စမစ္ ရို၀ီ မရွိရင္ အာဆင္နယ္ ေတာ္ေတာ္ တိုင္ပတ္ေနျပီလို႔ ရိုက္ သံုးသပ္

အာဆင်နယ် ဂန္ထဝင်ကစားသမားဟောင်း အီယန်ရိုက်က လက်ရှိအသင်းဟောင်း အနေအထားဟာ စမစ်ရိုဝီ ရဲ့လွှမ်းမိုးမှု မပါရင် ရုန်းကန်ရနိုင်တယ်လို့ သုံးသပ် ပြောကြားလိုက်ပါတယ်။

အသက် ၂၀ အရွယ် ကစားသမား ရိုဝီ ဟာ ပြီးခဲ့တဲ့အပတ်တွေကတည်းက အာဆင်နယ်ရဲ့ကွင်းလယ်ကို အကောင်းဆုံး ထိန်းကျောင်းနိုင်ခဲ့ကာ လိုအပ်နေတဲ့ ကွင်းလယ်ဖန်တီးရှင်နေရာကို ဖြည့်တင်းနိုင်ခဲ့တာဖြစ်ပါတယ်။

အီယန်ရိုက်ကတော့ စမစ်ရိုဝီရဲ့ စွမ်းဆောင်ရည်တွေသာ မပါဘူးဆိုရင် အာဆင်နယ်ဟာ ရုန်းကန်ရနိုင်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။

” စမစ်ဝီရိုရဲ့စွမ်းဆောင်ရည်သာ မပါရင် အာဆင်နယ်က အတော် တိုင်ပတ်ပြီး ရုန်းကန်ရနိုင်ပါတယ်။ သူပါဝင်ခဲ့တဲ့ ၃ ပွဲကို ကြည့်ရင် အာဆင်နယ်အတွက် သူ့ရဲ့အခန်းကဏ္ဍက ဘယ်လောက်အထိ အရေးပါသလဲဆိုတာကို မြင်နိုင်ပါတယ်။ ” လို့ အီယန်ရိုက်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

အာတီတာရဲ့ နယူးကာဆယ်နဲ့ပွဲမှာ အသင်းက လူစာရင်းကို ယခင်ပွဲကနေ ၇ နေရာလောက်အထိ အပြောင်းအလဲပြုလုပ်ခဲ့ပြီး ရင်ဆိုင်ခဲ့ပေမယ့် ပြိုင်ဘက် ခံစစ်ကိုကျော်ဖြတ်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမဲ့ ဆာကာ၊ လာကာဇက် နဲ့ စမစ်ရိုဝီတို့ ဝင်ရောက်လာချိန်မှာတော့ အာဆင်နယ်ဟာ အခွင့်အရေးတွေ ပိုမိုဖန်တီးလာနိုင်ခဲ့ကာ အနိုင်ဂိုးတွေ သွင်းနိုင်ခဲ့ပါတယ်။

Zawgyi – အာဆင္နယ္ ဂႏၴဝင္ကစားသမားေဟာင္း အီယန္႐ိုက္က လက္ရွိအသင္းေဟာင္း အေနအထားဟာ စမစ္႐ို၀ီ ရဲ႕လႊမ္းမိုးမႈ မပါရင္ ႐ုန္းကန္ရႏိုင္တယ္လို႔ သံုးသပ္ ေျပာၾကားလိုက္ပါတယ္။

အသက္ ၂၀ အ႐ြယ္ ကစားသမား ရို၀ီ ဟာ ၿပီးခဲ့တဲ့အပတ္ေတြကတည္းက အာဆင္နယ္ရဲ႕ကြင္းလယ္ကို အေကာင္းဆုံး ထိန္းေက်ာင္းႏိုင္ခဲ့ကာ လိုအပ္ေနတဲ့ ကြင္းလယ္ဖန္တီးရွင္ေနရာကို ျဖည့္တင္းႏိုင္ခဲ့တာျဖစ္ပါတယ္။

အီယန္႐ိုက္ကေတာ့ စမစ္႐ို၀ီရဲ႕ စြမ္းေဆာင္ရည္ေတြသာ မပါဘူးဆိုရင္ အာဆင္နယ္ဟာ ႐ုန္းကန္ရႏိုင္တယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့တာျဖစ္ပါတယ္။

” စမစ္၀ီ႐ိုရဲ႕စြမ္းေဆာင္ရည္သာ မပါရင္ အာဆင္နယ္က အေတာ္ တုိင္ပတ္ျပီး ႐ုန္းကန္ရႏိုင္ပါတယ္။ သူပါဝင္ခဲ့တဲ့ ၃ ပြဲကို ၾကည့္ရင္ အာဆင္နယ္အတြက္ သူ႔ရဲ႕အခန္းက႑က ဘယ္ေလာက္အထိ အေရးပါသလဲဆိုတာကို ျမင္ႏိုင္ပါတယ္။ ” လို႔ အီယန္႐ိုက္က ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။

အာတီတာရဲ႕ နယူးကာဆယ္နဲ႔ပြဲမွာ အသင္းက လူစာရင္းကို ယခင္ပြဲကေန ၇ ေနရာေလာက္အထိ အေျပာင္းအလဲျပဳလုပ္ခဲ့ၿပီး ရင္ဆိုင္ခဲ့ေပမယ့္ ျပိဳင္ဘက္ ခံစစ္ကိုေက်ာ္ျဖတ္ဖို႔ ႐ုန္းကန္ခဲ့ရပါတယ္။ ဒါေပမဲ့ ဆာကာ၊ လာကာဇက္ နဲ႔ စမစ္႐ို၀ီတို႔ ဝင္ေရာက္လာခ်ိန္မွာေတာ့ အာဆင္နယ္ဟာ အခြင့္အေရးေတြ ပိုမိုဖန္တီးလာႏိုင္ခဲ့ကာ အနုိင္ဂိုးေတြ သြင္းနုိင္ခဲ့ပါတယ္။