အေျပာင္းအေ႐ႊ႕နဲ႔ ပတ္သတ္တဲ့ သေဘာထား ဖြင့္ဟလာတဲ့ အာဆင္နယ္ ပစ္မွတ္ ဘူရန္ဒီယာ

အာဆင္နယ္အသင္း ဇန္န၀ါရီမွာ ေခၚဖို႔ ပစ္မွတ္ထားေနတဲ့ ေနာ၀စ္ခ်္ ကြင္းလယ္သမား ဘူရန္ဒီယာ ကေတာ့ လက္ရွိအခ်ိန္မွာ အသင္းအတြက္ပဲ အာ႐ုံစိုက္ထားတယ္လို႔ ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။

အာဂ်င္တီးနားသားကို အာတီတာက ဇန္နဝါရီရဲ႕ထိပ္တန္းပစ္မွတ္အျဖစ္ သတ္မွတ္ထားၿပီး ကြင္းလယ္ပိုင္းအတြက္ အားျဖည့္ခ်င္ေနတာျဖစ္ပါတယ္။

သတင္းေတြအရ တကယ္လို႔ အာဆင္နယ္အသင္းကသာ ကမ္းလွမ္းလာခဲ့မယ္ဆိုရင္ ဘူရန္ဒီယာ ဟာ အာဆင္နယ္ကို ေျပာင္းလာဖြယ္ရွိေနပါတယ္။ ဒါေပမဲ့ ကစားသမားကေတာ့ သူ႔သေဘာထားကို အခုလိုပဲ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

“ ကြၽန္ေတာ္အၿမဲတမ္းေျပာေနၾကပါ။ ပရီးမီးယားလိဂ္က အေကာင္းဆုံးလိဂ္တစ္ခုပါ။ အဲ့မွာကစားရတာက မတူညီပဲ ကြဲျပားျခားနားပါတယ္။ အသင္းတိုင္းက ခက္ခဲၿပီး စုဖြဲ႕မႈကလည္း ေကာင္းပါတယ္။ ကြင္းေတြကလည္း သမိုင္းေၾကာင္းေတြနဲ႔ပါ။ ေန႔တိုင္း ကြၽန္ေတာ္အေကာင္းဆုံး ကစားေနပါတယ္။

ပရီးမီးယားလိဂ္ကို ျပန္ဖို႔က ကြၽန္ေတာ့္အိပ္မက္ပါ။ ဒါေပမဲ့ လက္ရွိ အခ်ိန္မွာေတာ့ ေနာဝစ္ခ်္အတြက္ပဲ စိတ္ထဲရွိပါတယ္။ အၿမဲတမ္းအသင္း အတြက္ အေကာင္းဆုံး လုပ္ေဆာင္ဖို႔ပဲ စိတ္ထဲရွိပါတယ္။ ဒီမွာကစားရတာေပ်ာ္သလို ကြၽန္ေတာ္ကလည္း အေရးပါတဲ့သူတစ္ဦးလို ခံစားရပါတယ္”လို႔ ဘူရန္ဒီယာ က ေျပာၾကားခဲ့ပါတယ္။

ဘူရန္ဒီယာ ဟာ ၿပီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ္မွာလည္း စြမ္းေဆာင္ရည္ေကာင္းေတြျပသႏိုင္ခဲ့ကာ လက္ရွိရာသီ ခ်န္ပီယံရွစ္ မွာလည္း စြမ္းေဆာင္ရည္ေကာင္းေတြ ဆက္လက္ ျပသေနတာျဖစ္ပါတယ္။

ေနာဝစ္ခ်္အသင္းကေတာ့ ဘူရန္ဒီယာ အတြက္ တန္ေၾကးေပါင္သန္း ၄၀ သတ္မွတ္ထားၿပီး အာဆင္နယ္ဘက္က ကစားသမား အလိုက္နဲ႔သာ ကမ္းလွမ္းဖို႔ ျပင္ဆင္ေနပါတယ္။

Unicode

အာဆင်နယ်အသင်း ဇန်နဝါရီမှာ ခေါ်ဖို့ ပစ်မှတ်ထားနေတဲ့ နောဝစ်ချ် ကွင်းလယ်သမား ဘူရန်ဒီယာ ကတော့ လက်ရှိအချိန်မှာ အသင်းအတွက်ပဲ အာရုံစိုက်ထားတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အာဂျင်တီးနားသားကို အာတီတာက ဇန်နဝါရီရဲ့ထိပ်တန်းပစ်မှတ်အဖြစ် သတ်မှတ်ထားပြီး ကွင်းလယ်ပိုင်းအတွက် အားဖြည့်ချင်နေတာဖြစ်ပါတယ်။

သတင်းတွေအရ တကယ်လို့ အာဆင်နယ်အသင်းကသာ ကမ်းလှမ်းလာခဲ့မယ်ဆိုရင် ဘူရန်ဒီယာ ဟာ အာဆင်နယ်ကို ပြောင်းလာဖွယ်ရှိနေပါတယ်။ ဒါပေမဲ့ ကစားသမားကတော့ သူ့သဘောထားကို အခုလိုပဲ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“ ကျွန်တော်အမြဲတမ်းပြောနေကြပါ။ ပရီးမီးယားလိဂ်က အကောင်းဆုံးလိဂ်တစ်ခုပါ။ အဲ့မှာကစားရတာက မတူညီပဲ ကွဲပြားခြားနားပါတယ်။ အသင်းတိုင်းက ခက်ခဲပြီး စုဖွဲ့မှုကလည်း ကောင်းပါတယ်။ ကွင်းတွေကလည်း သမိုင်းကြောင်းတွေနဲ့ပါ။ နေ့တိုင်း ကျွန်တော်အကောင်းဆုံး ကစားနေပါတယ်။

ပရီးမီးယားလိဂ်ကို ပြန်ဖို့က ကျွန်တော့်အိပ်မက်ပါ။ ဒါပေမဲ့ လက်ရှိ အချိန်မှာတော့ နောဝစ်ချ်အတွက်ပဲ စိတ်ထဲရှိပါတယ်။ အမြဲတမ်းအသင်း အတွက် အကောင်းဆုံး လုပ်ဆောင်ဖို့ပဲ စိတ်ထဲရှိပါတယ်။ ဒီမှာကစားရတာပျော်သလို ကျွန်တော်ကလည်း အရေးပါတဲ့သူတစ်ဦးလို ခံစားရပါတယ်”လို့ ဘူရန်ဒီယာ က ပြောကြားခဲ့ပါတယ်။

ဘူရန်ဒီယာ ဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာလည်း စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ကာ လက်ရှိရာသီ ချန်ပီယံရှစ် မှာလည်း စွမ်းဆောင်ရည်ကောင်းတွေ ဆက်လက် ပြသနေတာဖြစ်ပါတယ်။

နောဝစ်ချ်အသင်းကတော့ ဘူရန်ဒီယာ အတွက် တန်ကြေးပေါင်သန်း ၄၀ သတ်မှတ်ထားပြီး အာဆင်နယ်ဘက်က ကစားသမား အလိုက်နဲ့သာ ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။