မန်ချက်စတာယူနိုက်တက် Vs အက်စတွန်ဗီလာ ပွဲအတွက် လော်ရိုး သုံးသပ်ခန့်မှန်း

မန်ချက်စတာ ယူနိုက်တက် ဟာ ခြေစွာနေတဲ့ အက်စတွန်ဗီလာအသင်းကို ဒီညမှာ ပရီးမီးယားလိဂ် ပွဲ အဖြစ် အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားရတော့မှာ ဖြစ်ပါတယ်။

ပွဲချိန် ကတော့ လာမယ့် ဇန်နဝါရီ ၂၊ စနေနေ့၊ နံနက် ၂း၃၀ နာရီမှာပါ။ ဒီပွဲ အတွက် ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ လော်ရိုးက အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

လော်ရိုးက – ” ကျနော် ဒီပွဲအတွက် ဘီဘီစီ ရေဒီယို အစီအစဉ်ကနေ ရှိနေမှာပါ။ ဒီပွဲက မန်ချက်စတာ ယူနိုက်တက် အတွက် စမ်းသပ်မှုကောင်း ဖြစ်ပါတယ်။ သူတို့က ဝုဗ်နဲ့ ပွဲမှာ ပွဲပြီးခါနီးမှ အနိုင် သုံးမှတ်ပြည့် ရအောင် ယူနိုင်ခဲ့ပြီး ဒါက ကောင်းတဲ့ လက္ခဏာပါပဲ။ ပွဲပြီးခါနီးမှ သွင်းတဲ့ဂိုးနဲ့ ကပ်နိုင်တဲ့ ပွဲတွေနဲ့ ပတ်သတ်ပြီး ဘာမှ သွား ဝေဖန်လို့ မရပါဘူး ဘာဖြစ်လို့လဲ ဆိုတော့ ဒါက ၅ ဂိုးပြတ် နိုင်လိုက်သလိုကို ပျော်စရာပါ။

ဒီတစ်ပတ် ပွဲကလည်း ယူနိုက်တက် အတွက် ခက်ခဲနိုင်ပါတယ် ဘာဖြစ်လို့လဲ ဆိုတော့ အက်စတွန်ဗီလာက လောလောဆယ် တော်တော် ကောင်းနေတဲ့ အသင်းပါ။ ယူနိုက်တက် က ဒီပွဲနိုင်ရင် လီဗာပူးကို ပိုဖိအားပေးနိုင်တာကြောင့် ပိုပြီး အားစိုက်နိုင်ပါတယ်။

အိုလေဂန်းနား ဆိုးရှားရဲ့ အသင်းကတော့ လောလောဆယ် တစ်ခုခုကို စီးထားမိသလို ဖြစ်နေပြီး ပွဲတွေမှာ သူတို့ အလိုရှိတဲ့ ရလဒ်တွေ ရယူနိုင်နေတယ်။ ချန်ပီယံ ပြေးလမ်းကြောင်းထဲမှာ ယူနိုက်တက် ပါနေကြောင်း သိဖို့ အမှတ်ပေးဇယားကိုသာ ကြည့်လိုက်ရုံပါ။

ယူနိုက်တက်က လုံး၀ အသားစီးယူထားနိုင်သေးတာ မဟုတ်ပေမယ့် သူတို့ အပါအဝင် အသင်း နည်းနည်းလောက်သာ ကြည့်စမ်း ဒီဖလားက ငါတို့ယူနိုင်သေးတယ်လို့ တွေးနေနိုင်တာပါ။ သူတို့က အဲဒီထဲ ပါနေပါတယ်။ ” လို့ သုံးသပ်ထားပါတယ်။

လော်ရိုး ခန့်မှန်းရလဒ် ကတော့ မန်ချက်စတာ ယူနိုက်တက် ၂-၀ အက်စတွန်ဗီလာ ဖြစ်ပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ ဟာ ေျခစြာေနတဲ့ အက္စတြန္ဗီလာအသင္းကို ဒီညမွာ ပရီးမီးယားလိဂ္ ပြဲ အျဖစ္ အိုးထရက္ဖို႔ဒ္မွာ ဧည့္ခံ ကစားရေတာ့မွာ ျဖစ္ပါတယ္။

ပြဲခ်ိန္ ကေတာ့ လာမယ့္ ဇန္န၀ါရီ ၂၊ စေနေန႔၊ နံနက္ ၂း၃၀ နာရီမွာပါ။ ဒီပြဲ အတြက္ ဘီဘီစီ သတင္းဌာနမွ ပင္တိုင္ သံုးသပ္သူ ေလာ္ရိုးက အခုလို သံုးသပ္ ခန္႔မွန္းထားပါတယ္။

ေလာ္ရိုးက – ” က်ေနာ္ ဒီပြဲအတြက္ ဘီဘီစီ ေရဒီယို အစီအစဥ္ကေန ရွိေနမွာပါ။ ဒီပြဲက မန္ခ်က္စတာ ယူနုိက္တက္ အတြက္ စမ္းသပ္မႈေကာင္း ျဖစ္ပါတယ္။ သူတို႔က ၀ုဗ္နဲ႕ ပြဲမွာ ပြဲျပီးခါနီးမွ အနုိင္ သံုးမွတ္ျပည့္ ရေအာင္ ယူနုိင္ခဲ့ျပီး ဒါက ေကာင္းတဲ့ လကၡဏာပါပဲ။ ပြဲျပီးခါနီးမွ သြင္းတဲ့ဂိုးနဲ႕ ကပ္နုိင္တဲ့ ပြဲေတြနဲ႕ ပတ္သတ္ျပီး ဘာမွ သြား ေ၀ဖန္လို႔ မရပါဘူး ဘာျဖစ္လို႔လဲ ဆိုေတာ့ ဒါက ၅ ဂိုးျပတ္ နုိင္လိုက္သလိုကို ေပ်ာ္စရာပါ။

ဒီတစ္ပတ္ ပြဲကလည္း ယူနိုက္တက္ အတြက္ ခက္ခဲနုိင္ပါတယ္ ဘာျဖစ္လို႔လဲ ဆိုေတာ့ အက္စတြန္ဗီလာက ေလာေလာဆယ္ ေတာ္ေတာ္ ေကာင္းေနတဲ့ အသင္းပါ။ ယူနိုက္တက္ က ဒီပြဲနုိင္ရင္ လီဗာပူးကို ပိုဖိအားေပးနုိင္တာေၾကာင့္ ပိုျပီး အားစိုက္နုိင္ပါတယ္။

အိုေလဂန္းနား ဆိုးရွားရဲ႕ အသင္းကေတာ့ ေလာေလာဆယ္ တစ္ခုခုကို စီးထားမိသလို ျဖစ္ေနျပီး ပြဲေတြမွာ သူတို႔ အလိုရွိတဲ့ ရလဒ္ေတြ ရယူနုိင္ေနတယ္။ ခ်န္ပီယံ ေျပးလမ္းေၾကာင္းထဲမွာ ယူနိုက္တက္ ပါေနေၾကာင္း သိဖို႔ အမွတ္ေပးဇယားကိုသာ ၾကည့္လိုက္ရံုပါ။

ယူနိုက္တက္က လံုး၀ အသားစီးယူထားနုိင္ေသးတာ မဟုတ္ေပမယ့္ သူတို႔ အပါအ၀င္ အသင္း နည္းနည္းေလာက္သာ ၾကည့္စမ္း ဒီဖလားက ငါတို႔ယူနိုင္ေသးတယ္လို႔ ေတြးေနနုိင္တာပါ။ သူတို႔က အဲဒီထဲ ပါေနပါတယ္။ ” လို႔ သံုးသပ္ထားပါတယ္။

ေလာ္ရိုး ခန္႔မွန္းရလဒ္ ကေတာ့ မန္ခ်က္စတာ ယူနိုက္တက္ ၂-၀ အက္စတြန္ဗီလာ ျဖစ္ပါတယ္။