အာဆင်နယ် ပစ်မှတ် ဘွန်ဒီယာ ကို မရောင်းဘူး၊ ပေါင် သန်း ၄၀ ရမှလို့ ဈေးကိုင်ထားတဲ့ နောဝစ်ချ်

နောဝစ်ချ်အသင်းနည်းပြ ဒန်နီရယ်ဖာကီက အာဆင်နယ် အနေနဲ့ အိုဇေးလ်နေရာမှာ ဘွန်ဒီယာနဲ့ အစားထိုးဖို့ကို မေ့လိုက်ဖို့ သတိပေးပြောကြားလိုက်ပါတယ်။

အိုဇေးလ်ဟာ မကြာသေးခင်ကမှ အာဆင်နယ်ကနေ တူရကီကလပ် ဖီနာဘာချီ အသင်းကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပြီး အာတီတာ ကလည်း အိုဇေးလ်နေရာမှာ ဘွန်ဒီယာနဲ့ အစားထိုးချင်နေတာဖြစ်ပါတယ်။

ဒါပေမဲ့ နောဝစ်ချ်ကတော့ သူတို့ကစားသမားကို လိုချင်တယ်ဆိုရင်ပေါင်သန်း ၄၀ ပေးရမယ်လို့ တန်ကြေး သတ်မှတ်ထား လိုက်ပါတယ်။

ဒါပေမယ့် နောဝစ်ချ်အသင်းက ချန်ပီယံရှစ်ရဲ့အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေပြီး ပရီးမီးယားလိဂ်ကိုတန်းပြန်တက်နိုင်ဖို့ အခွင့်အရေးရှိနေတာကြောင့် ဘွန်ဒီယာကို ရောင်းချဖို့ လည်း မလိုလားဘူး ဖြစ်နေပါတယ်။

“ဘွန်ဒီယာက အခုအပြောင်းအရွှေ့မှာ ဘယ်အသင်းမှာ ပြောင်းမှာမဟုတ်ပါဘူး။ နောဝစ်ချ်မှာပဲ ၁၀၀ % ဆက်ရှိနေမှာပါ။ အသင်းဘက်ကလည်း ရောင်းချဖို့ အစီအစဉ်မရှိပါဘူး။ သူက ကျွန်တော်တို့ အသင်းရဲ့အရေးပါတဲ့ ကစားသမားပါ။ သူ့ကိုအသင်းမှာ ဆက်ထိန်းဖို့ ပြင်ဆင်ထားပါတယ်”လို့ ဖာကီက ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ဇန်နဝါရီ အပြောင်းအရွှေ့မှာ လှုပ်ရှားဖို့ ပြင်ဆင်ထားပြီး ဘွန်ဒီယာအပြင် ဒေါ့မွန်စတား ဂျူလီယန် ဘရန့် ကိုလည်း ချိတ်ဆက်နေပါတယ်။

Zawgyi – ေနာဝစ္ခ်္အသင္းနည္းျပ ဒန္နီရယ္ဖာကီက အာဆင္နယ္ အေနနဲ႔ အိုေဇးလ္ေနရာမွာ ဘြန္ဒီယာနဲ႔ အစားထိုးဖို႔ကို ေမ့လိုက္ဖို႔ သတိေပးေျပာၾကားလိုက္ပါတယ္။

အိုေဇးလ္ဟာ မၾကာေသးခင္ကမွ အာဆင္နယ္ကေန တူရကီကလပ္ ဖီနာဘာခ်ီ အသင္းကို ေျပာင္းေ႐ႊ႕သြားခဲ့တာျဖစ္ၿပီး အာတီတာ ကလည္း အိုေဇးလ္ေနရာမွာ ဘြန္ဒီယာနဲ႔ အစားထိုးခ်င္ေနတာျဖစ္ပါတယ္။

ဒါေပမဲ့ ေနာဝစ္ခ်္ကေတာ့ သူတို႔ကစားသမားကို လိုခ်င္တယ္ဆိုရင္ေပါင္သန္း ၄၀ ေပးရမယ္လို႔ တန္ေၾကး သတ္မွတ္ထား လိုက္ပါတယ္။

ဒါေပမယ့္ ေနာဝစ္ခ်္အသင္းက ခ်န္ပီယံရွစ္ရဲ႕အမွတ္ေပးဇယားထိပ္ဆုံးမွာ ဦးေဆာင္ေနၿပီး ပရီးမီးယားလိဂ္ကိုတန္းျပန္တက္ႏိုင္ဖို႔ အခြင့္အေရးရွိေနတာေၾကာင့္ ဘြန္ဒီယာကို ေရာင္းခ်ဖို႔ လည္း မလိုလားဘူး ျဖစ္ေနပါတယ္။

“ဘြန္ဒီယာက အခုအေျပာင္းအေ႐ႊ႕မွာ ဘယ္အသင္းမွာ ေျပာင္းမွာမဟုတ္ပါဘူး။ ေနာဝစ္ခ်္မွာပဲ ၁၀၀ % ဆက္ရွိေနမွာပါ။ အသင္းဘက္ကလည္း ေရာင္းခ်ဖို႔ အစီအစဥ္မရွိပါဘူး။ သူက ကြၽန္ေတာ္တို႔ အသင္းရဲ႕အေရးပါတဲ့ ကစားသမားပါ။ သူ႔ကိုအသင္းမွာ ဆက္ထိန္းဖို႔ ျပင္ဆင္ထားပါတယ္”လို႔ ဖာကီက ေျပာၾကားခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕မွာ လႈပ္ရွားဖို႔ ျပင္ဆင္ထားၿပီး ဘြန္ဒီယာအျပင္ ေဒါ့မြန္စတား ဂ်ဴလီယန္ ဘရန္႔ ကိုလည္း ခ်ိတ္ဆက္ေနပါတယ္။