အပ်ကြောင်းထပ်နေတဲ့ စကားလုံးနဲ့ အာဆင်နယ် ပရိသတ်တွေထံ ထပ်မံ တောင်းဆိုလိုက်တဲ့ အီဒူး
အာဆင်နယ်ရဲ့ နည်းစနစ် ဒါရိုက်တာ အီဒူးကတော့ ၎င်းရဲ့ လတ်တလော အင်တာဗျူးမှာ အသင်းနည်းပြ အာတီတာကို ဘုတ်အဖွဲ့က ထောက်ခံ အားပေးကြောင်း အသိပေးခဲ့ပြီး ထပ်ခါတလဲလဲ ပြောနေရပေမယ့် အာဆင်နယ် ပရိသတ်တွေ စိတ်ရှည်ပေးကြဖို့ ထပ်မံ ပန်ကြားမှု ပြုလုပ်သွားပြန်ပါတယ်။
ပြီးခဲ့တဲ့ ရာသီနောက်ပိုင်း အာဆင်နယ် ဘာတွေ မှားသွားခဲ့သလဲ ဆိုတဲ့ အမေးကို အီဒူးက – ” ပြီးခဲ့တဲ့ရာသီ က ကျွန်တော်တို့အဆုံးသတ်တဲ့ အနေအထားနဲ့ယခုနှစ် ရာသီစတင်တဲ့ အနေအထားကို ကြည့်မယ်ဆိုရင် ကျွန်တော်တို့လက်ရှိ ရှိနေတဲ့ နေရာက အရမ်းကို ထူးဆန်းပါတယ်။ ကြီးကြီးမားမား ပြောင်းလဲတာ မရှိနေပါဘူး။
ဒီမှာ မိုက်ကယ်ရောက်ကတည်းက ကျွန်တော်တို့အလုပ်လုပ်တာက အတူတူပါပဲ ဒါပေမဲ့ လူတွေက ရလဒ်နဲ့ပက်သက်ပြီး ဝေဖန်နေကြတယ်။ မိုက်ကယ် အကောင်းဆုံး လုပ်နေပါတယ် သူဒီမှာ သေချာကို အလုပ်လုပ်နေတယ်။ ကစားသမားတွေနဲ့ နည်းပြတွေက သူအပေါ် ယုံကြည်သလို အားလုံးလည်း နေ့စဉ် ကိစ္စတွေမှာ အပေါင်းလက္ခဏာ ဆောင်ဖို့ကြိုးစားကြပါတယ်။ ” လို့ ဆိုခဲ့ပါတယ်။
ဒါ့အပြင် အီဒူးက အသင်းဟာ ထူးထူးခြားခြား ပြောင်းလဲသွားတာ မရှိပေမယ့် ယိမ်းယိုင်လာတဲ့ အနေအထားကို အာတီတာ ကြည့်ရှု တည့်မတ် နေကြောင်းနဲ့ ပရိသတ်တွေကို စိတ်ရှည်စွာ စောင့်ပေးဖို့ တောင်းဆိုသွားခဲ့ပါတယ်။
” ဒါကြောင့် အမှန်တကယ်ပြောင်းလဲသွားတာ မရှိပါဘူး။ အက်စတွန်ဗီလာပွဲနောက်ပိုင်း ကျွန်တော်တို့ပုံစံကောင်းရလာပါတယ် တစ်ခါမှ အဲဒီလို မကစားနိုင်ပါဘူး ဒါပေမဲ့ နောက်ဆုံး ၂ပွဲ ၃ပွဲကို ကြည့်ရင် ကျဉ်းမြောင်းတဲ့ ရလဒ်နဲ့ရှုံးနိမ့်ခဲ့ပါတယ်။
အာဆင်နယ်အတွက် စိတ်ရှည်ဖို့တောင်းဆိုတာက ထူးဆန်းနေမယ်ဆိုတာ သိပါတယ်။ ဘာလို့လဲဆိုတော့ အားလုံးကလည်း အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့တယ်ဆိုတာ ပြောကြပါတယ်။ ဒါပေမဲ့ ဒီကနေ့မှာ ကျွန်တော်ပြောချင်တာက အသင်းအတွင်းပိုင်းမှာ အရာအားလုံး အဆင်ပြေတယ်ဆိုတာပါ ဒါပေမဲ့ ရလဒ်တွေက မကောင်းလာသေးပါဘူး ဒါကို မကြာခင်မှာ ကျွန်တော်တို့ပြောင်းလဲနိုင်မယ်လို့ထင်ပါတယ်။ ” လု့ိ ၎င်းက ပြောဆိုခဲ့ပါတယ်။
Zawgyi – အာဆင်နယ်ရဲ့ နည်းစနစ် ဒါရိုက်တာ အီဒူးကတော့ ၄င်းရဲ့ လတ်တလော အင်တာဗျူးမှာ အသင်းနည်းပြ အာတီတာကို ဘုတ်အဖွဲ့က ထောက်ခံ အားပေးကြောင်း အသိပေးခဲ့ပြီး ထပ်ခါတလဲလဲ ပြောနေရပေမယ့် အာဆင်နယ် ပရိသတ်တွေ စိတ်ရှည်ပေးကြဖို့ ထပ်မံ ပန်ကြားမှု ပြုလုပ်သွားပြန်ပါတယ်။