အာဆင္နယ္ လူစာရင္းမွာလည္း မပါ၊ အငွားထြက္ခြင့္ ရဖို႔လည္း မေသခ်ာေသးတဲ့ ဆာလီဘာ
အာဆင္နယ္အသင္းနည္းျပ အာတီတာက လူငယ္ေနာက္ခံလူ ဝီလံ်ဆာလီဘာကို လာမယ့္ ဇန္နဝါရီမွာ အငွားခ်ဖို႔မဆုံးျဖတ္ရေသးေၾကာင္း ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။
အသက္ ၁၉ ႏွစ္သားဟာ ၂၀၁၈ ခုႏွစ္က စိန႔္အက္တီယန္ကေန ေပါင္ ၂၇ သန္းနဲ႔ ေရာက္လာၿပီးေနာက္ အာဆင္နယ္ အတြက္ စီနီယာ ကစားသမားတစ္ပြဲမွ မကစားရေသးတာျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ရာသီက စိန႔္အက္တီယန္မွာ ေျခစြမ္းေကာင္းေတြျပသႏိုင္ခဲ့တာေၾကာင့္ ဒီရာသီအာဆင္နယ္ရဲ႕အဓိက ကစားသမားျဖစ္လာမယ္လု႔ိ ထင္ေၾကးေပးခံခဲ့ရေပမယ့္ ထင္ထားသလိုျဖစ္မလာခဲ့တာျဖစ္ပါတယ္။ ဆာလီဘာဟာ ကြင္းျပင္ပမွာလည္း အဂၤလန္ကိုေျပာင္းေ႐ႊ႕လာၿပီးေနာက္ သူ႔ရဲ႕မိခင္နဲ႔ျပႆာအခ်ိဳ႕ ရွိေနခဲ့တာျဖစ္ပါတယ္။ ျပင္သစ္သားဟာ အာဆင္နယ္ အသင္းရဲ႕ယူ႐ိုပါလိဂ္လူစာရင္းမွာ မပါဝင္ခဲ့သလို ပရီးမီးယားလိဂ္မွာလည္း တစ္မိနစ္မွ ပါဝင္ကစားခြင့္မရေသးတာျဖစ္ပါတယ္။
အာဆင္နယ္ယူ – ၂၃ အသင္းမွာေတာ့ ဆာလီဘာဟာ ပြဲစဥ္အခ်ိဳ႕ကိုပါဝင္ကစားခြင့္ရရွိထားၿပီး ဇန္နဝါရီမွာ အငွားနဲ႔ထြက္ခြာဖြယ္ရွိေနကာ စိန႔္အက္တီယန္က ျပန္လည္ေခၚယူဖို႔ စိတ္ဝင္စားေနပါတယ္။ ဒန္ေဒါ့ခ္အသင္းနဲ႔ ယူ႐ိုပါလိဂ္ ပြဲမတိုင္ခင္ အာတီတာက ဆာလီဘာနဲ႔ပတ္သက္ၿပီး လက္ရွိအခ်ိန္အထိ အဆုံးသတ္ဆုံးျဖတ္ခ်က္ မခ်ရေသးေၾကာင္းဆိုခဲ့ပါတယ္။
“တစ္ခုခုအတြက္ ကြၽန္ေတာ္တို႔ေဆြးေႏြးေနတုန္းပါ။ အေကာင္းဆုံး အေျဖတစ္ခုရဖို႔ ဆုံးျဖတ္ခ်က္မၾကာခင္မွာ ခ်မွတ္သြားမွာပါ”လို႔ အာတီတာက ေျပာၾကားခဲ့ပါတယ္။ ဆာလီဘာဟာ ၿပီးခဲ့တဲ့အဂၤါညတုန္းက အာဆင္နယ္ယူ – ၂၁ အသင္းအတြက္ ကစားေပးရင္း အထုတ္ခံခဲ့ရပါတယ္။
အာဆင္နယ္ပရိသတ္အခ်ိဳ႕ကေတာ့ ဆာလီဘာရဲ႕အေျခအေနနဲ႔ ပတ္သက္ၿပီး အာတီတာရဲ႕ဆုံးျဖတ္ခ်က္ကို စိတ္ပ်က္ေနၾကပါတယ္။
Unicode
အာဆင်နယ်အသင်းနည်းပြ အာတီတာက လူငယ်နောက်ခံလူ ဝီလံျဆာလီဘာကို လာမယ့် ဇန်နဝါရီမှာ အငှားချဖို့မဆုံးဖြတ်ရသေးကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
အသက် ၁၉ နှစ်သားဟာ ၂၀၁၈ ခုနှစ်က စိန့်အက်တီယန်ကနေ ပေါင် ၂၇ သန်းနဲ့ ရောက်လာပြီးနောက် အာဆင်နယ် အတွက် စီနီယာ ကစားသမားတစ်ပွဲမှ မကစားရသေးတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီက စိန့်အက်တီယန်မှာ ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့တာကြောင့် ဒီရာသီအာဆင်နယ်ရဲ့အဓိက ကစားသမားဖြစ်လာမယ်လု့ိ ထင်ကြေးပေးခံခဲ့ရပေမယ့် ထင်ထားသလိုဖြစ်မလာခဲ့တာဖြစ်ပါတယ်။ ဆာလီဘာဟာ ကွင်းပြင်ပမှာလည်း အင်္ဂလန်ကိုပြောင်းရွှေ့လာပြီးနောက် သူ့ရဲ့မိခင်နဲ့ပြဿာအချို့ ရှိနေခဲ့တာဖြစ်ပါတယ်။ ပြင်သစ်သားဟာ အာဆင်နယ် အသင်းရဲ့ယူရိုပါလိဂ်လူစာရင်းမှာ မပါဝင်ခဲ့သလို ပရီးမီးယားလိဂ်မှာလည်း တစ်မိနစ်မှ ပါဝင်ကစားခွင့်မရသေးတာဖြစ်ပါတယ်။
အာဆင်နယ်ယူ – ၂၃ အသင်းမှာတော့ ဆာလီဘာဟာ ပွဲစဉ်အချို့ကိုပါဝင်ကစားခွင့်ရရှိထားပြီး ဇန်နဝါရီမှာ အငှားနဲ့ထွက်ခွာဖွယ်ရှိနေကာ စိန့်အက်တီယန်က ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဒန်ဒေါ့ခ်အသင်းနဲ့ ယူရိုပါလိဂ် ပွဲမတိုင်ခင် အာတီတာက ဆာလီဘာနဲ့ပတ်သက်ပြီး လက်ရှိအချိန်အထိ အဆုံးသတ်ဆုံးဖြတ်ချက် မချရသေးကြောင်းဆိုခဲ့ပါတယ်။
“တစ်ခုခုအတွက် ကျွန်တော်တို့ဆွေးနွေးနေတုန်းပါ။ အကောင်းဆုံး အဖြေတစ်ခုရဖို့ ဆုံးဖြတ်ချက်မကြာခင်မှာ ချမှတ်သွားမှာပါ”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။ ဆာလီဘာဟာ ပြီးခဲ့တဲ့အင်္ဂါညတုန်းက အာဆင်နယ်ယူ – ၂၁ အသင်းအတွက် ကစားပေးရင်း အထုတ်ခံခဲ့ရပါတယ်။
အာဆင်နယ်ပရိသတ်အချို့ကတော့ ဆာလီဘာရဲ့အခြေအနေနဲ့ ပတ်သက်ပြီး အာတီတာရဲ့ဆုံးဖြတ်ချက်ကို စိတ်ပျက်နေကြပါတယ်။