အာဆင္နယ္အသင္း အတြက္ အားမကိုးရဘဲ ျပႆနာၾကီး ျဖစ္လာေနတဲ့ ကစားသမားမ်ား

အာဆင္နယ္ နည္းျပ အာတီတာဟာ ေတာင္ပံ တိုက္စစ္သမား ၂ ဦးျဖစ္တဲ့ ပီပီ နဲ႔ ဝီလီယံတို႔ဟာ အခုထိ ေျခစြမ္းေကာင္း မျပနိုင္ေသးတာက အဓိက ျပႆနာရွိေနေၾကာင္း အလန္ စမစ္က ေထာက္ျပ ေျပာၾကားလိုက္ပါတယ္။

အာဆင္နယ္ဟာ စေနေန႔တုန္းက အက္ဖ္ေအဖလား စတုတၳအဆင့္မွာ ေဆာက္သမ္တန္ကို အေရးနိမ့္ၿပီး ထြက္ခြာ ခဲ့ရတာ ျဖစ္ပါတယ္။ ထိုပြဲမွာ ဂန္းနားတို႔က ေတာင္တင္းတဲ့ လူစာရင္းနဲ႔ ေဆာက္သမ္တန္ကို ရင္ဆိုင္လာေပမယ့္ ေဆာက္သမ္တန္ကို ျပန္လည္ မတုံ႔ျပန္ႏိုင္ခဲ့ဘဲ အေရးနိမ့္ခဲ့ရတာျဖစ္ပါတယ္။

အာတီတာက ပြဲထြက္ လူစာရင္းမွာ ပီပီ နဲ႔ ဝီလီယံတို႔ကို ထည့္သြင္းခဲ့ေပမယ့္ အဆင္မေျပခဲ့ဘဲ တိုက္စစ္သမား နွစ္ဦးလံုးကို စီနီယာအသင္း လူစာရင္းမွာ ပါဝင္ႏိုင္ဖို႔အတြက္ သက္ေသျပဖို႔ လိုအပ္ေနပါေသးတယ္။

အလန္စမစ္က အာတီတာရဲ႕အာဆင္နယ္အသင္းဟာ စြမ္းေဆာင္ရည္က်ဆင္းေနတဲ့ ကစားသမား ၂ ဦးအထိ ရွိေနတာက ျပႆနာရွိေနတယ္လို႔ ဆိုခဲ့ပါတယ္။

“ကြၽန္ေတာ္မေသခ်ာပါဘူး။ ပီပီက ဒုတိယရာသီကိုျဖတ္သန္းေနပါၿပီ။ သူ႔အေနနဲ႔ အသားက်သင့္ၿပီလို႔ ထင္ပါတယ္။ ဝီလ်ံဆိုရင္လည္း ပရီးမီးယားလိဂ္မွာအသားက်ၿပီးသားပါ။ အိုေဇးလ္ျပႆနာၿပီးေတာ့ ပီပီနဲ႔ ဝီလ်ံတို႔ ျပႆနာက ဆက္လာပါတယ္”လို႔ စမစ္က ေျပာၾကားခဲ့ပါတယ္။

အာဆင္နယ္မွာ ပီပီနဲ႕ ၀ီလီယံတို႔ အားကိုး မရေပမယ့္ မာတီနယ္လီ နဲ႔ ဆာကာတို႔ဟာ ဒီရာသီမွာ ေျခစြမ္းျပေနတာေၾကာင့္ အာတီတာ အတြက္ ခံသာေနတာျဖစ္ပါတယ္။

Unicode

အာဆင်နယ်နည်းပြ အာတီတာဟာ တောင်ပံ တိုက်စစ်သမား ၂ ဦးဖြစ်တဲ့ ပီပီ နဲ့ ဝီလီယံတို့ဟာ အခုထိ ခြေစွမ်းကောင်း မပြနိုင်သေးတာက အဓိက ပြဿနာရှိနေကြောင်း အလန် စမစ်က ထောက်ပြ ပြောကြားလိုက်ပါတယ်။

အာဆင်နယ်ဟာ စနေနေ့တုန်းက အက်ဖ်အေဖလား စတုတ္ထအဆင့်မှာ ဆောက်သမ်တန်ကို အရေးနိမ့်ပြီး ထွက်ခွာ ခဲ့ရတာ ဖြစ်ပါတယ်။ ထိုပွဲမှာ ဂန်းနားတို့က တောင်တင်းတဲ့ လူစာရင်းနဲ့ ဆောက်သမ်တန်ကို ရင်ဆိုင်လာပေမယ့် ဆောက်သမ်တန်ကို ပြန်လည် မတုံ့ပြန်နိုင်ခဲ့ဘဲ အရေးနိမ့်ခဲ့ရတာဖြစ်ပါတယ်။

အာတီတာက ပွဲထွက် လူစာရင်းမှာ ပီပီ နဲ့ ဝီလီယံတို့ကို ထည့်သွင်းခဲ့ပေမယ့် အဆင်မပြေခဲ့ဘဲ တိုက်စစ်သမား နှစ်ဦးလုံးကို စီနီယာအသင်း လူစာရင်းမှာ ပါဝင်နိုင်ဖို့အတွက် သက်သေပြဖို့ လိုအပ်နေပါသေးတယ်။

အလန်စမစ်က အာတီတာရဲ့အာဆင်နယ်အသင်းဟာ စွမ်းဆောင်ရည်ကျဆင်းနေတဲ့ ကစားသမား ၂ ဦးအထိ ရှိနေတာက ပြဿနာရှိနေတယ်လို့ ဆိုခဲ့ပါတယ်။

“ကျွန်တော်မသေချာပါဘူး။ ပီပီက ဒုတိယရာသီကိုဖြတ်သန်းနေပါပြီ။ သူ့အနေနဲ့ အသားကျသင့်ပြီလို့ ထင်ပါတယ်။ ဝီလျံဆိုရင်လည်း ပရီးမီးယားလိဂ်မှာအသားကျပြီးသားပါ။ အိုဇေးလ်ပြဿနာပြီးတော့ ပီပီနဲ့ ဝီလျံတို့ ပြဿနာက ဆက်လာပါတယ်”လို့ စမစ်က ပြောကြားခဲ့ပါတယ်။

အာဆင်နယ်မှာ ပီပီနဲ့ ဝီလီယံတို့ အားကိုး မရပေမယ့် မာတီနယ်လီ နဲ့ ဆာကာတို့ဟာ ဒီရာသီမှာ ခြေစွမ်းပြနေတာကြောင့် အာတီတာ အတွက် ခံသာနေတာဖြစ်ပါတယ်။