမ်ားအျပား ကို လြဲေခ်ာ္ခဲ့ေပမယ့္ နည္းျပ ဒက္ခ်မ့္ပ္စ္ ကေတာ့ မန္ခ်က္စတာယူႏိုက္တက္ တိုက္စစ္မႈးရဲ႕စြမ္းေဆာင္ရည္ကို ေက်နပ္တယ္လို႔ ဆိုခဲ့ပါတယ္။

ျပင္သစ္အသင္းကေတာ့ ဆြီဒင္ နဲ႔ ကစားမယ့္ ေနးရွင္းလိဂ္ ေနာက္ဆုံးပြဲစဥ္မွာ မာရွယ္ ကို ပြဲစထဲက အသုံးျပဳႏိုင္ဖို႔ ေမွ်ာ္လင့္ေနတာပါ။ဒါေပမယ့္ မာရွယ္ ဟာ ၿပီးခဲ့တဲ့ ရက္သတၱပတ္ေတြထဲက ေနာက္ေက်ာ‌ဒဏ္ရာျပသနာနဲ႔ ႐ုန္းကန္ေနရတာပါ။ အဲဒါေၾကာင့္ မာရွယ္ ဟာ ဒဏ္ရာျပသနာပိုမိုဆိုး႐ြားလာမွာကို စိုးရိမ္ေနတဲ့ အတြက္ မေန႔က ျပဳလုပ္ခဲ့တဲ့ ေလ့က်င့္ေရးအစီအစဥ္မွာ မပါဝင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ အသင္းကေတာ့ ျပင္သစ္အသင္းအေနနဲ႔ မာရွယ္ ကို ကာကြယ္ဖို႔ လိုအပ္တဲ့ ႀကိဳတင္ကာကြယ္ေရး အစီအစဥ္ကို ျပဳလုပ္ဖို႔ ေမွ်ာ္လင့္ေနၿပီး ကစားသမား အေနနဲ႔ ဆြီဒင္ နဲ႔ ပြဲကို လြဲေခ်ာ္ဖြယ္ရွိေနတာျဖစ္ပါတယ္။
အဂၤလန္သား တိုက္စစ္ကစားသမား ရက္ရွ္ဖို႔ကလည္း ပခုံးဒဏ္ရာေၾကာင့္ အဂၤလန္အသင္းလူစာရင္းကေန ႏုတ္ထြက္သြားတာျဖစ္ပါတယ္။

ယူႏိုက္တက္ အသင္းဟာ ႏိုင္ငံတကာပြဲစဥ္အၿပီးမွာ ဝက္စ္ဘ႐ြမ္း နဲ႔ ပရီးမီးယားလိဂ္ ပြဲစဥ္ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။တိုက္စစ္မႈး မာရွယ္ အေနနဲ႔ ႀကံခိုင္မႈရာႏႈန္းျပည့္ မရွိဘူးဆိုရင္ေတာ့ တိုက္စစ္မႈးသစ္ ကာဗာနီ ကို ယူႏိုက္တက္ အသင္းနည္းျပ ဆိုးလ္ရွား က ပြဲစတည္းက အသုံးျပဳဖို႔ ရွိေနတာျဖစ္ပါတယ္။

ျပီးခဲ့တဲ့ ေႏြေစ်းကြက္က ေခၚယူခဲ့တဲ့ ကာဗာနီ ဟာ အခုအခ်ိန္ထိ မန္ခ်က္စတာယူႏိုက္တက္ အသင္းအတြက္ ပြဲထြက္စာရင္းကေန ပါဝင္ ကစားခြင့္ မရထားေသးပါဘူး။

Unicode

မာရှယ် ဟာ နောက်ကျောဒဏ်ရာကြောင့် အစုအဖွဲ့နဲ့ လေ့ကျင့်နေတဲ့ ပြင်သစ်အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ် ကနေထွက်ခွာခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက် အသင်းက ကစားသမားရဲ့ကြံခိုင်ရေးအခြေအနေကို စိတ်ပူနေတယ်လို့ မီထရို သတင်းက ဖော်ပြပါတယ်။

မာရှယ် ဟာ ပေါ်တူဂီ အသင်းကို အနိုင်ရခဲ့တဲ့ ပွဲမှာ အခွင့်အရေးအများအပြား ကို လွဲချော်ခဲ့ပေမယ့် နည်းပြ ဒက်ချမ့်ပ်စ် ကတော့ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှုးရဲ့စွမ်းဆောင်ရည်ကို ကျေနပ်တယ်လို့ ဆိုခဲ့ပါတယ်။

ပြင်သစ်အသင်းကတော့ ဆွီဒင် နဲ့ ကစားမယ့် နေးရှင်းလိဂ် နောက်ဆုံးပွဲစဉ်မှာ မာရှယ် ကို ပွဲစထဲက အသုံးပြုနိုင်ဖို့ မျှော်လင့်နေတာပါ။ဒါပေမယ့် မာရှယ် ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေထဲက နောက်ကျော‌ဒဏ်ရာပြသနာနဲ့ ရုန်းကန်နေရတာပါ။ အဲဒါကြောင့် မာရှယ် ဟာ ဒဏ်ရာပြသနာပိုမိုဆိုးရွားလာမှာကို စိုးရိမ်နေတဲ့ အတွက် မနေ့က ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ရေးအစီအစဉ်မှာ မပါဝင်နိုင်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းကတော့ ပြင်သစ်အသင်းအနေနဲ့ မာရှယ် ကို ကာကွယ်ဖို့ လိုအပ်တဲ့ ကြိုတင်ကာကွယ်ရေး အစီအစဉ်ကို ပြုလုပ်ဖို့ မျှော်လင့်နေပြီး ကစားသမား အနေနဲ့ ဆွီဒင် နဲ့ ပွဲကို လွဲချော်ဖွယ်ရှိနေတာဖြစ်ပါတယ်။
အင်္ဂလန်သား တိုက်စစ်ကစားသမား ရက်ရှ်ဖို့ကလည်း ပခုံးဒဏ်ရာကြောင့် အင်္ဂလန်အသင်းလူစာရင်းကနေ နုတ်ထွက်သွားတာဖြစ်ပါတယ်။

ယူနိုက်တက် အသင်းဟာ နိုင်ငံတကာပွဲစဉ်အပြီးမှာ ဝက်စ်ဘရွမ်း နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။တိုက်စစ်မှုး မာရှယ် အနေနဲ့ ကြံခိုင်မှုရာနှုန်းပြည့် မရှိဘူးဆိုရင်တော့ တိုက်စစ်မှုးသစ် ကာဗာနီ ကို ယူနိုက်တက် အသင်းနည်းပြ ဆိုးလ်ရှား က ပွဲစတည်းက အသုံးပြုဖို့ ရှိနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နွေဈေးကွက်က ခေါ်ယူခဲ့တဲ့ ကာဗာနီ ဟာ အခုအချိန်ထိ မန်ချက်စတာယူနိုက်တက် အသင်းအတွက် ပွဲထွက်စာရင်းကနေ ပါဝင် ကစားခွင့် မရထားသေးပါဘူး။