ပြဲေကာင္းေတြ လြဲေခ်ာ္ထားတဲ့ ေသာမတ္စ္ ပါေတး ျပန္လာနုိင္ေျခကို အာတီတာ ဖြင့္ဟ

အာဆင္နယ္ အာတီတာက ဒဏ္ရာေၾကာင့္ ပြဲေကာင္းေတြ လြဲေခ်ာ္ထားတဲ့ ကြင္းလယ္လူ ေသာမက္စ္ပါေတးဟာ ဘ႐ိုက္တန္ နဲ႔ ဝက္စ္ဘ႐ြန္းတို႔ပြဲေတြကိုလည္း ဆက္လက္ လြဲေခ်ာ္မယ္လို႔ ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။

ဂါနာသား ကြင္းလယ္သမား ဟာ အခုလအေစာပိုင္းတုန္းက ေတာ့တင္ဟမ္အသင္းကို ၂-၀ ဂိုးနဲ႔အေရးနိမ့္ခဲ့တဲ့ပြဲမွာ ဒဏ္ရာ ရရွိခဲ့တာျဖစ္ပါတယ္။ ပါေတးရဲ႕တံေကာက္ေၾကာဒဏ္ရာဟာ ထင္ထားတာထက္ ဆိုးဝါးေနၿပီး အဓိကပြဲေတြကို လြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။

ပါေတးဟာ မေန႔က ေဘာက္ဆင္ေဒးမွာ ကစားခဲ့တဲ့ ခ်ဲလ္ဆီးနဲ႔ပြဲကို လြဲေခ်ာ္ခဲ့သလို ခရစၥမတ္ကာလ ကိုလည္း ဆက္လက္ လြဲေခ်ာ္ဖြယ္ရွိေနပါတယ္။

“အခု အေျခအေနအရေတာ့ ပါေတးက ျပန္ ကစားဖို႔ အဆင္မေျပေသးပါဘူး။ လာမယ့္ ရက္ အနည္းငယ္ေလာက္ အထိ အနားယူရဦးမယ္ ထင္ပါတယ္”လို႔ အာတီတာက ေျပာၾကားခဲ့ပါတယ္။

အာဆင္နယ္ဟာ ဇန္နဝါရီလ ၂ ရက္ေန႔ ဝက္စ္ဘ႐ြန္းနဲ႔မရင္ဆိုင္ခင္ ဒီဇင္ဘာ ၂၉ ရက္ေန႔မွာ ဘ႐ိုက္တန္အသင္းနဲ႔ ရင္ဆိုင္ရမွာျဖစ္ပါတယ္။

အာတီတာက ဝီလီယံ ၊ ေဒးဗစ္လုဇ္ နဲ႔ ဂါဘရီရယ္တို႔ မပါဝင္ႏိုင္တာ မာဂယ္ေဟးစ္က ကိုဗစ္အေျခအေနေၾကာင့္ ျဖစ္တယ္လို႔ ဆိုခဲ့ပါတယ္။

Unicode

အာဆင်နယ် အာတီတာက ဒဏ်ရာကြောင့် ပွဲကောင်းတွေ လွဲချော်ထားတဲ့ ကွင်းလယ်လူ သောမက်စ်ပါတေးဟာ ဘရိုက်တန် နဲ့ ဝက်စ်ဘရွန်းတို့ပွဲတွေကိုလည်း ဆက်လက် လွဲချော်မယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဂါနာသား ကွင်းလယ်သမား ဟာ အခုလအစောပိုင်းတုန်းက တော့တင်ဟမ်အသင်းကို ၂-၀ ဂိုးနဲ့အရေးနိမ့်ခဲ့တဲ့ပွဲမှာ ဒဏ်ရာ ရရှိခဲ့တာဖြစ်ပါတယ်။ ပါတေးရဲ့တံကောက်ကြောဒဏ်ရာဟာ ထင်ထားတာထက် ဆိုးဝါးနေပြီး အဓိကပွဲတွေကို လွဲချော်ခဲ့တာဖြစ်ပါတယ်။

ပါတေးဟာ မနေ့က ဘောက်ဆင်ဒေးမှာ ကစားခဲ့တဲ့ ချဲလ်ဆီးနဲ့ပွဲကို လွဲချော်ခဲ့သလို ခရစ္စမတ်ကာလ ကိုလည်း ဆက်လက် လွဲချော်ဖွယ်ရှိနေပါတယ်။

“အခု အခြေအနေအရတော့ ပါတေးက ပြန် ကစားဖို့ အဆင်မပြေသေးပါဘူး။ လာမယ့် ရက် အနည်းငယ်လောက် အထိ အနားယူရဦးမယ် ထင်ပါတယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ဟာ ဇန်နဝါရီလ ၂ ရက်နေ့ ဝက်စ်ဘရွန်းနဲ့မရင်ဆိုင်ခင် ဒီဇင်ဘာ ၂၉ ရက်နေ့မှာ ဘရိုက်တန်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

အာတီတာက ဝီလီယံ ၊ ဒေးဗစ်လုဇ် နဲ့ ဂါဘရီရယ်တို့ မပါဝင်နိုင်တာ မာဂယ်ဟေးစ်က ကိုဗစ်အခြေအနေကြောင့် ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။