အဓိက အသင္းသား နွစ္ဦး စိန္႔နဲ႕ပြဲက ဒဏ္ရာ အေျခအေနကို ဖြင့္ဟခဲ့တဲ့ ယူနိုက္တက္နည္းျပ ဆိုးရွား

မန်ချက်စတာ ယူနိုက်တက် နည်းပြ ဆိုးရှားဟာ ဆောက်သမ်တန်နဲ့ပွဲမှာ ဒဏ်ရာ ကိုယ်စီ ရရှိခဲ့တဲ့ ဂိုးသမား ဒီဂီယာနဲ့ ခံစစ်မှူး အဲလက်စ် တဲလက်စ်တို့ အခြေအနေက ရေရှည် နားရမယ့် ထိ မဆိုးဝါးဘူးလို့ ယုံကြည် မျှော်လင့်နေပါတယ်။

တနင်္ဂနွေညက အဝေးကွင်းမှာ သွားရောက် ကစားခဲ့ရတဲ့ ပရီးမီးယားလိဂ် ပွဲမှာ ယူနိုက်တက်က အစောပိုင်း ၂ ဂိုးပြတ် အရေးနိမ့်နေခဲ့ပေမယ့် ချေပဂိုးများ ပြန်သွင်းနိုင်ခဲ့ကာ နာကျင် အချိန်ပိုမှာ သွင်းခဲ့တဲ့ ကာဗာနီရဲ့ အနိုင်ဂိုးနဲ့ သုံးမှတ် ပြည့် ယူနိုင်ခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ ပွဲထွက် ဂိုးသမား ဒီဂီယာ တစ်ယောက် ဒဏ်ရာ ရခဲ့တာကြောင့် ဒုတိယပိုင်းမှာ အရန် ဂိုးသမား ဒင်း ဟန်ဒါဆန်နဲ့ လူစားလဲခဲ့ရပြီး ဘယ်စွန်ခံစစ်မှူး အဲလက်စ် တဲလက်စ်လည်း ထိသွားခဲ့တာကြောင့် ဘရန်ဒန်ဝီလီယံနဲ့ လူစားလဲခဲ့ရပါတယ်။ ယူနိုက်တက် နည်းပြ ဆိုးရှားကတော့ ထိုနှစ်ယောက်လုံး ဒဏ်ရာတွေ မဆိုးဝါးဖို့ မျှော်လင့်ထားပါတယ်။

“ ဒီဂီယာက ဒူးရဲ့အပေါ်ဘက်မှာ ဒဏ်ရာရရှိခဲ့တာပါ။ မနက်ဖြန်မှာ ဓာတ်မှန်ရိုက် စစ်ဆေးရမှာပါ။ လာမယ့် ဗုဒ္ဓဟူးနေ့တော့ အဆင်သင့်ဖြစ်မယ်လို့ ထင်ပါတယ်။ အခုအချိန်မှာတော့ ဘာမှ အတိအကျတော့ မပြောနိုင်သေးပါဘူး။ နောက်ပြီး တဲလက်စ် ဒဏ်ရာအခြေအနေကလည်း အသေးအမွှားလို့ ထင်ပါတယ်။ အရမ်းမဆိုးဖို့တော့ မျှော်လင့်ပါတယ်”လို့ ဆိုးလ်ရှားက ပြောကြားခဲ့ပါတယ်။

ဒီဂီယာ နေရာ အစားဝင်လာတဲ့ ဂိုးသမား ဒင်း ဟန်ဒါဆန်ကလည်း လက်စွမ်းပြ ကာကွယ်မှု အချို့ ပြုလုပ်နိုင်ခဲ့ပြီး ဆိုးရှားက အသိအမှတ်ပြု ချီးကျူးခဲ့ပါသေးတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ နည္းျပ ဆိုးရွားဟာ ေဆာက္သမ္တန္နဲ႔ပြဲမွာ ဒဏ္ရာ ကိုယ္စီ ရရွိခဲ့တဲ့ ဂိုးသမား ဒီဂီယာနဲ႕ ခံစစ္မွဴး အဲလက္စ္ တဲလက္စ္တို႔ အေျခအေနက ေရရွည္ နားရမယ့္ ထိ မဆိုး၀ါးဘူးလို႔ ယံုၾကည္ ေမွ်ာ္လင့္ေနပါတယ္။

တနဂၤေႏြညက အေ၀းကြင္းမွာ သြားေရာက္ ကစားခဲ့ရတဲ့ ပရီးမီးယားလိဂ္ ပြဲမွာ ယူနိုက္တက္က အေစာပိုင္း ၂ ဂိုးျပတ္ အေရးနိမ့္ေနခဲ့ေပမယ့္ ေခ်ပဂိုးမ်ား ျပန္သြင္းနုိင္ခဲ့ကာ နာက်င္ အခ်ိန္ပိုမွာ သြင္းခဲ့တဲ့ ကာဗာနီရဲ႕ အနုိင္ဂိုးနဲ႕ သံုးမွတ္ ျပည့္ ယူနိုင္ခဲ့ပါတယ္။

ယူနိုက္တက္ရဲ႕ ပြဲထြက္ ဂိုးသမား ဒီဂီယာ တစ္ေယာက္ ဒဏ္ရာ ရခဲ့တာေၾကာင့္ ဒုတိယပိုင္းမွာ အရန္ ဂိုးသမား ဒင္း ဟန္ဒါဆန္နဲ႕ လူစားလဲခဲ့ရျပီး ဘယ္စြန္ခံစစ္မွဴး အဲလက္စ္ တဲလက္စ္လည္း ထိသြားခဲ့တာေၾကာင့္ ဘရန္ဒန္ဝီလီယံနဲ႔ လူစားလဲခဲ့ရပါတယ္။ ယူနိုက္တက္ နည္းျပ ဆိုးရွားကေတာ့ ထိုနွစ္ေယာက္လံုး ဒဏ္ရာေတြ မဆိုး၀ါးဖို႔ ေမွ်ာ္လင့္ထားပါတယ္။

“ ဒီဂီယာက ဒူးရဲ႕အေပၚဘက္မွာ ဒဏ္ရာရရွိခဲ့တာပါ။ မနက္ျဖန္မွာ ဓာတ္မွန္႐ိုက္ စစ္ေဆးရမွာပါ။ လာမယ့္ ဗုဒၶဟူးေန႔ေတာ့ အဆင္သင့္ျဖစ္မယ္လို႔ ထင္ပါတယ္။ အခုအခ်ိန္မွာေတာ့ ဘာမွ အတိအက်ေတာ့ မေျပာႏိုင္ေသးပါဘူး။ ေနာက္ျပီး တဲလက္စ္ ဒဏ္ရာအေျခအေနကလည္း အေသးအမႊားလို႔ ထင္ပါတယ္။ အရမ္းမဆိုးဖို႔ေတာ့ ေမွ်ာ္လင့္ပါတယ္”လို႔ ဆိုးလ္ရွားက ေျပာၾကားခဲ့ပါတယ္။

ဒီဂီယာ ေနရာ အစား၀င္လာတဲ့ ဂိုးသမား ဒင္း ဟန္ဒါဆန္ကလည္း လက္စြမ္းျပ ကာကြယ္မႈ အခ်ိဳ႕ ျပဳလုပ္နုိင္ခဲ့ျပီး ဆိုးရွားက အသိအမွတ္ျပဳ ခ်ီးက်ဴးခဲ့ပါေသးတယ္။