မန္ခ်က္စတာ ယူနိုက္တက္နဲ႕ ေရစက္ အျပီးျပတ္ဦးမွာ မဟုတ္တဲ့ ေပၚတူဂီသား

မန္ခ်က္စတာ ယူႏိုက္တက္အသင္းကေတာ့ ၿပီးခဲ့တဲ့ေႏြေစ်းကြက္အတြင္း အီတလီစီးရီးေအကလပ္ ေအစီမီလန္အသင္းဆီ တစ္ရာသီအငွားခ်ထားခဲ့တဲ့ သူတို႔ရဲ႕ ေပၚတူဂီညာေနာက္ခံကစားသမားေလး ဒီယိုဂိုဒါေလာ့ကို အသင္းကေန အၿပီးသတ္ ေရာင္းထုတ္သြားဖို႔ ဆႏၵမရွိပဲ မီလန္နဲ႔ အငွားစာခ်ဳပ္ျပည့္ေျမာက္ခ်ိန္မွာ မီလန္ဆီကိုပဲ ေနာက္ထပ္တစ္ရာသီခန႔္ ထပ္မံအငွားခ်ႏိုင္ဖြယ္သလို အသင္းဆီကိုလည္း ျပန္ေခၚယူႏိုင္ဖြယ္တယ္လို႔ ESPN သတင္းမီဒီယာကေန ေဖာ္ျပသြားခဲ့ပါတယ္။

အသက္(၂၁)ႏွစ္အ႐ြယ္ရွိ ေပၚတူဂီေနာက္ခံအစြန္လူ ဒါေလာ့ဟာ ၂၀၁၈ခုႏွစ္ကမွ ေပၚတူဂီထိပ္သီးကလပ္ ေပၚတိုအသင္းကေန ယူႏိုက္တက္အသင္းဆီကို (၅)ႏွစ္စာခ်ဳပ္နဲ႔ ေရာက္ရွိလာခဲ့တာျဖစ္ၿပီး သူရဲ႕ယူႏိုက္တက္ကစားသမားဘဝ ပြဲဦးထြက္ရာသီမွာ ၿပိဳင္ပြဲစုံ(၂၅)ပြဲအထိ ပါဝင္ခဲ့ရေပမယ့္လည္း ဒုတိယရာသီမွာေတာ့ ၿပိဳင္ပြဲစုံကိုမွ (၁၁)ပြဲပဲ ပါဝင္ခဲ့ရကာ ပြဲထြက္ခြင့္ေတြ အေတာ္ေလး ေလ်ာ့ပါးလာခဲ့ရပါတယ္။

ဒါေလာ့ဟာ ယူႏိုက္တက္မွာ ပါဝင္ကစားခဲ့တဲ့ ႏွစ္ရာသီအတြင္းမွာ သြင္းဂိုး(၁)ဂိုးနဲ႔ ဂိုးဖန္တီးမႈ(၃)ႀကိမ္သာ ျပဳလုပ္ႏိုင္ခဲ့ပါတယ္။ အထူးသျဖင့္ ယူႏိုက္တက္ကို ညာေနာက္ခံလူ ဝမ္ဘစ္ဆာကာ ေရာက္ရွိလာၿပီးေနာက္ပိုင္း ဒါေလာ့ရဲ႕ပြဲထြက္ခြင့္ေတြက နည္းပါးလာခဲ့ရတာျဖစ္သလို နည္းျပဆိုးလ္ရွားကလည္း ဒါေလာ့ကို ေနရာသိပ္မေပးတာေၾကာင့္ ဒီရာသီအစမွာ မီလန္အသင္းဆီ အငွားခ်လိုက္ရတာျဖစ္ပါတယ္။

ေအစီမီလန္မွာ တစ္ရာသီအငွားနဲ႔ သြားေရာက္ကစားေနရတဲ့ ဒါေလာ့ဟာ မီလန္မွာလည္း ပြဲထြက္ခြင့္ေတြ ခပ္မ်ားမ်ားစားစား မရရွိထားခဲ့ေပမယ့္လည္း အသင္းအတြက္ (၄)ပြဲကစားထားၿပီးေနာက္ (၁)ဂိုးသြင္းၿပီး (၁)ဂိုး ဖန္တီး ေပးထားႏိုင္ခဲ့ပါတယ္။ ဒါေလာ့ရဲ႕လက္ရွိေျခစြမ္းေတြကိုလည္း မီလန္ဘက္ကေန အေတာ္ေလး သေဘာက်ေနတာေၾကာင့္ အငွားသက္တမ္းျပည့္ခ်ိန္မွာ အၿပီးသတ္ေခၚယူဖို႔ စဥ္းစားလာခဲ့သလို အျခားေသာ ကလပ္အသင္းေတြကလည္း ဒါေလာ့ကို ပစ္မွတ္ထားလာခဲ့ၾကပါတယ္။

ဒါေပမယ့္ ယူႏိုက္တက္အသင္းဘက္ကေတာ့ ဒါေလာ့ကို လုံးဝေရာင္းခ်သြားမွာမဟုတ္ပဲ ကမ္းလွမ္းခ်က္တိုင္းကို ပယ္ခ်သြားဖို႔ အစီအစဥ္ရွိေနတယ္လို႔ သိရပါတယ္။ ဒါေလာ့ဟာ ညာေနာက္ခံလူတစ္ေယာက္ဆိုေပမယ့္ လိုအပ္ရင္ ဘယ္ျခမ္းခံစစ္ေနရာမွာပါ ပါဝင္ကစားတတ္သူျဖစ္လို႔ လိုအပ္သလို အသုံးျပဳႏိုင္တဲ့ ကစားသမားျဖစ္ေပမယ့္လည္း တျခားေသာ ထိပ္တန္း အစြန္ခံစစ္သမားေတြ လိုေတာ့ တိက်တဲ့ ျဖတ္တင္ေဘာေတြနဲ႔ အသင္းေဖာ္ေတြ ဂိုးသြင္းႏိုင္ေအာင္ ဖန္တီးေပးတတ္တဲ့ အပိုင္းမွာ အနည္းငယ္ အားနည္းသူျဖစ္ပါတယ္။

Unicode

မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ ပြီးခဲ့တဲ့နွေဈေးကွက်အတွင်း အီတလီစီးရီးအေကလပ် အေစီမီလန်အသင်းဆီ တစ်ရာသီအငှားချထားခဲ့တဲ့ သူတို့ရဲ့ ပေါ်တူဂီညာနောက်ခံကစားသမားလေး ဒီယိုဂိုဒါလော့ကို အသင်းကနေ အပြီးသတ် ရောင်းထုတ်သွားဖို့ ဆန္ဒမရှိပဲ မီလန်နဲ့ အငှားစာချုပ်ပြည့်မြောက်ချိန်မှာ မီလန်ဆီကိုပဲ နောက်ထပ်တစ်ရာသီခန့် ထပ်မံအငှားချနိုင်ဖွယ်သလို အသင်းဆီကိုလည်း ပြန်ခေါ်ယူနိုင်ဖွယ်တယ်လို့ ESPN သတင်းမီဒီယာကနေ ဖော်ပြသွားခဲ့ပါတယ်။

အသက်(၂၁)နှစ်အရွယ်ရှိ ပေါ်တူဂီနောက်ခံအစွန်လူ ဒါလော့ဟာ ၂၀၁၈ခုနှစ်ကမှ ပေါ်တူဂီထိပ်သီးကလပ် ပေါ်တိုအသင်းကနေ ယူနိုက်တက်အသင်းဆီကို (၅)နှစ်စာချုပ်နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး သူရဲ့ယူနိုက်တက်ကစားသမားဘဝ ပွဲဦးထွက်ရာသီမှာ ပြိုင်ပွဲစုံ(၂၅)ပွဲအထိ ပါဝင်ခဲ့ရပေမယ့်လည်း ဒုတိယရာသီမှာတော့ ပြိုင်ပွဲစုံကိုမှ (၁၁)ပွဲပဲ ပါဝင်ခဲ့ရကာ ပွဲထွက်ခွင့်တွေ အတော်လေး လျော့ပါးလာခဲ့ရပါတယ်။

ဒါလော့ဟာ ယူနိုက်တက်မှာ ပါဝင်ကစားခဲ့တဲ့ နှစ်ရာသီအတွင်းမှာ သွင်းဂိုး(၁)ဂိုးနဲ့ ဂိုးဖန်တီးမှု(၃)ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပါတယ်။ အထူးသဖြင့် ယူနိုက်တက်ကို ညာနောက်ခံလူ ဝမ်ဘစ်ဆာကာ ရောက်ရှိလာပြီးနောက်ပိုင်း ဒါလော့ရဲ့ပွဲထွက်ခွင့်တွေက နည်းပါးလာခဲ့ရတာဖြစ်သလို နည်းပြဆိုးလ်ရှားကလည်း ဒါလော့ကို နေရာသိပ်မပေးတာကြောင့် ဒီရာသီအစမှာ မီလန်အသင်းဆီ အငှားချလိုက်ရတာဖြစ်ပါတယ်။

အေစီမီလန်မှာ တစ်ရာသီအငှားနဲ့ သွားရောက်ကစားနေရတဲ့ ဒါလော့ဟာ မီလန်မှာလည်း ပွဲထွက်ခွင့်တွေ ခပ်များများစားစား မရရှိထားခဲ့ပေမယ့်လည်း အသင်းအတွက် (၄)ပွဲကစားထားပြီးနောက် (၁)ဂိုးသွင်းပြီး (၁)ဂိုး ဖန်တီး ပေးထားနိုင်ခဲ့ပါတယ်။ ဒါလော့ရဲ့လက်ရှိခြေစွမ်းတွေကိုလည်း မီလန်ဘက်ကနေ အတော်လေး သဘောကျနေတာကြောင့် အငှားသက်တမ်းပြည့်ချိန်မှာ အပြီးသတ်ခေါ်ယူဖို့ စဉ်းစားလာခဲ့သလို အခြားသော ကလပ်အသင်းတွေကလည်း ဒါလော့ကို ပစ်မှတ်ထားလာခဲ့ကြပါတယ်။

ဒါပေမယ့် ယူနိုက်တက်အသင်းဘက်ကတော့ ဒါလော့ကို လုံးဝရောင်းချသွားမှာမဟုတ်ပဲ ကမ်းလှမ်းချက်တိုင်းကို ပယ်ချသွားဖို့ အစီအစဉ်ရှိနေတယ်လို့ သိရပါတယ်။ ဒါလော့ဟာ ညာနောက်ခံလူတစ်ယောက်ဆိုပေမယ့် လိုအပ်ရင် ဘယ်ခြမ်းခံစစ်နေရာမှာပါ ပါဝင်ကစားတတ်သူဖြစ်လို့ လိုအပ်သလို အသုံးပြုနိုင်တဲ့ ကစားသမားဖြစ်ပေမယ့်လည်း တခြားသော ထိပ်တန်း အစွန်ခံစစ်သမားတွေ လိုတော့ တိကျတဲ့ ဖြတ်တင်ဘောတွေနဲ့ အသင်းဖော်တွေ ဂိုးသွင်းနိုင်အောင် ဖန်တီးပေးတတ်တဲ့ အပိုင်းမှာ အနည်းငယ် အားနည်းသူဖြစ်ပါတယ်။