၀က်စ်ဘရွန်း Vs အာဆင်နယ် ပွဲအတွက် ဘီဘီစီမှ လော်ရိုး သုံးသပ် ခန့်မှန်းချက်

အာဆင်နယ် အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်မှာ ဝက်စ်ဘရွန်း နဲ့ အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာပါ။ ပွဲချိန်ကတော့ ဇန်နဝါရီ ၃ရက်၊ တနင်္ဂနွေနေ့၊ နံနက် ၂း၃၀ နာရီ ဖြစ်ပါတယ်။

ဒီပွဲစဉ်နဲ့ ပတ်သတ်ပြီး ဘီဘီစီမှ ပင်တိုင် သုံးသပ်သူ လော်ရိုးက အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

လော်ရိုးက – ” နှစ်ပွဲဆက် နိုင်ပွဲ ပြန်ရလာတဲ့ အာဆင်နယ်ဟာ ဝက်စ်ဘရွန်းကွင်းထံ သွားပြီး ယှဉ်ပြိုင်ရမယ်။ ဝက်စ်ဘရွန်း တို့ရဲ့ အိမ်ကွင်းက အာဆင်နယ်တို့ ပျော်ရွှင်စွာ ကစားနိုင်မယ့် ကွင်းတစ်ကွင်းတော့ မဟုတ်ပါဘူး။ သူတို့က အဲ့ကို နောက်ဆုံး ၃ ကြိမ် သွားရောက်ထားရာမှာ အနိုင်ရဖို့ ကျဆုံးထားခဲ့တယ်။

အာတီတာရဲ့ အသင်းအတွက် ဒီပွဲမှာ အနိုင်သုံးမှတ် မရဘူးဆိုရင် အတော်လေး စိတ်ပျက်စရာ ဖြစ်လာပါလိမ့်မယ်။ အန်ဖီးမှာ လီဗာပူးကို ရင်ဆိုင်ကစားခဲ့စဉ် ဝက်စ်ဘရွန်းက ရလဒ်ကောင်းရပေမယ့် သူတို့က အိမ်ကွင်းမှာတော့ ရလဒ်တွေမကောင်း ဖြစ်နေပါတယ်။ အာဆင်နယ်ရဲ့ ပုံစံကောင်းတွေ ဆက်ရှိနေပြီး သူတို့ အနိုင် ၃ မှတ် ရယူသွားပါလိမ့်မယ်။ ” လို့ ဆိုပါတယ်။

လော်ရိုး ခန့်မှန်းရလဒ် ကတော့ ဝက်စ်ဘရွန်း ဝ-၂ အာဆင်နယ် ဖြစ်ပါတယ်။

Zawgyi – အာဆင္နယ္ အသင္းဟာ ဒီတစ္ပတ္ ပရီးမီးယားလိဂ္မွာ ၀က္စ္ဘရြန္း နဲ႕ အေ၀းကြင္းမွာ သြားေရာက္ ယွဥ္ျပိဳင္ရမွာပါ။ ပြဲခ်ိန္ကေတာ့ ဇန္န၀ါရီ ၃ရက္၊ တနဂၤေႏြေန႔၊ နံနက္ ၂း၃၀ နာရီ ျဖစ္ပါတယ္။

ဒီပြဲစဥ္နဲ႕ ပတ္သတ္ျပီး ဘီဘီစီမွ ပင္တိုင္ သံုးသပ္သူ ေလာ္ရိုးက အခုလို သံုးသပ္ ခန္႔မွန္းထားပါတယ္။

ေလာ္ရိုးက – ” ႏွစ္ပြဲဆက္ ႏုိင္ပြဲ ျပန္ရလာတဲ့ အာဆင္နယ္ဟာ ဝက္စ္ဘရြန္းကြင္းထံ သြားျပီး ယွဥ္ျပိဳင္ရမယ္။ ဝက္စ္ဘရြန္း တို႔ရဲ႕ အိမ္ကြင္းက အာဆင္နယ္တို႔ ေပ်ာ္ရႊင္စြာ ကစားႏုိင္မယ့္ ကြင္းတစ္ကြင္းေတာ့ မဟုတ္ပါဘူး။ သူတို႔က အဲ့ကို ေနာက္ဆံုး ၃ ၾကိမ္ သြားေရာက္ထားရာမွာ အႏုိင္ရဖို႔ က်ဆံုးထားခဲ့တယ္။

အာတီတာရဲ႕ အသင္းအတြက္ ဒီပြဲမွာ အႏုိင္သံုးမွတ္ မရဘူးဆိုရင္ အေတာ္ေလး စိတ္ပ်က္စရာ ျဖစ္လာပါလိမ့္မယ္။ အန္ဖီးမွာ လီဗာပူးကို ရင္ဆိုင္ကစားခဲ့စဥ္ ဝက္စ္ဘရြန္းက ရလဒ္ေကာင္းရေပမယ့္ သူတို႔က အိမ္ကြင္းမွာေတာ့ ရလဒ္ေတြမေကာင္း ျဖစ္ေနပါတယ္။ အာဆင္နယ္ရဲ႕ ပံုစံေကာင္းေတြ ဆက္ရွိေနျပီး သူတို႔ အႏုိင္ ၃ မွတ္ ရယူသြားပါလိမ့္မယ္။ ” လို႔ ဆိုပါတယ္။

ေလာ္ရိုး ခန္႔မွန္းရလဒ္ ကေတာ့ ဝက္စ္ဘရြန္း ၀-၂ အာဆင္နယ္ ျဖစ္ပါတယ္။