ဒီရာသီ ပရီးမီးယားလိဂ္မွာ အာဆင္နယ္ အျမင့္ဆံုး ဘယ္ေလာက္ထိ ေရာက္မလဲ ေရးပါလာ သံုးသပ္

အာဆင္နယ္ ဂႏၲဝင္ ေရးပါလာက ယခုႏွစ္ရာသီ ဂန္းနားေတြအေနနဲ႔ အေကာင္းဆုံး အဆင့္အျဖစ္ အဆင့္ ၆ ေနရာသာ မွန္းလို႔ရႏိုင္တယ္လို႔ ယုံၾကည္ေနပါတယ္။ အာဆင္နယ္အသင္းဟာ ရာသီအစမွာ ဆိုး႐ြားတဲ့ ရလဒ္ေတြ ရခဲ့ၿပီးေနာက္ ခရစၥမတ္ကာလမွာေတာ့ ၂ပြဲဆက္ႏိုင္ပြဲကို ျပန္လည္ ရယူထားႏိုင္ခဲ့ပါတယ္။

ခ်ဲလ္ဆီးကို ၃-၁ဂိုးနဲ႔ အႏိုင္ခဲ့ၿပီးေနာက္ ဘ႐ိုက္တန္ကို ၁-ဝဂိုးနဲ႔ ထပ္အႏိုင္ရခဲ့ကာ အဆင့္၁၃ေနရာကို တက္လွမ္းလာႏိုင္ခဲ့ၿပီး အဆင့္၅ေနရာက ဗီလာနဲ႔ ၆မွတ္သာ ကြာတဲ့ အေနအထား ေရာက္လာခဲ့ပါတယ္။ ဒါေပမဲ့ ပါလာကေတာ့ အသင္းေဟာင္း အတြက္ အေကာင္းဆုံး ေမွ်ာ္လင့္ႏိုင္တာက ယူ႐ိုပါဝင္ခြင့္ပဲလို႔ သုံးသပ္ခဲ့ပါတယ္။

ပါလာက “သူတို႔ အဆင့္၄ေနရာေတာ့ ဝင္မွာ မဟုတ္ပါဘူး။ သူတို႔ အရမ္းေနာက္မွာ က်န္ခဲ့ၿပီး အမ်ားႀကီး ႀကိဳးစားမွ ထိပ္ျပန္ေရာက္မယ့္ေနရာကို သူတို႔ကိုယ္တိုင္ ဆြဲခ်သြားတာပါ။ အျခားအသင္းေတြလည္း ေျခေခ်ာ္ေနၾကတာ ျမင္ရေပမဲ့ ကြၽန္ေတာ္ကေတာ့ အဆင့္၄အတြင္း ဝင္မယ္လို႔ကို မျမင္ပါဘူး”

“လက္ရွိမွာ အာဆင္နယ္ထက္ ပိုေကာင္းတဲ့အသင္း ၄သင္း ရွိၿပီး သူတို႔ ရႏိုင္တဲ့ အေကာင္းဆုံးေနရာက အဆင့္ ၆ ပဲ”လို႔ ေျပာခဲ့ပါတယ္။ အဆာင္နယ္အသင္းရဲ႕ လာမယ့္ပြဲစဥ္ ၃ပြဲဟာ ဇယားေအာက္က အသင္းေတြကို ကစားရမွာ ျဖစ္တာေၾကာင့္ ႏွစ္သစ္မွာ ယုံၾကည္မႈ ျပန္လည္ တည္ေဆာက္ႏိုင္မယ္လို႔ ပါလာက ယုံၾကည္ေနပါတယ္။

ယခုႏွစ္ရာသီ ပရီးမီးယားလိဂ္က မေသခ်ာ၊ ခန႔္မွန္းလို႔ မရတဲ့ အေနအထားမွာ ပါလာက ပရီးမီးယားလိဂ္မွာ တစ္ေကာင္တည္း ေျပးတဲ့ျမင္းေတာ့ ေပၚလာမွာမဟုတ္ဘူးလို႔ ဆိုခဲ့ပါတယ္။

“ေနာက္၄ပြဲမွာ အက္ဖ္ေအဖလားပြဲကို ဖယ္လိုက္ရင္ အားလုံး ႏိုင္ႏိုင္တဲ့ ပြဲေတြခ်ည္းပါပဲ။ ဝက္စ္ဘ႐ြန္းကို အေဝးကြင္း၊ ပဲေလ့စ္ကို အိမ္ကြင္း၊ နယူးကာဆယ္ကို အိမ္ကြင္းေလ။ ဒါေၾကာင့္ အာတီတာက ငါတို႔ အေျခအေန ဆိုးေနၿပီ။ လာမယ့္ပြဲမွာ ျပန္ၿပီး အမွတ္ယူၾကဖို႔ ေမွ်ာ္လင့္တယ္ဆိုၿပီး ေတြးေနမွာ ေသခ်ာပါတယ္။ အဲ့ဒီမွာ ႏိုင္သြားရင္ အဆင့္၆ေနရာ ရပါၿပီ။ အဲေလာက္ထိ လိဂ္က အေျခအေန ဆိုးေနတာပါ”လို႔ ဆိုခဲ့ပါတယ္။

Unicode

အာဆင်နယ် ဂန္တဝင် ရေးပါလာက ယခုနှစ်ရာသီ ဂန်းနားတွေအနေနဲ့ အကောင်းဆုံး အဆင့်အဖြစ် အဆင့် ၆ နေရာသာ မှန်းလို့ရနိုင်တယ်လို့ ယုံကြည်နေပါတယ်။ အာဆင်နယ်အသင်းဟာ ရာသီအစမှာ ဆိုးရွားတဲ့ ရလဒ်တွေ ရခဲ့ပြီးနောက် ခရစ္စမတ်ကာလမှာတော့ ၂ပွဲဆက်နိုင်ပွဲကို ပြန်လည် ရယူထားနိုင်ခဲ့ပါတယ်။

ချဲလ်ဆီးကို ၃-၁ဂိုးနဲ့ အနိုင်ခဲ့ပြီးနောက် ဘရိုက်တန်ကို ၁-ဝဂိုးနဲ့ ထပ်အနိုင်ရခဲ့ကာ အဆင့်၁၃နေရာကို တက်လှမ်းလာနိုင်ခဲ့ပြီး အဆင့်၅နေရာက ဗီလာနဲ့ ၆မှတ်သာ ကွာတဲ့ အနေအထား ရောက်လာခဲ့ပါတယ်။ ဒါပေမဲ့ ပါလာကတော့ အသင်းဟောင်း အတွက် အကောင်းဆုံး မျှော်လင့်နိုင်တာက ယူရိုပါဝင်ခွင့်ပဲလို့ သုံးသပ်ခဲ့ပါတယ်။

ပါလာက “သူတို့ အဆင့်၄နေရာတော့ ဝင်မှာ မဟုတ်ပါဘူး။ သူတို့ အရမ်းနောက်မှာ ကျန်ခဲ့ပြီး အများကြီး ကြိုးစားမှ ထိပ်ပြန်ရောက်မယ့်နေရာကို သူတို့ကိုယ်တိုင် ဆွဲချသွားတာပါ။ အခြားအသင်းတွေလည်း ခြေချော်နေကြတာ မြင်ရပေမဲ့ ကျွန်တော်ကတော့ အဆင့်၄အတွင်း ဝင်မယ်လို့ကို မမြင်ပါဘူး”

“လက်ရှိမှာ အာဆင်နယ်ထက် ပိုကောင်းတဲ့အသင်း ၄သင်း ရှိပြီး သူတို့ ရနိုင်တဲ့ အကောင်းဆုံးနေရာက အဆင့် ၆ ပဲ”လို့ ပြောခဲ့ပါတယ်။ အဆာင်နယ်အသင်းရဲ့ လာမယ့်ပွဲစဉ် ၃ပွဲဟာ ဇယားအောက်က အသင်းတွေကို ကစားရမှာ ဖြစ်တာကြောင့် နှစ်သစ်မှာ ယုံကြည်မှု ပြန်လည် တည်ဆောက်နိုင်မယ်လို့ ပါလာက ယုံကြည်နေပါတယ်။

ယခုနှစ်ရာသီ ပရီးမီးယားလိဂ်က မသေချာ၊ ခန့်မှန်းလို့ မရတဲ့ အနေအထားမှာ ပါလာက ပရီးမီးယားလိဂ်မှာ တစ်ကောင်တည်း ပြေးတဲ့မြင်းတော့ ပေါ်လာမှာမဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။

“နောက်၄ပွဲမှာ အက်ဖ်အေဖလားပွဲကို ဖယ်လိုက်ရင် အားလုံး နိုင်နိုင်တဲ့ ပွဲတွေချည်းပါပဲ။ ဝက်စ်ဘရွန်းကို အဝေးကွင်း၊ ပဲလေ့စ်ကို အိမ်ကွင်း၊ နယူးကာဆယ်ကို အိမ်ကွင်းလေ။ ဒါကြောင့် အာတီတာက ငါတို့ အခြေအနေ ဆိုးနေပြီ။ လာမယ့်ပွဲမှာ ပြန်ပြီး အမှတ်ယူကြဖို့ မျှော်လင့်တယ်ဆိုပြီး တွေးနေမှာ သေချာပါတယ်။ အဲ့ဒီမှာ နိုင်သွားရင် အဆင့်၆နေရာ ရပါပြီ။ အဲလောက်ထိ လိဂ်က အခြေအနေ ဆိုးနေတာပါ”လို့ ဆိုခဲ့ပါတယ်။