ေစ်းေလွ်ာ့ေရာင္းမယ့္ ဆဲလ္တစ္ တိုက္စစ္မွဴးကို အာဆင္နယ္ ေခၚယူဖြယ္ရွိ
ဆဲလ္တစ္အသင္းဟာ သူတို႔တိုက္စစ္မႉး ေအာ့ဆြန္နီအီဒိုေယာ့တ္အတြက္ သတ္မွတ္တန္ေၾကးကို ေလ်ာ့ ေရာင္းခ်ဖို႔ ျပင္ဆင္ေနၿပီး အာဆင္နယ္ကလည္း ေခၚယူဖြယ္ရွိေနတယ္လို႔ သိရပါတယ္။
အီဒိုေယာ့တ္ဟာ ၂၀၁၈ ခုႏွစ္က ပီအက္စ္ဂ်ီကေန ဆဲလ္တစ္ကို ေရာက္လာၿပီးကတည္းက ၁၅၁ ပြဲမွာ ၇၂ ဂိုးသြင္း ၃၅ ဂိုးဖန္တီးထားႏိုင္ခဲ့ပါတယ္။
ဆဲလ္တစ္မွာျပသေနတဲ့ေျခစြမ္းေတြေၾကာင့္ အီဒိုေယာ့တ္ကို အာဆင္နယ္အျပင္ ဂ်ဴဗင္တပ္စ္အသင္းကပါ စိတ္ဝင္စား လာပါတယ္။ အာဆင္နယ္ဟာ အသက္ ၂၂ ႏွစ္သားကို ေခၚယူခ်င္ခဲ့ေပမယ့္ ၿပီးခဲ့တဲ့ေႏြရာသီက ဆဲလ္တစ္ အသင္းဟာ ေပါင္သန္း ၄၀ ေတာင္းဆိုတာေၾကာင့္ ေနာက္ဆုတ္ခဲ့တာျဖစ္ပါတယ္။
သတင္းေထာက္ အီနာဇီယိုဂန္အာဒီကေတာ့ စေကာ့တလန္ကလပ္ဘက္က စာခ်ဳပ္သစ္အဆင္မေျပတာေၾကာင့္ သတ္မွတ္ တန္ေၾကးကို ေလ်ာ့ခ်ဖို႔ျပင္ဆင္လာတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။ ျပင္သစ္သားရဲ႕စာခ်ဳပ္သက္တမ္းက လာမယ့္ ၂၀၂၂ ခုႏွစ္မွာ ကုန္ဆုံးမွာျဖစ္ၿပီး ၿပီးခဲ့တဲ့အပတ္ေတြတုန္းက ဆဲလ္တစ္က စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ႀကိဳးစားခဲ့ေသးတာျဖစ္ပါတယ္။
ဒါေပမဲ့ စာခ်ဳပ္သစ္အတြက္ အဆင္မေျပခဲ့တာေၾကာင့္ ဆဲလ္တစ္က ေပါင္ ၂၂ သန္း နဲ႔ ၂၆ သန္းၾကားေလာက္ရရင္ လက္သင့္ခံဖြယ္ရွိေနပါတယ္။ အီဒိုေယာ့တ္ကို အာဆင္နယ္အသင္းက ခ်ိတ္ဆက္ေနၿပီး တီယာေနးကလည္း ဆဲလ္တစ္ကေန ေျပာင္းလာတာေၾကာင့္ အာဆင္နယ္ကိုကူညီေပးဖြယ္ရွိေနပါတယ္။
အာတီတာကလည္း တိုက္စစ္ပိုင္းအတြက္ အူဘာမီယန္းနဲ႔ လာကာဇက္တီတို႔ ႐ုန္းကန္ေနရတာေၾကာင့္ အားျဖည့္ခ်င္ ေနပါတယ္။ ဒါေပမဲ့ အာဆင္နယ္ အေနနဲ႔ ဆဲလ္တစ္စတားကို ေခၚယူဖို႔ လက္စတာနဲ႔ ယွဥ္ၿပိဳင္ရဖြယ္ရွိေနပါတယ္။ လက္စတာကေတာ့ ဆလီမာနီကို လက္လႊတ္ထားရတာေၾကာင့္ တိုက္စစ္ပိုင္းအားျဖည့္ခ်င္ေနပါတယ္။
Unicode
ဆဲလ်တစ်အသင်းဟာ သူတို့တိုက်စစ်မှူး အော့ဆွန်နီအီဒိုယော့တ်အတွက် သတ်မှတ်တန်ကြေးကို လျော့ ရောင်းချဖို့ ပြင်ဆင်နေပြီး အာဆင်နယ်ကလည်း ခေါ်ယူဖွယ်ရှိနေတယ်လို့ သိရပါတယ်။
အီဒိုယော့တ်ဟာ ၂၀၁၈ ခုနှစ်က ပီအက်စ်ဂျီကနေ ဆဲလ်တစ်ကို ရောက်လာပြီးကတည်းက ၁၅၁ ပွဲမှာ ၇၂ ဂိုးသွင်း ၃၅ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။
ဆဲလ်တစ်မှာပြသနေတဲ့ခြေစွမ်းတွေကြောင့် အီဒိုယော့တ်ကို အာဆင်နယ်အပြင် ဂျူဗင်တပ်စ်အသင်းကပါ စိတ်ဝင်စား လာပါတယ်။ အာဆင်နယ်ဟာ အသက် ၂၂ နှစ်သားကို ခေါ်ယူချင်ခဲ့ပေမယ့် ပြီးခဲ့တဲ့နွေရာသီက ဆဲလ်တစ် အသင်းဟာ ပေါင်သန်း ၄၀ တောင်းဆိုတာကြောင့် နောက်ဆုတ်ခဲ့တာဖြစ်ပါတယ်။
သတင်းထောက် အီနာဇီယိုဂန်အာဒီကတော့ စကော့တလန်ကလပ်ဘက်က စာချုပ်သစ်အဆင်မပြေတာကြောင့် သတ်မှတ် တန်ကြေးကို လျော့ချဖို့ပြင်ဆင်လာတယ်လို့ ဖော်ပြခဲ့ပါတယ်။ ပြင်သစ်သားရဲ့စာချုပ်သက်တမ်းက လာမယ့် ၂၀၂၂ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပြီး ပြီးခဲ့တဲ့အပတ်တွေတုန်းက ဆဲလ်တစ်က စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားခဲ့သေးတာဖြစ်ပါတယ်။
ဒါပေမဲ့ စာချုပ်သစ်အတွက် အဆင်မပြေခဲ့တာကြောင့် ဆဲလ်တစ်က ပေါင် ၂၂ သန်း နဲ့ ၂၆ သန်းကြားလောက်ရရင် လက်သင့်ခံဖွယ်ရှိနေပါတယ်။ အီဒိုယော့တ်ကို အာဆင်နယ်အသင်းက ချိတ်ဆက်နေပြီး တီယာနေးကလည်း ဆဲလ်တစ်ကနေ ပြောင်းလာတာကြောင့် အာဆင်နယ်ကိုကူညီပေးဖွယ်ရှိနေပါတယ်။
အာတီတာကလည်း တိုက်စစ်ပိုင်းအတွက် အူဘာမီယန်းနဲ့ လာကာဇက်တီတို့ ရုန်းကန်နေရတာကြောင့် အားဖြည့်ချင် နေပါတယ်။ ဒါပေမဲ့ အာဆင်နယ် အနေနဲ့ ဆဲလ်တစ်စတားကို ခေါ်ယူဖို့ လက်စတာနဲ့ ယှဉ်ပြိုင်ရဖွယ်ရှိနေပါတယ်။ လက်စတာကတော့ ဆလီမာနီကို လက်လွှတ်ထားရတာကြောင့် တိုက်စစ်ပိုင်းအားဖြည့်ချင်နေပါတယ်။