ဒီတစ်ပတ် အာဆင်နယ် Vs မန်ချက်စတာယူနိုက်တက် ပွဲအတွက် လော်ရိုးရဲ့ သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်

ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၂၁ မှာတော့မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အာဆင်နယ်နဲ့ ထိပ်တိုက် တွေ့ဆုံနေပြီး ဂန်းနားတို့ အိမ်ကွင်း အမ်းမရိတ် ကွင်းမှာ ယှဉ်ပြိုင် ကစားကြမှာပါ။ ပွဲချိန်ကတော့ လာမယ့် ဇန်နဝါရီ ၃၀ ရက်၊ စနေနေ့ည ၁၂ နာရီ မှာ ဖြစ်ပါတယ်။

ဒီပွဲစဉ်အတွက် ဘီဘီစီ သတင်းဌာနမှ ပင်တိုင်သုံးသပ်သူ ဂန်းနားဟောင်းကြီး လော်ရိုးက ခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” ကျနော်ကတော့ အာဆင်နယ် ကွင်းလယ်မှာ ကစားသမားသစ် မာတင် အိုဒီဂတ် ဘယ်လို ဝင်ကစားမလဲ စောင့်မျှော်နေပါပြီ။ သူက အချိန်ကောင်းမှာ ရောက်လာတာ ဖြစ်တယ်။ အာတီတာရဲ့ အသင်းဟာ ဒီနောက်ပိုင်းမှာ တော်တော်ကြီးကို ကောင်းကောင်း ကစားပြနေတယ်။ အရင်အပတ်က ဆောက်သမ်တန်ကို အက်ဖ်အေပွဲမှာ ရှုံးခဲ့တာကိုတော့ ဖယ်ထားလိုက်ပေါ့။

မန်ချက်စတာ ယူနိုက်တက်က ဗုဒ္ဓဟူးနေ့က ရှက်ဖီးယူနိုက်တက်ကို ရှုံးလိုက်တဲ့ ပွဲမှာ ခြေစွမ်း တော်တော် ညံ့ခဲ့ပါတယ်။ သူတို့ ဒီရာသီမှာ ဒီလို အိမ်ကွင်း ခြေစွမ်းမျိုး မကြာခဏ ဆိုသလို ဖြစ်နေတာ မြင်ခဲ့ရတယ်။ အိမ်ကွင်းထက် စာရင် ယူနိုက်တက်က အဝေးကွင်းမှာ ပိုကောင်းနေတယ်။

ဒါပေမယ့် ဂန်းနားတွေက နိုဝင်ဘာလတုန်းက အိုးထရက်ဖို့ဒ်မှာ အနိုင်ယူထားတယ်။ ကျနော်ကတော့ အမ်းမရိတ်မှာလည်း အာဆင်နယ်ပဲ အနိုင် သုံးမှတ်ပြည့် ယူသွားမယ်လို့ ခံစားမိနေတယ်။ ” လို့ လော်ရိုးက ဆိုပါတယ်။

လော်ရိုး ခန့်မှန်းရလဒ် ကတော့ အာဆင်နယ် ၂-၁ မန်ချက်စတာ ယူနိုက်တက် ဖြစ်ပါတယ်။

Zawgyi – ဒီတစ္ပတ္ ပရီးမီးယားလိဂ္ ပြဲစဥ္ ၂၁ မွာေတာ့မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ အာဆင္နယ္နဲ႕ ထိပ္တိုက္ ေတြ႔ဆံုေနျပီး ဂန္းနားတို႔ အိမ္ကြင္း အမ္းမရိတ္ ကြင္းမွာ ယွဥ္ျပိဳင္ ကစားၾကမွာပါ။ ပြဲခ်ိန္ကေတာ့ လာမယ့္ ဇန္န၀ါရီ ၃၀ ရက္၊ စေနေန႔ည ၁၂ နာရီ မွာ ျဖစ္ပါတယ္။

ဒီပြဲစဥ္အတြက္ ဘီဘီစီ သတင္းဌာနမွ ပင္တိုင္သံုးသပ္သူ ဂန္းနားေဟာင္းၾကီး ေလာ္ရိုးက ခုလို သံုးသပ္ ခန္႔မွန္းထားပါတယ္။

” က်ေနာ္ကေတာ့ အာဆင္နယ္ ကြင္းလယ္မွာ ကစားသမားသစ္ မာတင္ အိုဒီဂတ္ ဘယ္လို ၀င္ကစားမလဲ ေစာင့္ေမွ်ာ္ေနပါျပီ။ သူက အခ်ိန္ေကာင္းမွာ ေရာက္လာတာ ျဖစ္တယ္။ အာတီတာရဲ႕ အသင္းဟာ ဒီေနာက္ပိုင္းမွာ ေတာ္ေတာ္ၾကီးကို ေကာင္းေကာင္း ကစားျပေနတယ္။ အရင္အပတ္က ေဆာက္သမ္တန္ကို အက္ဖ္ေအပြဲမွာ ရွံဳးခဲ့တာကိုေတာ့ ဖယ္ထားလိုက္ေပါ့။

မန္ခ်က္စတာ ယူနိုက္တက္က ဗုဒၶဟူးေန႔က ရွက္ဖီးယူနိုက္တက္ကို ရွံဳးလိုက္တဲ့ ပြဲမွာ ေျခစြမ္း ေတာ္ေတာ္ ညံ့ခဲ့ပါတယ္။ သူတို႔ ဒီရာသီမွာ ဒီလို အိမ္ကြင္း ေျခစြမ္းမ်ိဳး မၾကာခဏ ဆိုသလို ျဖစ္ေနတာ ျမင္ခဲ့ရတယ္။ အိမ္ကြင္းထက္ စာရင္ ယူနိုက္တက္က အေ၀းကြင္းမွာ ပိုေကာင္းေနတယ္။

ဒါေပမယ့္ ဂန္းနားေတြက နုိ၀င္ဘာလတုန္းက အိုးထရက္ဖို႔ဒ္မွာ အနုိင္ယူထားတယ္။ က်ေနာ္ကေတာ့ အမ္းမရိတ္မွာလည္း အာဆင္နယ္ပဲ အနုိင္ သံုးမွတ္ျပည့္ ယူသြားမယ္လုိ႔ ခံစားမိေနတယ္။ ” လို႔ ေလာ္ရိုးက ဆိုပါတယ္။

ေလာ္ရိုး ခန္႔မွန္းရလဒ္ ကေတာ့ အာဆင္နယ္ ၂-၁ မန္ခ်က္စတာ ယူနိုက္တက္ ျဖစ္ပါတယ္။