လိဒ်ကို ဂိုးပြတ်နိုင်တဲ့ပွဲက ယူနိုက်တက်ရဲ့ စိတ်ဓာတ်ပိုင်းကို တော်မီနေး ဂုဏ်ယူကျေနပ်နေ
ဒီတစ်ပတ် ပရီးမီးယားလိဂ်မှာ လိစ်ဒ်ကို ၆-၂ဂိုးဖြင့် အနိုင်ရတဲ့ ပွဲ က မန်ချက်စတာယူနိုက်တက်ရဲ့ စိတ်ဓာတ်ပိုင်းကို ကွင်းလယ်လူ မက် တော်မီနေးက ချီးကျူးခဲ့ပြီး ဂုဏ်ယူကျေနပ်ပါတယ်။ ထိုပွဲမှာ တော်မီနေးဟာ ၃မိနစ်အတွင်း ၂ဂိုးသွင်းယူကာ အံ့အားသင့်ဖွယ် ခြေစွမ်း ထုတ်ပြခဲ့ပါတယ်။
ပွဲအပြီး အင်တာဗျူးမှာ တော်မီနေးက “ကျွန်တော်တို့ကစားရတဲ့ အနေအထားမှာ မူတည်ပါတယ် မြင့်မားတဲ့ စွမ်းရည် မြင့်မားတဲ့ ပွဲအတင်အချ လုပ်တာတွေနဲ့ကစားခဲ့ရတယ်။ ဒီကနေ့မှာ ကျွန်တော်တို့ကောင်းစွာ ကစားခဲ့တယ်။ လိဒ်စ်က အံ့သြစရာကောင်းတဲ့ အသင်းဖြစ်ပြီး နည်းပြကောင်းရှိတယ် ဆိုတာ အားလုံးသိကြမယ် ထင်ပါတယ်။ သူတို့ကို ကျွန်တော်တို့အသေအချာ လေ့လာခဲ့တာကြောင့် အကျိုးပြန်ရပါတယ်။
ကွင်းထဲမှာ ကိုယ်အလုပ်ကိုယ် လုပ်ပြရုံံပါပဲ ဝန်ထုပ်ဝန်ပိုးအများကြီး သယ်ဆောင်သွားချင်မှာ မဟုတ်ပါဘူး ပွဲစဉ်အားလုံးတိုင်းက ဖလားဗိုလ်လုပွဲတွေလိုပါပဲ။ ယမန်နှစ်ရာသီက ကျွန်တော်တို့စိတ်ထဲ မှန်ကန်တဲ့ အခြေအနေနဲ့ ပွဲချဉ်းကပ်မှု မရှိခဲ့ပါဘူး ဒါပေမဲ့ ဒီတစ်ကြိမ်မှာ ကျွန်တော်တို့လုပ်နိုင်ခဲ့တယ် အိမ်ကွင်းမှာ ကျွန်တော်တို့ဂိုးတွေ ရလာတယ် ဒါက အရေးကြီးပါတယ်”ဟု ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ၎င်းက – “အခုဆို ယူနိုက်တက်က တတိယနေရာမှာ ရှိနေပြီး အမှတ်ပေးဇယား ဦးဆောင်သူ လီဗာပူးနဲ့ဆို တစ်ပွဲလျော့ ကစားပြီး ၅မှတ် အကွာမှာ ရှိနေပါတယ်။ ယုံကြည်မှုက မြင့်တက်လာပါတယ် အားလုံးက စွမ်းအင်တွေ ပိုရနေပါတယ် ကျွန်တော်တို့ဒီနေ့ပြသွားတဲ့ အားကစားစိတ်ဓာတ်က ပြိုင်ဘက်ကင်းခဲ့ပါတယ်။ ကျွန်တော်တို့အမှတ်ပေးဇယားကို မကြည့်ပါဘူး ကြည့်ဖို့အချိန်လည်း မရှိပါဘူး ကျွန်တော်တို့ပွဲစဉ်တိုင်းကို တစ်ပွဲချင်းဘဲ ကစားရမှာပါ”ဟု ပြောကြားခဲ့ပါတယ်။
ယူနိုက်တက်ဟာ ဒီရာသီ အိုးထရက်ဖို့ဒ်မှာ ရလဒ်တွေ မကောင်းဖြစ်ပေမယ့် လိဒ်စ်ပွဲကနေ ယုံကြည်မှုတွေ ပိုရလာကာ လာမယ့် အိမ်ကွင်းပွဲတွေမှာ အခြေအေနကောင်းဖို့ မျှော်လင့်ရဖွယ် ရှိပါတယ်။
Zawgyi – ဒီတစ္ပတ္ ပရီးမီးယားလိဂ္မွာ လိစ္ဒ္ကို ၆-၂ဂိုးျဖင့္ အႏိုင္ရတဲ့ ပြဲ က မန္ခ်က္စတာယူႏိုက္တက္ရဲ႕ စိတ္ဓာတ္ပိုင္းကို ကြင္းလယ္လူ မက္ ေတာ္မီေနးက ခ်ီးက်ဴးခဲ့ၿပီး ဂုဏ္ယူေက်နပ္ပါတယ္။ ထိုပြဲမွာ ေတာ္မီေနးဟာ ၃မိနစ္အတြင္း ၂ဂိုးသြင္းယူကာ အံ့အားသင့္ဖြယ္ ေျခစြမ္း ထုတ္ျပခဲ့ပါတယ္။
ပြဲအျပီး အင္တာဗ်ဴးမွာ ေတာ္မီေနးက “ကြၽန္ေတာ္တို႔ကစားရတဲ့ အေနအထားမွာ မူတည္ပါတယ္ ျမင့္မားတဲ့ စြမ္းရည္ ျမင့္မားတဲ့ ပြဲအတင္အခ် လုပ္တာေတြနဲ႔ကစားခဲ့ရတယ္။ ဒီကေန႔မွာ ကြၽန္ေတာ္တို႔ေကာင္းစြာ ကစားခဲ့တယ္။ လိဒ္စ္က အံ့ၾသစရာေကာင္းတဲ့ အသင္းျဖစ္ၿပီး နည္းျပေကာင္းရွိတယ္ ဆိုတာ အားလုံးသိၾကမယ္ ထင္ပါတယ္။ သူတို႔ကို ကြၽန္ေတာ္တို႔အေသအခ်ာ ေလ့လာခဲ့တာေၾကာင့္ အက်ိဳးျပန္ရပါတယ္။
ကြင္းထဲမွာ ကိုယ္အလုပ္ကိုယ္ လုပ္ျပရံုံပါပဲ ဝန္ထုပ္ဝန္ပိုးအမ်ားႀကီး သယ္ေဆာင္သြားခ်င္မွာ မဟုတ္ပါဘူး ပြဲစဥ္အားလုံးတိုင္းက ဖလားဗိုလ္လုပြဲေတြလိုပါပဲ။ ယမန္ႏွစ္ရာသီက ကြၽန္ေတာ္တို႔စိတ္ထဲ မွန္ကန္တဲ့ အေျခအေနနဲ႔ ပြဲခ်ဥ္းကပ္မႈ မရွိခဲ့ပါဘူး ဒါေပမဲ့ ဒီတစ္ႀကိမ္မွာ ကြၽန္ေတာ္တို႔လုပ္ႏိုင္ခဲ့တယ္ အိမ္ကြင္းမွာ ကြၽန္ေတာ္တို႔ဂိုးေတြ ရလာတယ္ ဒါက အေရးႀကီးပါတယ္”ဟု ေျပာဆိုခဲ့ပါတယ္။
ဒါ့အျပင္ ၄င္းက – “အခုဆို ယူနိုက္တက္က တတိယေနရာမွာ ရွိေနၿပီး အမွတ္ေပးဇယား ဦးေဆာင္သူ လီဗာပူးနဲ႔ဆို တစ္ပြဲေလ်ာ့ ကစားျပီး ၅မွတ္ အကြာမွာ ရွိေနပါတယ္။ ယုံၾကည္မႈက ျမင့္တက္လာပါတယ္ အားလုံးက စြမ္းအင္ေတြ ပိုရေနပါတယ္ ကြၽန္ေတာ္တို႔ဒီေန႔ျပသြားတဲ့ အားကစားစိတ္ဓာတ္က ၿပိဳင္ဘက္ကင္းခဲ့ပါတယ္။ ကြၽန္ေတာ္တို႔အမွတ္ေပးဇယားကို မၾကည့္ပါဘူး ၾကည့္ဖို႔အခ်ိန္လည္း မရွိပါဘူး ကြၽန္ေတာ္တို႔ပြဲစဥ္တိုင္းကို တစ္ပြဲခ်င္းဘဲ ကစားရမွာပါ”ဟု ေျပာၾကားခဲ့ပါတယ္။
ယူနိုက္တက္ဟာ ဒီရာသီ အိုးထရက္ဖို႔ဒ္မွာ ရလဒ္ေတြ မေကာင္းျဖစ္ေပမယ့္ လိဒ္စ္ပြဲကေန ယံုၾကည္မႈေတြ ပိုရလာကာ လာမယ့္ အိမ္ကြင္းပြဲေတြမွာ အေျခေအနေကာင္းဖို႔ ေမွ်ာ္လင့္ရဖြယ္ ရွိပါတယ္။