ဇန္နဝါရီ အေျပာင္းအေ႐ႊ႕မပိတ္ခင္ေလး လႈပ္ရွားေနေသးတဲ့ အာတီတာ

အာဆင္နယ္ အသင္းနည္းျပ အာတီတာက ဇန္နဝါရီ အေျပာင္းအေ႐ႊ႕မပိတ္ခင္မွာ ကစားသမားတစ္ခ်ိဳ႕နဲ႔ပတ္သက္ၿပီး လုပ္ေဆာင္ေနေၾကာင္း အရိပ္အႁမြက္ဆိုခဲ့ပါတယ္။

အာဆင္နယ္ဟာ အိုဒီဂတ္ နဲ႔ မတ္႐ိုင္ယန္တို႔ကို ေခၚယူထားႏိုင္ခဲ့ၿပီး အိုေဇးလ္၊ ဆိုကေရးတစ္ ၊ ဆာလီဘာ နဲ႔ ကိုလာစီနက္စ္တို႔ကို လက္လႊတ္ခဲ့ပါတယ္။ ဒါ့အျပင္ အသင္းတာဝန္ရွိသူေတြဟာ နယ္လ္ဆင္ကို အငွားခ်ဖို႔ စီစဥ္ေနသလို မစ္လန္းႏိုင္းစ္ကိုလည္း အငွားခ်ဖို႔ စီစဥ္ေနပါတယ္။

“ကြၽန္ေတာ္တို႔ ေဆြးေႏြးမႈအခ်ိဳ႕ရွိေနပါတယ္။ ကစားသမားအခ်ိဳ႕က ပုံမွန္ပြဲထြက္ခြင့္လိုခ်င္တာေၾကာင့္ အသင္းေျပာင္းခ်င္ ေနပါတယ္။ အေျပာင္းအေ႐ႊ႕မပိတ္ခင္အထိေတာ့ အလုပ္လုပ္ေနမွာပါ”လို႔ အာတီတာက ေျပာၾကားခဲ့ပါတယ္။

အာဆင္နယ္ဟာ ယူႏိုက္တက္ကိုသေရက်ခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္ေနာက္ဆုံး ၇ ပြဲရႈံးပြဲမရွိစံခ်ိန္ဆက္ထိန္းႏိုင္ခဲ့ပါတယ္။

စပိန္သားကေတာ့ အသင္းသားေတြရဲ႕စြမ္းေဆာင္ရည္ကို ေက်နပ္အားရေနပါတယ္။ “ရလဒ္က မွ်တပါတယ္။ တကယ့္ကို ပြဲေကာင္းတစ္ပြဲျဖစ္ခဲ့ပါတယ္။

နွစ္သင္းစလုံးက အႏိုင္ရခ်င္ခဲ့ၿပီး ၿပိဳင္ဆိုင္မႈျပင္းထန္ခဲ့ပါတယ္။ အခြင့္အေရးေကာင္းေတြရခဲ့ၾကေပမယ့္ သေရရလဒ္က မွ်တပါတယ္”လို႔ အာတီတာက ေျပာၾကားခဲ့ပါတယ္။ အာဆင္နယ္ဟာ အဂၤါေန႔မွာ ဝုဗ္အသင္းနဲ႔ ရင္ဆိုင္ရမွာျဖစ္ပါတယ္။

Unicode

အာဆင်နယ် အသင်းနည်းပြ အာတီတာက ဇန်နဝါရီ အပြောင်းအရွှေ့မပိတ်ခင်မှာ ကစားသမားတစ်ချို့နဲ့ပတ်သက်ပြီး လုပ်ဆောင်နေကြောင်း အရိပ်အမြွက်ဆိုခဲ့ပါတယ်။

အာဆင်နယ်ဟာ အိုဒီဂတ် နဲ့ မတ်ရိုင်ယန်တို့ကို ခေါ်ယူထားနိုင်ခဲ့ပြီး အိုဇေးလ်၊ ဆိုကရေးတစ် ၊ ဆာလီဘာ နဲ့ ကိုလာစီနက်စ်တို့ကို လက်လွှတ်ခဲ့ပါတယ်။ ဒါ့အပြင် အသင်းတာဝန်ရှိသူတွေဟာ နယ်လ်ဆင်ကို အငှားချဖို့ စီစဉ်နေသလို မစ်လန်းနိုင်းစ်ကိုလည်း အငှားချဖို့ စီစဉ်နေပါတယ်။

“ကျွန်တော်တို့ ဆွေးနွေးမှုအချို့ရှိနေပါတယ်။ ကစားသမားအချို့က ပုံမှန်ပွဲထွက်ခွင့်လိုချင်တာကြောင့် အသင်းပြောင်းချင် နေပါတယ်။ အပြောင်းအရွှေ့မပိတ်ခင်အထိတော့ အလုပ်လုပ်နေမှာပါ”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ဟာ ယူနိုက်တက်ကိုသရေကျခဲ့ပြီးနောက် ပရီးမီးယားလိဂ်နောက်ဆုံး ၇ ပွဲရှုံးပွဲမရှိစံချိန်ဆက်ထိန်းနိုင်ခဲ့ပါတယ်။

စပိန်သားကတော့ အသင်းသားတွေရဲ့စွမ်းဆောင်ရည်ကို ကျေနပ်အားရနေပါတယ်။ “ရလဒ်က မျှတပါတယ်။ တကယ့်ကို ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်။

နှစ်သင်းစလုံးက အနိုင်ရချင်ခဲ့ပြီး ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ပါတယ်။ အခွင့်အရေးကောင်းတွေရခဲ့ကြပေမယ့် သရေရလဒ်က မျှတပါတယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။ အာဆင်နယ်ဟာ အင်္ဂါနေ့မှာ ဝုဗ်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။