ဒီည ဆောက်သမ်တန် Vs အာဆင်နယ် ပွဲ အတွက် ဘီဘီစီမှ လော်ရိုး သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်
Unicode
အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ အပတ်ကမှ ယှဉ်ပြိုင် ကစားကာ အရေးနိမ့်ထားတဲ့ ဆောက်သမ်တန် အသင်းကို ဒီတစ်ပတ် ပရီးမီးယားလိဂ်မှာလည်း ထပ်သွားပြီး ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။
ပွဲချိန်ကတော့ ဇန်နဝါရီ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့၊ နံနက် ၂း၄၅ နာရီ၊ စိန့်မေရီ ကွင်းမှာ ယှဉ်ပြိုင် ကြမှာပါ။ ဒီပွဲ အတွက် ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ဖြစ်တဲ့ လော်ရိုးက အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
” အရင်ရက်က အက်ဖ်အေဖလားပွဲ အဖြစ် စိန့်မေရီမှာ ယှဉ်ပြိုင်တဲ့ပွဲအတွင်း အာဆင်နယ်မန်နေဂျာ အာတီတာရဲ့ ထူးထူးဆန်းဆန်း လူထုတ်ပုံနဲ့အတူ ဂန်းနားတို့ရဲ့ ရလဒ်ကောင်းနေမှုက အဆုံးသတ်သွားခဲ့တယ်။
ဆောက်သမ်တန် ကစားနေတာက ကောင်းမွန်မှုရှိနေတာက အံ့သြစရာ မဟုတ်ပါဘူး။ အာဆင်နယ်က တောင့်တင်းတဲ့ လူစာရင်းကို ထုတ်သုံးလာမယ် ဆိုရင်တောင် ဒီပွဲမှာ စိန့်တွေပဲ နိုင်သွားမယ်လို့ပဲ ထင်ပါတယ်။ ” လို့ လော်ရိုးက သုံးသပ် ထားပါတယ်။
လော်ရိုး ခန့်မှန်းရလဒ် ကတော့ ဆောက်သမ်တန် ၂-၁ အာဆင်နယ် ဖြစ်ပါတယ်။