အိုဇေး နေရာ အကောင်းဆုံး ဝင်ဖြည့်ကစားနိုင်တဲ့ ဂန်းနားလေးကို ဂယ်ရီလိုင်ကာ ချီးကျူး

တော့တင်ဟမ်နဲ့ အင်္ဂလန်လက်ရွေးစင်ဟောင်းကြီး ဂယ်ရီလိုင်ကာက နယူးကာဆယ်ကို အနိုင်ရရှိခဲ့တဲ့ FA ဖလား ပွဲစဉ်မှာ ခြေစွမ်းပြခဲ့တဲ့ အာဆင်နယ်အသင်းရဲ့ ကွင်းလယ် တိုက်စစ်ကစားသမားလေး စမစ်ရိုဝီကို ချီးကျူးသွားခဲ့ပါတယ်။

လက်ရှိ ဘီဘီစီရဲ့ ဘောလုံးဝေဖန်သုံးသပ်သူ လိုင်ကာဟာ စနေနေ့က နယူးကာဆယ်ကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ အာဆင်နယ်အသင်းရဲ့ FA ဖလား တတိယအဆင့် ပွဲစဉ်မှာ ခြေစွမ်းပြခဲ့တဲ့ စမစ်ရိုဝီကို သဘောကျ ချီးကျူးသွားခဲ့ပါတယ်။

စမစ်ရိုဝီကို ချီးကျူးခဲ့တဲ့ အာဆင်နယ်ဂန္တဝင်အီယန်ရိုက်ရဲ့ အဆိုကို ထောက်ခံတဲ့အနေနဲ့ ဂယ်ရီ လိုင်ကာက “ သူက တကယ် အရည်အချင်းရှိတဲ့ ကောင်လေးပဲ။ တကယ်ထိပ်တန်း ကစားသမားတစ်ယောက်လို၊ ပါရမီရှင် တစ်ယောက်လို ကစားနိုင်တယ်၊ သူဂိုးသွင်းနိုင်တဲ့ အရည်အသွေးမျိုးလည်း ရှိတယ် ” လို့ ချီးကျူးခဲ့ပါတယ်။

စမစ်ရိုဝီဟာ အာဆင်နယ်အသင်းရဲ့ ထွန်းတောက်လာမယ့် ကစားသမားအဖြစ် သတ်မှတ်ခံထားရပြီး မီဆွတ် အိုဇေးလ် မရှိတော့တဲ့ ကွင်းလယ်ဖန်တီးရှင်နေရာမှာ အကောင်းဆုံး အစားထိုးနိုင်မယ့် ကစားသမားအဖြစ် သတ်မှတ်ခံထားရပါတယ်။

အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ ကွင်းလယ်တိုက်စစ်ကစားသမားလေးဟာ အာဆင်နယ် အကယ်ဒမီက ပေါ်ထွက်လာသူ ဖြစ်ပြီး နယူးကာဆယ်နဲ့ပွဲမှာလည်း ဂိုးသွင်းနိုင်ခဲ့သလို ပွဲချိန်တစ်လျှောက်လုံး နယူးကာဆယ်ခံစစ်ကို အလုပ်ရှုပ်စေခဲ့ပါတယ်။ လူငယ် ကြယ်ပွင့်လေးကို ပွဲချိန် ၅၆ မိနစ်မှ လူစားလဲခဲ့ပေမယ့် ဂန်းနားတွေလိုအပ်နေတဲ့ ကွင်းလယ်ဖန်တီးရှင်နေရာကို အကောင်းဆုံး ဖြည့်ဆည်းနိုင်ခဲ့ပါတယ်။

အချက်အလက်တွေအရတော့ စမစ်ရိုဝီဟာ ဂိုးပေါက်ခြိမ်းခြောက်မှုနှစ်ကြိမ်၊ ပေးပို့မှုအောင်မြင်နှုန်း ၈၆.၂ ရာခိုင်နှုန်း၊ ခေါင်းယှဉ်တိုက်မှု အနိုင်ရရှိနှုန်း ၁ ကြိမ်၊ ဘောလုံးထိချက် ၄၆ ကြိမ်၊ ကြားဖြတ်လုယူမှု ၂ ကြိမ်၊ ရှင်းထုတ်မှု ၂ ကြိမ်နဲ့ ဖြတ်တင်ဘော တစ်ကြိမ်တို့ ပြုလုပ်နိုင်ခဲ့ပါတယ်။

Zawgyi – ေတာ့တင္ဟမ္နဲ႔ အဂၤလန္လက္ေ႐ြးစင္ေဟာင္းႀကီး ဂယ္ရီလိုင္ကာက နယူးကာဆယ္ကို အႏိုင္ရရွိခဲ့တဲ့ FA ဖလား ပြဲစဥ္မွာ ေျခစြမ္းျပခဲ့တဲ့ အာဆင္နယ္အသင္းရဲ႕ ကြင္းလယ္ တိုက္စစ္ကစားသမားေလး စမစ္႐ိုဝီကို ခ်ီးက်ဴးသြားခဲ့ပါတယ္။

လက္ရွိ ဘီဘီစီရဲ႕ ေဘာလုံးေဝဖန္သုံးသပ္သူ လိုင္ကာဟာ စေနေန႔က နယူးကာဆယ္ကို ၂-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ အာဆင္နယ္အသင္းရဲ႕ FA ဖလား တတိယအဆင့္ ပြဲစဥ္မွာ ေျခစြမ္းျပခဲ့တဲ့ စမစ္႐ိုဝီကို သေဘာက် ခ်ီးက်ဴးသြားခဲ့ပါတယ္။

စမစ္႐ိုဝီကို ခ်ီးက်ဴးခဲ့တဲ့ အာဆင္နယ္ဂႏၲဝင္အီယန္႐ိုက္ရဲ႕ အဆိုကို ေထာက္ခံတဲ့အေနနဲ႔ ဂယ္ရီ လိုင္ကာက “ သူက တကယ္ အရည္အခ်င္းရွိတဲ့ ေကာင္ေလးပဲ။ တကယ္ထိပ္တန္း ကစားသမားတစ္ေယာက္လို၊ ပါရမီရွင္ တစ္ေယာက္လို ကစားႏိုင္တယ္၊ သူဂိုးသြင္းႏိုင္တဲ့ အရည္အေသြးမ်ိဳးလည္း ရွိတယ္ ” လို႔ ခ်ီးက်ဴးခဲ့ပါတယ္။

စမစ္႐ိုဝီဟာ အာဆင္နယ္အသင္းရဲ႕ ထြန္းေတာက္လာမယ့္ ကစားသမားအျဖစ္ သတ္မွတ္ခံထားရၿပီး မီဆြတ္ အိုေဇးလ္ မရွိေတာ့တဲ့ ကြင္းလယ္ဖန္တီးရွင္ေနရာမွာ အေကာင္းဆုံး အစားထိုးႏိုင္မယ့္ ကစားသမားအျဖစ္ သတ္မွတ္ခံထားရပါတယ္။

အသက္ ၂၀ အ႐ြယ္သာ ရွိေသးတဲ့ ကြင္းလယ္တိုက္စစ္ကစားသမားေလးဟာ အာဆင္နယ္ အကယ္ဒမီက ေပၚထြက္လာသူ ျဖစ္ၿပီး နယူးကာဆယ္နဲ႔ပြဲမွာလည္း ဂိုးသြင္းႏိုင္ခဲ့သလို ပြဲခ်ိန္တစ္ေလွ်ာက္လုံး နယူးကာဆယ္ခံစစ္ကို အလုပ္ရႈပ္ေစခဲ့ပါတယ္။ လူငယ္ ၾကယ္ပြင့္ေလးကို ပြဲခ်ိန္ ၅၆ မိနစ္မွ လူစားလဲခဲ့ေပမယ့္ ဂန္းနားေတြလိုအပ္ေနတဲ့ ကြင္းလယ္ဖန္တီးရွင္ေနရာကို အေကာင္းဆုံး ျဖည့္ဆည္းႏိုင္ခဲ့ပါတယ္။

အခ်က္အလက္ေတြအရေတာ့ စမစ္႐ိုဝီဟာ ဂိုးေပါက္ၿခိမ္းေျခာက္မႈႏွစ္ႀကိမ္၊ ေပးပို႔မႈေအာင္ျမင္ႏႈန္း ၈၆.၂ ရာခိုင္ႏႈန္း၊ ေခါင္းယွဥ္တိုက္မႈ အႏိုင္ရရွိႏႈန္း ၁ ႀကိမ္၊ ေဘာလုံးထိခ်က္ ၄၆ ႀကိမ္၊ ၾကားျဖတ္လုယူမႈ ၂ ႀကိမ္၊ ရွင္းထုတ္မႈ ၂ ႀကိမ္နဲ႔ ျဖတ္တင္ေဘာ တစ္ႀကိမ္တို႔ ျပဳလုပ္ႏိုင္ခဲ့ပါတယ္။