ဖီနာဘာခ်ီနည္းျပနဲ႕ ေတြ႔ဆံုျပီး ျဖစ္တဲ့ အာဆင္နယ္ကြင္းလယ္ အိုေဇးလ္

ဖီနာဘာခ်ီအသင္း နည္းျပႏွင့္ လန္ဒန္မွာ လွ်ိဳ႕ဝွက္ေတြ႕ဆုံခဲ့ၿပီးေနာက္ အိုေဇးလ္ဟာ ဖီနာဘာခ်ီသို႔ ေျပာင္းေ႐ြ႕ဖို႔ နီးစပ္ေနပါျပီ လို႔ ဒီတေလာ သတင္းေတြမွာ ေဖာ္ျပေနၾကပါတယ္။

အာတီတာဟာ အိုေဇးလ္ကို အာဆင္နယ္အသင္းရဲ႕ ပရီးမီးယားလိဂ္ႏွင့္ ယူ႐ိုပါလိဂ္လူစာရင္းကေန ခ်န္လွပ္ထားဖို႔ ဆုံးျဖတ္ခဲ့ၿပီးေနာက္ ကြင္းလယ္ကစားသမားဟာ မတ္လကတည္းက မကစားခဲ့ရတာျဖစ္ပါတယ္။

အာဆင္နယ္အသင္းဟာ အိုေဇးလ္ကို တစ္ပတ္လုပ္ခေပါင္ ၃၅၀၀၀၀ မေပးခ်င္ေတာ့တဲ့ အတြက္ေၾကာင့္ ေနာက္ဆုံး မွာေတာ့ အေျပာင္းအေ႐ြ႕က ျဖစ္လာႏိုင္ပါတယ္။ အသက္ ၃၂ ႏွစ္အ႐ြယ္ ကစားသမားဟာ ဖီနာဘာခ်ီနည္းျပႏွင့္ လန္ဒန္မွာ ေတြ႕ဆုံခဲ့ပါတယ္ လို႔ လည္း ဂ်ာမနီသတင္းဌာနက ေဖာ္ျပထားပါတယ္။

ဒီအေျပာင္းအေ႐ြ႕က ဇန္နဝါရီလထက္ ေႏြရာသီမွသာ ျဖစ္လာႏိုင္ပါတယ္လို႔ ဂ်ာမန္ဝက္ဆိုက္ဒ္တစ္ခုက ေဖာ္ျပ ထားၿပီး ကစားသမားဟာ တူရကီကလပ္ႏွင့္ တစ္ပတ္လုပ္ေပါင္ ၂၀၀၀၀၀ ျဖင့္ စာခ်ဳပ္ခ်ဳပ္ကာ လစာကိုေလ်ာ့ယူ သြားဖြယ္ရွိေနပါတယ္။
သို႔ေသာ္လည္း ဒီလအေစာပိုင္းမွာေတာ့ ဖီနာဘာခ်ီအသင္းရဲ႕တာဝန္ရွိသူတစ္ဦးျဖစ္တဲ့ မာရက္ဇိုရ္လုက ဇန္နဝါရီလ မွာ ဂ်ာမနီလက္ေ႐ြးစင္ကစားသမားေဟာင္းကိုေခၚယူဖို႔ အခြင့္အေရးရွိေနပါတယ္လို႔ ေျပာဆိုထားခဲ့ပါတယ္။

“ လာမည့္အေျပာင္းအေ႐ြ႕မွာ အိုေဇးလ္ဟာ ခ်ီနာဘာခ်ီရဲ႕ ကစားသမားျဖစ္လာဖြယ္ရွိပါတယ္လို႔ အသင္းႏွင့္နီးစပ္ တဲ့ သတင္း အရင္းအျမစ္ တစ္ခုက ကြၽန္ေတာ့္ကိုေျပာပါတယ္။ တစ္လအတြင္း သူက ကြၽန္ေတာ္တို႔ အသင္းသို႔ ေျပာင္းေ႐ႊ႕ လာမယ္လို႔ ၉၀ % ေလာက္အထိေျပာရဲပါတယ္ ” လို႔ သူက Sport Digitale သို႔ေျပာပါတယ္။

တူရကီသတင္းစာျဖစ္တဲ့ Fotomac ကလည္း အိုေဇးလ္ဟာ အရင္က လီဗာပူးႏွင့္ ေတာ့တင္ဟမ္တို႔မွာ လုပ္ကိုင္ခဲ့ တဲ့ ဖီနာဘာခ်ီအသင္းရဲ႕အားကစားဒါ႐ိုက္တာျဖစ္သူ ကိုမိုလီႏွင့္ေတြ႕ဆုံခဲ့ပါတယ္လို႔ ေဖာ္ျပထားပါတယ္။

အိုေဇးလ္ဟာ တူရကီေသြးေႏွာသူတစ္ဦးျဖစ္ၿပီး တူရကီသမၼတျဖစ္သူ အာဒိုဂန္ႏွင့္လည္း ရင္းႏွီးတဲ့ဆက္ဆံေရးရွိသူ ျဖစ္ကာ တူရကီသို႔လည္း ပုံမွန္ သြားေရာက္ လည္ပတ္ေနတာျဖစ္ပါတယ္။

Unicode – ဖီနာဘာချီအသင်း နည်းပြနှင့် လန်ဒန်မှာ လျှို့ဝှက်တွေ့ဆုံခဲ့ပြီးနောက် အိုဇေးလ်ဟာ ဖီနာဘာချီသို့ ပြောင်းရွေ့ဖို့ နီးစပ်နေပါပြီ လို့ ဒီတလော သတင်းတွေမှာ ဖော်ပြနေကြပါတယ်။

အာတီတာဟာ အိုဇေးလ်ကို အာဆင်နယ်အသင်းရဲ့ ပရီးမီးယားလိဂ်နှင့် ယူရိုပါလိဂ်လူစာရင်းကနေ ချန်လှပ်ထားဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် ကွင်းလယ်ကစားသမားဟာ မတ်လကတည်းက မကစားခဲ့ရတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ အိုဇေးလ်ကို တစ်ပတ်လုပ်ခပေါင် ၃၅၀၀၀၀ မပေးချင်တော့တဲ့ အတွက်ကြောင့် နောက်ဆုံး မှာတော့ အပြောင်းအရွေ့က ဖြစ်လာနိုင်ပါတယ်။ အသက် ၃၂ နှစ်အရွယ် ကစားသမားဟာ ဖီနာဘာချီနည်းပြနှင့် လန်ဒန်မှာ တွေ့ဆုံခဲ့ပါတယ် လို့ လည်း ဂျာမနီသတင်းဌာနက ဖော်ပြထားပါတယ်။

ဒီအပြောင်းအရွေ့က ဇန်နဝါရီလထက် နွေရာသီမှသာ ဖြစ်လာနိုင်ပါတယ်လို့ ဂျာမန်ဝက်ဆိုက်ဒ်တစ်ခုက ဖော်ပြ ထားပြီး ကစားသမားဟာ တူရကီကလပ်နှင့် တစ်ပတ်လုပ်ပေါင် ၂၀၀၀၀၀ ဖြင့် စာချုပ်ချုပ်ကာ လစာကိုလျော့ယူ သွားဖွယ်ရှိနေပါတယ်။
သို့သော်လည်း ဒီလအစောပိုင်းမှာတော့ ဖီနာဘာချီအသင်းရဲ့တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ မာရက်ဇိုရ်လုက ဇန်နဝါရီလ မှာ ဂျာမနီလက်ရွေးစင်ကစားသမားဟောင်းကိုခေါ်ယူဖို့ အခွင့်အရေးရှိနေပါတယ်လို့ ပြောဆိုထားခဲ့ပါတယ်။

“ လာမည့်အပြောင်းအရွေ့မှာ အိုဇေးလ်ဟာ ချီနာဘာချီရဲ့ ကစားသမားဖြစ်လာဖွယ်ရှိပါတယ်လို့ အသင်းနှင့်နီးစပ် တဲ့ သတင်း အရင်းအမြစ် တစ်ခုက ကျွန်တော့်ကိုပြောပါတယ်။ တစ်လအတွင်း သူက ကျွန်တော်တို့ အသင်းသို့ ပြောင်းရွှေ့ လာမယ်လို့ ၉၀ % လောက်အထိပြောရဲပါတယ် ” လို့ သူက Sport Digitale သို့ပြောပါတယ်။

တူရကီသတင်းစာဖြစ်တဲ့ Fotomac ကလည်း အိုဇေးလ်ဟာ အရင်က လီဗာပူးနှင့် တော့တင်ဟမ်တို့မှာ လုပ်ကိုင်ခဲ့ တဲ့ ဖီနာဘာချီအသင်းရဲ့အားကစားဒါရိုက်တာဖြစ်သူ ကိုမိုလီနှင့်တွေ့ဆုံခဲ့ပါတယ်လို့ ဖော်ပြထားပါတယ်။

အိုဇေးလ်ဟာ တူရကီသွေးနှောသူတစ်ဦးဖြစ်ပြီး တူရကီသမ္မတဖြစ်သူ အာဒိုဂန်နှင့်လည်း ရင်းနှီးတဲ့ဆက်ဆံရေးရှိသူ ဖြစ်ကာ တူရကီသို့လည်း ပုံမှန် သွားရောက် လည်ပတ်နေတာဖြစ်ပါတယ်။