ေသခ်ာမသိတဲ့ ကိစၥေတြ မသိရင္ ၀င္မေျပာၾကနဲ႕လို႔ စြာလိုက္တဲ့ ယူနုိက္တက္ ကြင္းလယ္ ေပါ့ဘာ

မန္ခ်က္စတာ ယူႏိုက္တက္ ကြင္းလယ္လူ ေပါ့ဘာဟာ စေနညက ႐ုပ္သံကေန သူ႔ကို ယူႏိုက္တက္အသင္း ေရာင္းခ်ဖို႔ ဖိအားေပးခဲ့တဲ့ အသင္း ဂႏၱ၀င္ ဂယ္ရီနဗီးလ္နဲ႔ ႐ြိဳင္ကိန္းတို႔ကို ျပန္လည္ တုံ႔ျပန္ပုံရတဲ့ ပို႔စ္တစ္ခု အင္စတာဂရမ္မွာ တင္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့အပတ္က ေပါ့ဘာရဲ႕ေအးဂ်င့္ျဖစ္သူ ႐ိုင္အိုလာက ျပင္သစ္သားအေနနဲ႔ အသင္းကေန ထြက္ခြာခ်င္ေနတယ္လို႔ ဖြင့္ဟခဲ့ၿပီးေနာက္ ယူႏိုက္တက္ အသင္းေခါင္းေဆာင္ေတြက အသင္းအေနနဲ႔ ေပါ့ဘာကို ေရာင္းခ်သင့္ေနၿပီလု႔ိ တိုက္တြန္းခဲ့တာျဖစ္ပါတယ္။ ျပင္သစ္သားကို အျခား ေ၀ဖန္မႈေတြလည္း အမ်ားအျပား ရွိခဲ့ပါတယ္။

ဒါေပမယ့္ ေပ့ါဘာက ေ၀ဖန္သူေတြကို မသိရင္ ေလွ်ာက္မေျပာၾကဖို႔ အင္စတာဂရမ္ကေန သူ႔ရဲ႕အျမင္ကို ပို႔စ္အျဖစ္ ေရးသားခဲ့ပါတယ္။

” ကြၽန္ေတာ္ဟာ ယူႏိုက္တက္အတြက္၊ အသင္းေဖာ္ေတြအတြက္၊ ပရိသတ္ေတြအတြက္ အၿမဲတမ္းတိုက္ပြဲဝင္ခဲ့သလို ဒီပုံစံအတိုင္း အၿမဲတမ္းလည္း ဆက္ရွိသြားမွာပါ။ ဘလာ ဘလာေတြက ဘာမွအေရးမႀကီးပါဘူး။ အနာဂတ္ဆိုတာ အေဝးႀကီးပါ။ ဒီေန႔ကပဲ အေရးပါတာပါ။

ကြၽန္ေတာ့္အေနနဲ႔ အားလုံးနဲ႔ အတူတူ လက္တြဲပါဝင္ေနၿပီး အသင္းနဲ႔ ကြၽန္ေတာ့္ၾကားမွာလည္း အားလုံးက ရွင္းလင္းေနပါတယ္။ ဒါကလည္း ဘယ္ေတာ့မွ ေျပာင္းလဲမွာမဟုတ္ပါဘူး။ အတြင္းဘက္မွာ ဘာေတြျဖစ္ေနမွန္းမသိရင္ ဘာမွေလွ်ာက္မေျပာပါနဲ႔ ” လို႔ ေပါ့ဘာက ေရးသားခဲ့ပါတယ္။

ဒီလိုေျပာဆိုခဲ့ေပမယ့္ ေပါ့ဘာရဲ႕အနာဂတ္ကေတာ့ မေသမခ်ာျဖစ္ေနဆဲျဖစ္ၿပီး ဇန္နဝါရီျဖစ္ျဖစ္ ေႏြရာသီျဖစ္ျဖစ္ အသင္းေျပာင္းေ႐ႊ႕ဖြယ္ ရွိေနတယ္ လို႔ သတင္းေတြ ထြက္ေပၚေနဆဲ ျဖစ္ပါတယ္။

Unicode

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ပေါ့ဘာဟာ စနေညက ရုပ်သံကနေ သူ့ကို ယူနိုက်တက်အသင်း ရောင်းချဖို့ ဖိအားပေးခဲ့တဲ့ အသင်း ဂန္တဝင် ဂယ်ရီနဗီးလ်နဲ့ ရွိုင်ကိန်းတို့ကို ပြန်လည် တုံ့ပြန်ပုံရတဲ့ ပို့စ်တစ်ခု အင်စတာဂရမ်မှာ တင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်က ပေါ့ဘာရဲ့အေးဂျင့်ဖြစ်သူ ရိုင်အိုလာက ပြင်သစ်သားအနေနဲ့ အသင်းကနေ ထွက်ခွာချင်နေတယ်လို့ ဖွင့်ဟခဲ့ပြီးနောက် ယူနိုက်တက် အသင်းခေါင်းဆောင်တွေက အသင်းအနေနဲ့ ပေါ့ဘာကို ရောင်းချသင့်နေပြီလု့ိ တိုက်တွန်းခဲ့တာဖြစ်ပါတယ်။ ပြင်သစ်သားကို အခြား ဝေဖန်မှုတွေလည်း အများအပြား ရှိခဲ့ပါတယ်။

ဒါပေမယ့် ပေ့ါဘာက ဝေဖန်သူတွေကို မသိရင် လျှောက်မပြောကြဖို့ အင်စတာဂရမ်ကနေ သူ့ရဲ့အမြင်ကို ပို့စ်အဖြစ် ရေးသားခဲ့ပါတယ်။

” ကျွန်တော်ဟာ ယူနိုက်တက်အတွက်၊ အသင်းဖော်တွေအတွက်၊ ပရိသတ်တွေအတွက် အမြဲတမ်းတိုက်ပွဲဝင်ခဲ့သလို ဒီပုံစံအတိုင်း အမြဲတမ်းလည်း ဆက်ရှိသွားမှာပါ။ ဘလာ ဘလာတွေက ဘာမှအရေးမကြီးပါဘူး။ အနာဂတ်ဆိုတာ အဝေးကြီးပါ။ ဒီနေ့ကပဲ အရေးပါတာပါ။

ကျွန်တော့်အနေနဲ့ အားလုံးနဲ့ အတူတူ လက်တွဲပါဝင်နေပြီး အသင်းနဲ့ ကျွန်တော့်ကြားမှာလည်း အားလုံးက ရှင်းလင်းနေပါတယ်။ ဒါကလည်း ဘယ်တော့မှ ပြောင်းလဲမှာမဟုတ်ပါဘူး။ အတွင်းဘက်မှာ ဘာတွေဖြစ်နေမှန်းမသိရင် ဘာမှလျှောက်မပြောပါနဲ့ ” လို့ ပေါ့ဘာက ရေးသားခဲ့ပါတယ်။

ဒီလိုပြောဆိုခဲ့ပေမယ့် ပေါ့ဘာရဲ့အနာဂတ်ကတော့ မသေမချာဖြစ်နေဆဲဖြစ်ပြီး ဇန်နဝါရီဖြစ်ဖြစ် နွေရာသီဖြစ်ဖြစ် အသင်းပြောင်းရွှေ့ဖွယ် ရှိနေတယ် လို့ သတင်းတွေ ထွက်ပေါ်နေဆဲ ဖြစ်ပါတယ်။