ဒီည အဲဗာတန် Vs အာဆင်နယ် ပွဲအတွက် ဘီဘီစီမှ လော်ရိုးရဲ့ သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်
အာဆင်နယ်အသင်းဟာ ဒီနေ့ စနေနေ့ညမှာပဲ အဲဗာတန်အသင်းကို ပရီးမီးယားလိဂ် ပွဲ အဖြစ် ဂွတ်ဒီဆင်ပါ့ခ်မှာ အဝေးကွင်း သွားရောက်ရင်ဆိုင် ကစားရတော့မှာ ဖြစ်ပါတယ်။ ပွဲချိန်ကတော့ ဒီဇင်ဘာ ၁၉၊ စနေနေ့ည၊ ည ၁၂း၀၀ နာရီမှာပါ။
ဒီပွဲစဉ်အတွက် ဘီဘီစီသတင်းဌာနမှ ပင်တိုင် သုံးသပ်သူ လော်ရိုးက အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
လော်ရိုး က – ” ကျနော့် အမြင်တော့ အာဆင်နယ်အသင်းရဲ့ ပထမဆုံး ထားသင့်တဲ့ ရည်မှန်းချက်က ပွဲကို ၁၁ ယောက်နဲ့ ကစားဖို့ပဲ။ ဘန်လေနဲ့ ပွဲမှာ ဇာခါ ထုတ်ခံခဲ့ရပြီး ဆောက်သမ်တန်နဲ့ ပွဲမှာက ဂါဘရီရယ် ထုတ်ပယ်ခံခဲ့ရတယ်။ ကျနော်ဖြင့် အာဆင်နယ် နည်းပြ အာတီတာ အတွက် စိတ်မကောင်း ဖြစ်မိတယ်။
သူ့အနေနဲ့ အသင်းသားတွေကို တစ်နေ့လုံး နည်းစနစ်တွေ အကြောင်း ပွဲ အစီအမံတွေ အကြောင်း ပြောပြနိုင်တယ် ဒါပေမယ့် ကစားသမားတွေက ပွဲထဲမှာ သူတို့ အဝါကတ် ပြခံရရင်တို့ ဂါဘရီရယ် ဒုတိယ အဝါ ပြသခံရတာမျိုးတို့ ဆို ဘယ်လို ကိုင်တွယ်ရမယ်ဆိုတာ မသိကြဘူး။ ဒါတွေထိတော့ အာတီတာလည်း ဝင် မကူညီနိုင်ပါဘူး။
အာတီတာ အနေနဲ့ ခက်ခဲတဲ့ အနေအထား ရင်ဆိုင်နေရတဲ့ ကြားထဲကကို သူ့ ကစားသမားတွေက သူ့ကို ပို အခက်တွေ့အောင် လုပ်နေကြသလို ဖြစ်နေပါတယ်။ ရယ်စရာကောင်းတာကတော့ ဒါတွေကြောင့်ပဲ ယုံကြည်မှုတွေ ကျဆင်းနေတဲ့ ကြားက ဂန်းနားတို့ ပြန် တုန့်ပြန်လာမယ်လို့ ကျနော် ထင်နေမိတယ်။
အဲဗာတန်က နှစ်ပွဲ ဆက် အနိုင်ရထားပြီး ပုံစံကောင်း ပြန်ရနေပါတယ်။ ဒါပေမယ့် ဒဏ်ရာကြောင့် ကွင်းလယ်မှာ အလန် မပါနိုင်တာက သူတို့ အတွက် ထိုးနှက်မှုကြီး ရှိနေပါတယ်။ အာဆင်နယ်ကိုတော့ သူတို့ အခက်တွေ့အောင် လုပ်နိုင်ဦးမှာပါ။ ဒီပွဲမှာလည်း ပြီးခဲ့တဲ့ ချယ်ဆီးကို နိုင်ခဲ့တုန်းက ပွဲလို သူတို့ ချဉ်းကပ်ပါလိမ့်မယ်။ ဒါကို အာဆင်နယ် ဘယ်လောက် ခံနိုင်မလဲ ကျနော်တို့ ကြည့်ရမှာပါ။ ဒီအချိန်က သူတို့ ဘယ်လောက် အရည်အသွေးရှိလဲ ပြရမယ့် အချိန်ပါပဲ။ ” လို့ သုံးသပ် ပြောဆိုထားပါတယ်။
လော်ရိုး ခန့်မှန်းရလဒ် ကတော့ အဲဗာတန် 1-1 အာဆင်နယ် ဖြစ်ပါတယ်။
Zawgyi – အာဆင္နယ္အသင္းဟာ ဒီေန႔ စေနေန႔ညမွာပဲ အဲဗာတန္အသင္းကို ပရီးမီးယားလိဂ္ ပြဲ အျဖစ္ ဂြတ္ဒီဆင္ပါ့ခ္မွာ အေ၀းကြင္း သြားေရာက္ရင္ဆိုင္ ကစားရေတာ့မွာ ျဖစ္ပါတယ္။ ပြဲခ်ိန္ကေတာ့ ဒီဇင္ဘာ ၁၉၊ စေနေန႔ည၊ ည ၁၂း၀၀ နာရီမွာပါ။
ဒီပြဲစဥ္အတြက္ ဘီဘီစီသတင္းဌာနမွ ပင္တုိင္ သံုးသပ္သူ ေလာ္ရိုးက အခုလို သံုးသပ္ ခန္႔မွန္းထားပါတယ္။
ေလာ္ရိုး က – ” က်ေနာ့္ အျမင္ေတာ့ အာဆင္နယ္အသင္းရဲ႕ ပထမဆံုး ထားသင့္တဲ့ ရည္မွန္းခ်က္က ပြဲကို ၁၁ ေယာက္နဲ႕ ကစားဖို႔ပဲ။ ဘန္ေလနဲ႕ ပြဲမွာ ဇာခါ ထုတ္ခံခဲ့ရျပီး ေဆာက္သမ္တန္နဲ႕ ပြဲမွာက ဂါဘရီရယ္ ထုတ္ပယ္ခံခဲ့ရတယ္။ က်ေနာ္ျဖင့္ အာဆင္နယ္ နည္းျပ အာတီတာ အတြက္ စိတ္မေကာင္း ျဖစ္မိတယ္။
သူ႔အေနနဲ႕ အသင္းသားေတြကို တစ္ေန႔လံုး နည္းစနစ္ေတြ အေၾကာင္း ပြဲ အစီအမံေတြ အေၾကာင္း ေျပာျပနုိင္တယ္ ဒါေပမယ့္ ကစားသမားေတြက ပြဲထဲမွာ သူတို႔ အ၀ါကတ္ ျပခံရရင္တို႔ ဂါဘရီရယ္ ဒုတိယ အ၀ါ ျပသခံရတာမ်ိဳးတို႔ ဆို ဘယ္လို ကိုင္တြယ္ရမယ္ဆိုတာ မသိၾကဘူး။ ဒါေတြထိေတာ့ အာတီတာလည္း ၀င္ မကူညီနုိင္ပါဘူး။
အာတီတာ အေနနဲ႕ ခက္ခဲတဲ့ အေနအထား ရင္ဆိုင္ေနရတဲ့ ၾကားထဲကကို သူ႔ ကစားသမားေတြက သူ႔ကို ပို အခက္ေတြ႔ေအာင္ လုပ္ေနၾကသလို ျဖစ္ေနပါတယ္။ ရယ္စရာေကာင္းတာကေတာ့ ဒါေတြေၾကာင့္ပဲ ယံုၾကည္မႈေတြ က်ဆင္းေနတဲ့ ၾကားက ဂန္းနားတို႔ ျပန္ တုန္႔ျပန္လာမယ္လို႔ က်ေနာ္ ထင္ေနမိတယ္။
အဲဗာတန္က နွစ္ပြဲ ဆက္ အနိုင္ရထားျပီး ပံုစံေကာင္း ျပန္ရေနပါတယ္။ ဒါေပမယ့္ ဒဏ္ရာေၾကာင့္ ကြင္းလယ္မွာ အလန္ မပါနုိင္တာက သူတို႔ အတြက္ ထိုးနွက္မႈၾကီး ရွိေနပါတယ္။ အာဆင္နယ္ကိုေတာ့ သူတို႔ အခက္ေတြ႔ေအာင္ လုပ္နုိင္ဦးမွာပါ။ ဒီပြဲမွာလည္း ျပီးခဲ့တဲ့ ခ်ယ္ဆီးကို နုိင္ခဲ့တုန္းက ပြဲလို သူတို႔ ခ်ဥ္းကပ္ပါလိမ့္မယ္။ ဒါကို အာဆင္နယ္ ဘယ္ေလာက္ ခံနုိင္မလဲ က်ေနာ္တို႔ ၾကည့္ရမွာပါ။ ဒီအခ်ိန္က သူတို႔ ဘယ္ေလာက္ အရည္အေသြးရွိလဲ ျပရမယ့္ အခ်ိန္ပါပဲ။ ” လို႔ သံုးသပ္ ေျပာဆိုထားပါတယ္။
ေလာ္ရိုး ခန္႔မွန္းရလဒ္ ကေတာ့ အဲဗာတန္ 1-1 အာဆင္နယ္ ျဖစ္ပါတယ္။