အကယ္ဒမီထြက္ ပရိသတ္ အခ်စ္ေတာ္ ကစားသမားေဟာင္းကို ျပန္ေခၚရန္ ၾကံရြယ္ေနတဲ့ ယူနိုက္တက္

မန္ခ်က္စတာ ယူႏိုက္တက္ အသင္းဟာ သူတို႔အသင္းရဲ႕ လူငယ္ အကယ္ဒမီကေန ထြက္ေပၚလာတဲ့ ကစားသမား တစ္ဦးျဖစ္တဲ့ ဘယ္လ္ဂ်ီယံ ေတာင္ပံ ကစားသမား ယာႏူဇက္ကို အသင္းထံ ျပန္လည္ ေခၚယူဖို႔ စဥ္းစားေနေၾကာင္း ဥေရာပ အေျခစိုက္ နာမည္ႀကီး သတင္းဌာနေတြက ေဖာ္ျပ သြားၾကပါတယ္။

အသက္ ၂၅ႏွစ္ အ႐ြယ္ ရွိေနၿပီ ျဖစ္တဲ့ ယာႏူဇက္ဟာ မန္ခ်က္စတာ ယူႏိုက္တက္ အသင္းရဲ႕ အကယ္ဒမီ ကေန ထြက္ေပၚလာတဲ့ ကစားသမား တစ္ဦး ျဖစ္ၿပီး ၂၀၁၃ ခုႏွစ္မွာ အသင္းရဲ႕ အထြန္းေတာက္ဆုံး လူငယ္ ကစားသမား တစ္ဦး ျဖစ္ခဲ့ေပမယ့္ နည္းျပ ဗန္ဟား ေရာက္ရွိလာၿပီး ေနာက္မွာေတာ့ အသင္းမွာ ေနရာ မရေတာ့ပဲ အသင္းကေန ထြက္ခြာခဲ့ ရတဲ့ ကစားသမား တစ္ဦး ျဖစ္ပါတယ္။

လက္ရွိမွာေတာ့ ယာႏူဇက္ဟာ စပိန္ကလပ္ ရီးရဲလ္ ဆိုစီဒက္ အသင္းမွာ ကစားေနၿပီး ဆိုစီဒက္ အသင္းရဲ႕ အေရးပါတဲ့ ကစားသမား တစ္ဦး အျဖစ္ သတ္မွတ္ခံထား ရပါတယ္။ ယာႏူဇက္ဟာ မန္ခ်က္စတာ ယူႏိုက္တက္ အသင္းကေန ရီးရဲလ္ ဆိုစီဒက္ အသင္းထံ ၂၀၁၇ ခုႏွစ္မွာ ယူ႐ို ၈.၅သန္းနဲ႔ ေျပာင္းေ႐ႊ႕ခဲ့သူလည္း ျဖစ္ပါတယ္။

ဆိုစီဒက္ ကစားသမား ဘဝမွာ ယာႏူဇက္ဟာ ၿပိဳင္ပြဲစုံမွာ ၉၆ပြဲ အထိ ပါဝင္ ကစားေပးခဲ့ၿပီး ၁၆ဂိုး သြင္းယူႏိုင္ခဲ့ကာ ၁၄ဂိုးအထိ ဖန္တီးႏိုင္ခဲ့ပါတယ္။ လက္ရွိမွာေတာ့ မန္ခ်က္စတာ ယူႏိုက္တက္ အသင္းဟာ ယာႏူဇက္ကို ဆိုစီဒက္အသင္းထံ ေရာင္းခ်စဥ္က ထည့္သြင္း ခ်ဳပ္ဆို ထားတဲ့ ျပန္လည္ ေခၚယူခြင့္ အခ်က္ကို အသက္သြင္းကာ ယာႏူဇက္ကို အသင္းထံ ေခၚယူဖို႔ စဥ္းစား ေနေၾကာင္း နာမည္ႀကီး သတင္းဌာန တစ္ခု ျဖစ္တဲ့ စပိန္အားကစား သတင္းဌာနတစ္ခုက အခိုင္အမာ ေဖာ္ျပ သြားခဲ့ပါတယ္။

ထို သတင္းဌာနရဲ႕ ေဖာ္ျပခ်က္ အရ မန္ခ်က္စတာ ယူႏိုက္တက္ အသင္းဟာ ၿပီးခဲ့တဲ့ ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာ သူတို႔အသင္းရဲ႕ အားနည္းခ်က္ တစ္ခုလို ျဖစ္ေနတဲ့ ညာေတာင္ပံ အခန္းကဏၰကို အင္အား မျဖည့္တင္း ႏိုင္ခဲ့တာေၾကာင့္ လာမယ့္ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕မွာ ယာႏူဇက္ကို ေခၚယူၿပီး အသင္းကို အားျဖည့္ဖို႔ စဥ္းစားေနတာ ျဖစ္ေၾကာင္း သိရပါတယ္။

ယူႏိုက္တက္ အသင္းဟာ အသင္းမွာ ရွိေနတဲ့ ေဝးလ္လက္ေ႐ြးစင္ ေတာင္ပံ ကစားသမား ဒန္နီရယ္ဂ်ိမ္းစ္ကို ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၃၀သန္းခန႔္နဲ႔ ေရာင္းခ်ကာ ယာႏူဇက္ကို ျပန္လည္ ေခၚယူခြင့္ အခ်က္အလက္မွာ ပါဝင္တဲ့ ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၃၅သန္းနဲ႔ ျပန္လည္ ေခၚယူမွာ ျဖစ္ေၾကာင္း သိရွိ ထားရပါတယ္။

Unicode

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ သူတို့အသင်းရဲ့ လူငယ် အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကစားသမား တစ်ဦးဖြစ်တဲ့ ဘယ်လ်ဂျီယံ တောင်ပံ ကစားသမား ယာနူဇက်ကို အသင်းထံ ပြန်လည် ခေါ်ယူဖို့ စဉ်းစားနေကြောင်း ဥရောပ အခြေစိုက် နာမည်ကြီး သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။

အသက် ၂၅နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ယာနူဇက်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကစားသမား တစ်ဦး ဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ အသင်းရဲ့ အထွန်းတောက်ဆုံး လူငယ် ကစားသမား တစ်ဦး ဖြစ်ခဲ့ပေမယ့် နည်းပြ ဗန်ဟား ရောက်ရှိလာပြီး နောက်မှာတော့ အသင်းမှာ နေရာ မရတော့ပဲ အသင်းကနေ ထွက်ခွာခဲ့ ရတဲ့ ကစားသမား တစ်ဦး ဖြစ်ပါတယ်။

လက်ရှိမှာတော့ ယာနူဇက်ဟာ စပိန်ကလပ် ရီးရဲလ် ဆိုစီဒက် အသင်းမှာ ကစားနေပြီး ဆိုစီဒက် အသင်းရဲ့ အရေးပါတဲ့ ကစားသမား တစ်ဦး အဖြစ် သတ်မှတ်ခံထား ရပါတယ်။ ယာနူဇက်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းကနေ ရီးရဲလ် ဆိုစီဒက် အသင်းထံ ၂၀၁၇ ခုနှစ်မှာ ယူရို ၈.၅သန်းနဲ့ ပြောင်းရွှေ့ခဲ့သူလည်း ဖြစ်ပါတယ်။

ဆိုစီဒက် ကစားသမား ဘဝမှာ ယာနူဇက်ဟာ ပြိုင်ပွဲစုံမှာ ၉၆ပွဲ အထိ ပါဝင် ကစားပေးခဲ့ပြီး ၁၆ဂိုး သွင်းယူနိုင်ခဲ့ကာ ၁၄ဂိုးအထိ ဖန်တီးနိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ယာနူဇက်ကို ဆိုစီဒက်အသင်းထံ ရောင်းချစဉ်က ထည့်သွင်း ချုပ်ဆို ထားတဲ့ ပြန်လည် ခေါ်ယူခွင့် အချက်ကို အသက်သွင်းကာ ယာနူဇက်ကို အသင်းထံ ခေါ်ယူဖို့ စဉ်းစား နေကြောင်း နာမည်ကြီး သတင်းဌာန တစ်ခု ဖြစ်တဲ့ စပိန်အားကစား သတင်းဌာနတစ်ခုက အခိုင်အမာ ဖော်ပြ သွားခဲ့ပါတယ်။

ထို သတင်းဌာနရဲ့ ဖော်ပြချက် အရ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ သူတို့အသင်းရဲ့ အားနည်းချက် တစ်ခုလို ဖြစ်နေတဲ့ ညာတောင်ပံ အခန်းကဏ္ဏကို အင်အား မဖြည့်တင်း နိုင်ခဲ့တာကြောင့် လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ယာနူဇက်ကို ခေါ်ယူပြီး အသင်းကို အားဖြည့်ဖို့ စဉ်းစားနေတာ ဖြစ်ကြောင်း သိရပါတယ်။

ယူနိုက်တက် အသင်းဟာ အသင်းမှာ ရှိနေတဲ့ ဝေးလ်လက်ရွေးစင် တောင်ပံ ကစားသမား ဒန်နီရယ်ဂျိမ်းစ်ကို ပြောင်းရွှေ့ကြေး ပေါင် ၃၀သန်းခန့်နဲ့ ရောင်းချကာ ယာနူဇက်ကို ပြန်လည် ခေါ်ယူခွင့် အချက်အလက်မှာ ပါဝင်တဲ့ ပြောင်းရွှေ့ကြေး ယူရို ၃၅သန်းနဲ့ ပြန်လည် ခေါ်ယူမှာ ဖြစ်ကြောင်း သိရှိ ထားရပါတယ်။