ဒီည ၀ုဗ္နဲ႕ အာဆင္နယ္ပြဲအတြက္ ဘီဘီစီမွ ေလာ္ရိုးသံုးသပ္ခ်က္နဲ႕ ခန္႔မွန္းရလဒ္

အာဆင္နယ္ဟာ ဒီတစ္ပတ္ ပရီးမီးယားလိဂ္မွာေတာ့ ၀ုဗ္နဲ႕ ယွဥ္ျပိဳင္ရဖို႔ ရွိျပီး အေ၀းကြင္းမွာ သြားေရာက္ ကစားရမွာပါ။ ပြဲခ်ိန္ကေတာ့ ဒီေန႔ည ၁၂း၃၀ နာရီမွာ ျဖစ္ပါတယ္။

၀ုဗ္နဲ႕ အာဆင္နယ္ ပြဲစဥ္ အတြက္ ဘီဘီစီမွ ပင္တိုင္ သံုးသပ္သူ ျဖစ္တဲ့ ေလာ္ရိုးက အခုလို သံုးသပ္ ခန္႔မွန္းထားပါတယ္။

” စေနေန႔က ယူႏိုက္တက္ကို ရင္ဆိုင္ရာမွာ အာဆင္နယ္က ေတာင့္တင္းတဲ့ ကစားဟန္ကို ျပသႏိုင္ခဲ့တယ္။ အခုခ်ိန္မွာ သူတို႔က လိဂ္မွာ ၇ ပြဲဆက္ ရံႉးပြဲမရွိ ရလဒ္ကို ရယူထားပါတယ္။

ဝုဗ္ကေတာ့ လိဂ္မွာ ၈ ပြဲဆက္ကို ႏိုင္ပြဲမရထားတဲ့ အသင္းပါ။ ဒါေပမယ့္ ပဲေလစ့္ကို အေရးနိမ့္တဲ့ပြဲမွာ သူတို႔က အခြင့္အေရး ေကာင္းေတြ ျပသခဲ့သလို အငွားေခၚယူထားတဲ့ တိုက္စစ္သမား ဝီလီယမ္ ဂ်ိဳစ့္က ေကာင္းမြန္တဲ့ အေနအထားေတြ ျပသႏိုင္ခဲ့တယ္။ သူက ပိုေကာင္းလာဖို႔ ရွိေနပါတယ္။

ၿပီးခဲ့တဲ့ ႏိုဝင္ဘာတုန္းက မန္ေနဂ်ာဆန္တိုရဲ႕ အသင္းဟာ အမ္းမရိတ္မွာ အႏိုင္ရထားခဲ့တယ္။ အဲ့ပြဲမွာပဲ တိုက္စစ္မႉး ဂ်ီမီးနက္စ္က ျပင္းထန္တဲ့ ဦးေခါင္းဒဏ္ရာ ရရွိခဲ့တာ ျဖစ္ပါတယ္။ ဒီပြဲမွာေတာ့ သူတို႔ကပဲ ထပ္ၿပီး အႏိုင္ယူျပသြားမယ္လို႔ ခံစားေနရပါတယ္။ ” လို႔ ေလာ္ရိုးက ဆိုပါတယ္။

ေလာ္႐ိုး ခန႔္မွန္းရလဒ္ ကေတာ့ ဝုဗ္ ၂-၀ အာဆင္နယ္ ျဖစ္ပါတယ္။

Unicode

အာဆင်နယ်ဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်မှာတော့ ဝုဗ်နဲ့ ယှဉ်ပြိုင်ရဖို့ ရှိပြီး အဝေးကွင်းမှာ သွားရောက် ကစားရမှာပါ။ ပွဲချိန်ကတော့ ဒီနေ့ည ၁၂း၃၀ နာရီမှာ ဖြစ်ပါတယ်။

ဝုဗ်နဲ့ အာဆင်နယ် ပွဲစဉ် အတွက် ဘီဘီစီမှ ပင်တိုင် သုံးသပ်သူ ဖြစ်တဲ့ လော်ရိုးက အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” စနေနေ့က ယူနိုက်တက်ကို ရင်ဆိုင်ရာမှာ အာဆင်နယ်က တောင့်တင်းတဲ့ ကစားဟန်ကို ပြသနိုင်ခဲ့တယ်။ အခုချိန်မှာ သူတို့က လိဂ်မှာ ၇ ပွဲဆက် ရံှူးပွဲမရှိ ရလဒ်ကို ရယူထားပါတယ်။

ဝုဗ်ကတော့ လိဂ်မှာ ၈ ပွဲဆက်ကို နိုင်ပွဲမရထားတဲ့ အသင်းပါ။ ဒါပေမယ့် ပဲလေစ့်ကို အရေးနိမ့်တဲ့ပွဲမှာ သူတို့က အခွင့်အရေး ကောင်းတွေ ပြသခဲ့သလို အငှားခေါ်ယူထားတဲ့ တိုက်စစ်သမား ဝီလီယမ် ဂျိုစ့်က ကောင်းမွန်တဲ့ အနေအထားတွေ ပြသနိုင်ခဲ့တယ်။ သူက ပိုကောင်းလာဖို့ ရှိနေပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာတုန်းက မန်နေဂျာဆန်တိုရဲ့ အသင်းဟာ အမ်းမရိတ်မှာ အနိုင်ရထားခဲ့တယ်။ အဲ့ပွဲမှာပဲ တိုက်စစ်မှူး ဂျီမီးနက်စ်က ပြင်းထန်တဲ့ ဦးခေါင်းဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာတော့ သူတို့ကပဲ ထပ်ပြီး အနိုင်ယူပြသွားမယ်လို့ ခံစားနေရပါတယ်။ ” လို့ လော်ရိုးက ဆိုပါတယ်။

လော်ရိုး ခန့်မှန်းရလဒ် ကတော့ ဝုဗ် ၂-၀ အာဆင်နယ် ဖြစ်ပါတယ်။