ညက ပင္နယ္တီလို အျဖစ္မ်ိဳး ဒီဂီယာလည္း ၾကံဳဖူးတယ္လို႔ ေစာဒက တက္ခဲ့တဲ့ ဆိုးရွား

ဒီရာသီ ပထမဆုံး အိမ္ကြင္းႏိုင္ပြဲအျဖစ္ ဝက္ဘ႐ြန္းကို အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ မန္ခ်က္စတာယူႏိုက္တက္အသင္းအတြက္ ဖာနန္ဒက္စ္က ပယ္နယ္တီကေန တစ္လုံးတည္းေသာအႏိုင္ဂိုးကို သြင္းယူေပးခဲ့ပါတယ္။ လက္ထိေဘာကေန ရရွိိခဲ့တဲ့ ပယ္နယ္တီကို ကန္သြင္းရာမွာ ပထမတစ္ႀကိမ္ ကန္သြင္းမႈ လြဲေခ်ာ္ခဲ့ေပမယ့္ ဖာနန္ဒက္စ္ ကန္မသြင္းခင္မွာ ဝက္ဘ႐ြန္းစ္ဂိုးသမားက ေရွ႕ထြက္ခဲ့တယ္လို႔ ကြင္းလယ္ဒိုင္က ယူဆခဲ့ပါတယ္။

ထို ပထမအၾကိမ္ ကန္သြင္းခ်က္ကို ဝက္ဘ႐ြန္းစ္ဂိုးသမား ဆမ္ ဂြၽန္စတုန္းက ကာကြယ္ႏိုင္ခဲ့ေပမယ့္ ထပ္မံ ကန္သြင္းခ်က္ကိုေတာ့ မကာကြယ္ႏိုင္ခဲ့ဘဲ ဂိုးေပးခဲ့ရပါတယ္။ ကြင္းလယ္ဒိုင္ ေဒးဗစ္ကူတီရဲ႕ ဆုံးျဖတ္ခ်က္နဲ႔ ပတ္သက္ၿပီး အျငင္းပြားမႈေတြကလည္းရွိလာခဲ့ကာ ဆိုးလ္ရွားကေတာ့ ဒီလို အျဖစ္မ်ိဳး ဒီဂီယာလည္း ၾကံဳဖူးေၾကာင္း သူတို႔အသင္း ဒီရာသီ အေစာပိုင္းမွာ ျဖစ္ပ်က္ခဲ့မႈနဲ႔ ႏႈိင္းယွဥ္ကာ ေျပာဆိုသြားခဲ့ပါတယ္။

“ဗီလာနဲ႔ ဘ႐ိုက္တန္ပြဲမွာ ပယ္နယ္တီ ရခဲ့တာကို ကြၽန္ေတာ္ၾကည့္ျဖစ္ခဲ့တယ္၊ ေဘာလုံးနဲ႔ ကစားသမားတို႔ ေသခ်ာေပါက္ထိေတြ႕ခဲ့ၿပီး ဒါ ပယ္နယ္တီ ေပးရမယ္ဆိုတာ ကြၽန္ေတာ့္ေခါင္းထဲေပၚလာခဲ့ပါတယ္၊ ကြၽန္ေတာ္တို႔ ကံေကာင္းတာေပါ့၊ ဘ႐ူႏိုက ေနာက္တစ္ႀကိမ္မွာလည္း သူပဲ ကန္သြင္းခ်င္ခဲ့ပါတယ္။

ဒီရာသီအေစာပိုင္းမွာ ဒီဂီယာလည္း ဒီလိုအျဖစ္အပ်က္မ်ိဳးနဲ႔ ရင္ဆိုင္ခဲ့ရၿပီး သူလည္း တစ္လက္မ ေလာက္ေလး စည္းျပင္ထြက္ခဲ့တာပါ။ ဂြၽန္စတုန္း အတြက္ေတာ့ ကံဆိုးတာပါပဲ၊ သူက တကယ္ ေိုးကာင္းမြန္တဲ့ ပြဲတစ္ပြဲကို ကစားႏိုင္ခဲ့ပါတယ္” လို႔ ဆိုးလ္ရွားက စကိုင္းစေပါ့မွာ ေျပာဆိုခဲ့ပါတယ္။

ဝက္ဘ႐ြန္းစ္ အသင္း နည္းျပ ဘီလစ္ကေတာ့ သူ႔ကစားသမားေတြရဲ႕ စြမ္းေဆာင္ရည္ကို ခ်ီက်ဴးေျပာဆိုခဲ့ေပမယ့္ ပယ္နယ္တီ အျဖစ္အပ်က္နဲ႔ပတ္သက္ၿပီး စိတ္ပ်က္မိတယ္ လို႔ ဖြင့္ဟ ေျပာဆိုခဲ့ပါတယ္။

Unicode

ဒီရာသီ ပထမဆုံး အိမ်ကွင်းနိုင်ပွဲအဖြစ် ဝက်ဘရွန်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ဖာနန်ဒက်စ်က ပယ်နယ်တီကနေ တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ လက်ထိဘောကနေ ရရှိခဲ့တဲ့ ပယ်နယ်တီကို ကန်သွင်းရာမှာ ပထမတစ်ကြိမ် ကန်သွင်းမှု လွဲချော်ခဲ့ပေမယ့် ဖာနန်ဒက်စ် ကန်မသွင်းခင်မှာ ဝက်ဘရွန်းစ်ဂိုးသမားက ရှေ့ထွက်ခဲ့တယ်လို့ ကွင်းလယ်ဒိုင်က ယူဆခဲ့ပါတယ်။

ထို ပထမအကြိမ် ကန်သွင်းချက်ကို ဝက်ဘရွန်းစ်ဂိုးသမား ဆမ် ဂျွန်စတုန်းက ကာကွယ်နိုင်ခဲ့ပေမယ့် ထပ်မံ ကန်သွင်းချက်ကိုတော့ မကာကွယ်နိုင်ခဲ့ဘဲ ဂိုးပေးခဲ့ရပါတယ်။ ကွင်းလယ်ဒိုင် ဒေးဗစ်ကူတီရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေကလည်းရှိလာခဲ့ကာ ဆိုးလ်ရှားကတော့ ဒီလို အဖြစ်မျိုး ဒီဂီယာလည်း ကြုံဖူးကြောင်း သူတို့အသင်း ဒီရာသီ အစောပိုင်းမှာ ဖြစ်ပျက်ခဲ့မှုနဲ့ နှိုင်းယှဉ်ကာ ပြောဆိုသွားခဲ့ပါတယ်။

“ဗီလာနဲ့ ဘရိုက်တန်ပွဲမှာ ပယ်နယ်တီ ရခဲ့တာကို ကျွန်တော်ကြည့်ဖြစ်ခဲ့တယ်၊ ဘောလုံးနဲ့ ကစားသမားတို့ သေချာပေါက်ထိတွေ့ခဲ့ပြီး ဒါ ပယ်နယ်တီ ပေးရမယ်ဆိုတာ ကျွန်တော့်ခေါင်းထဲပေါ်လာခဲ့ပါတယ်၊ ကျွန်တော်တို့ ကံကောင်းတာပေါ့၊ ဘရူနိုက နောက်တစ်ကြိမ်မှာလည်း သူပဲ ကန်သွင်းချင်ခဲ့ပါတယ်။

ဒီရာသီအစောပိုင်းမှာ ဒီဂီယာလည်း ဒီလိုအဖြစ်အပျက်မျိုးနဲ့ ရင်ဆိုင်ခဲ့ရပြီး သူလည်း တစ်လက်မ လောက်လေး စည်းပြင်ထွက်ခဲ့တာပါ။ ဂျွန်စတုန်း အတွက်တော့ ကံဆိုးတာပါပဲ၊ သူက တကယ် ေိုးကာင်းမွန်တဲ့ ပွဲတစ်ပွဲကို ကစားနိုင်ခဲ့ပါတယ်” လို့ ဆိုးလ်ရှားက စကိုင်းစပေါ့မှာ ပြောဆိုခဲ့ပါတယ်။

ဝက်ဘရွန်းစ် အသင်း နည်းပြ ဘီလစ်ကတော့ သူ့ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို ချီကျူးပြောဆိုခဲ့ပေမယ့် ပယ်နယ်တီ အဖြစ်အပျက်နဲ့ပတ်သက်ပြီး စိတ်ပျက်မိတယ် လို့ ဖွင့်ဟ ပြောဆိုခဲ့ပါတယ်။