ယူနိုက္တက္ ဂိုးသမားေတြ အားလံုး လက္စြမ္းေကာင္းေတြ ရွိေစခ်င္တယ္လို႔ ဆိုးရွား ေျပာ
ယူနိုက္တက္ နည္းျပ ဆိုးရွားဟာ မေန႔ညက ကစားခဲ့တဲ့ ဝက္စ္ဟမ္းနဲ႔ FA ဖလားပြဲစဥ္မွာလည္း ဖလားပြဲေတြဆို ပုံမွန္ ပြဲထြက္ေနက်ျဖစ္တဲ့ ဒင္းဟန္ဒါဆန္ကိုပဲ ပြဲထုတ္ကာ ဒီဂီယာကို အနားေပးခဲ့ပါတယ္။ ဒါေပမယ့္ ဒီဂီယာကို လာမယ့္ တနဂၤေႏြေန႔မွာ ကစားရမယ့္ ဝက္စ္ဘ႐ြန္းနဲ႔ပြဲမွာေတာ့ ျပန္လည္ ပြဲထြက္ခြင့္ေပးသြားဖြယ္ ရွိေနပါတယ္။
၂၃ ႏွစ္အ႐ြယ္ ဂိုးသမား ဟန္ဒါဆန္ကေတာ့ ရွက္ဖီးလ္ယူႏိုက္တက္နဲ႔အတူ ခ်န္ပီယံရွစ္နဲ႔ ပရီးမီးယားလိဂ္တို႔မွာ ၂ ရာသီ ကစားၿပီး ပထမဦးစားေပး ဂိုးသမားတစ္ဦးအျဖစ္ လက္စြမ္းျပသႏိုင္ခဲ့ပါတယ္။
ဒါေပမယ့္ ယူႏိုက္တက္မွာေတာ့ ဒီဂီယာကို မေက်ာ္ႏိုင္ခဲ့ေပမယ့္ ဖလားပြဲေတြမွာေတာ့ ႏိုဝင္ဘာလက စတင္ကာ ပြဲထြက္ ကစားခြင့္ ရရွိခဲ့ပါတယ္။ ဒီရာသီမွာ တည္ကန္ေဘာေတြ ရွင္းထုတ္ရာမွာ အားနည္းတတ္တဲ့ ဒီဂီယာရဲ႕ အမွားေတြကလည္း ပရိသတ္ေတြက သတိထားမိလာၾကပါတယ္။ ဒါေပမယ့္ ဒင္းဟန္ဒါဆန္ ရွိေနတာေၾကာင့္ အစားထိုးဖို႔လိုလာရင္ အဆင္သင့္ပါပဲ။
နည္းျပ အိုလီဂန္နာဆိုးလ္ရွားကေတာ့ “ကြၽန္ေတာ္တို႔ ဂိုးသမားေတြကို အၿမဲတမ္း အေကာင္းဆုံး လက္စြမ္းနဲ႔ညေတြကိုပဲ ပိုင္ဆိုင္ေစခ်င္ပါတယ္။ ဒီေန႔လည္း ကြၽန္ေတာ္တို႔ အားလုံးကို ရွင္းရွင္းလင္းလင္း လုပ္ႏိုင္ခဲ့ၿပီး ေနာက္ဆုံး ေခါင္းတိုက္ခ်က္က လြဲရင္ တစ္ပြဲလုံး ေဘာလုံးကေန မ်က္စိ လုံးဝမခြာခဲ့ပါဘူး။
ဂိုးသမား တစ္ေယာက္အေနနဲ႔ ေဒးဗစ္က ဒီႏွစ္ေတြထဲမွာ ပိုၿပီးကစားခြင့္ရခဲ့တယ္။ ဂိုးသမား တစ္ေယာက္ျဖစ္လာရင္ အာ႐ုံစူးစိုက္မႈ အရမ္းေကာင္းဖို႔လိုတယ္။ မ်က္လုံးက ေဘာလုံးဆီမွာပဲ ရွိေနရမယ္။ ႐ုတ္တရက္ျဖစ္ေပၚလာတဲ့ အေျခအေနတစ္ခု အေပၚမွာလည္း ခ်က္ခ်င္းတုံ႔ျပန္ၿပီး ကာကြယ္ႏိုင္ရမယ္။ ဒီနည္းလမ္းေတြကိုသာ ေက်ညက္ေနရင္ ကြၽန္ေတာ္တို႔ ဂိုးသမားေတြက ေနာက္ႏွစ္ေတြအမ်ားႀကီး အသုံးဝင္ေနဦးမွာပါ ” လို႔ ေျပာခဲ့ပါတယ္။
မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ဂိုးသမား ဒင္းဟန္ဒါဆန္ဟာ ဒီရာသီမွာ ၇ ပြဲသာ ပြဲထြက္ကစားခဲ့ရၿပီး ဆာဂ်ီယို႐ိုမီယို တစ္ရာသီစာ ပြဲထြက္ကစားခြင့္ရတဲ့ ပြဲအေရအတြက္နဲ႔ တူညီသြားခဲ့ေပမယ့္ ႐ိုမီယိုရဲ႕ အမ်ားဆုံး ပြဲထြက္ခြင့္ရခဲ့တဲ့ ၁၈ ပြဲေလာက္ ကစားရ႐ုံနဲ႔ေတာ့ ဟန္ဒါဆန္က ေက်နပ္ႏိုင္မွာ မဟုတ္ဘူးဆိုတာ ေသခ်ာပါတယ္။
ၿပိဳင္ပြဲစုံ ၁၀ ပြဲ ပြဲထြက္ကစားၿပီး ၁ ပြဲလူစားဝင္ ပါဝင္ခြင့္ရရွိထားတဲ့ ဟန္ဒါဆန္ဟာ ၅ ပြဲ clean sheet ရရွိထားၿပီး ပရီးမီးယားလိဂ္ ႏိုင္ပြဲရရွိမႈႏႈန္း ၁၀၀ ရာခိုင္ႏႈန္း ရရွိထားပါတယ္။
Unicode
ယူနိုက်တက် နည်းပြ ဆိုးရှားဟာ မနေ့ညက ကစားခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ FA ဖလားပွဲစဉ်မှာလည်း ဖလားပွဲတွေဆို ပုံမှန် ပွဲထွက်နေကျဖြစ်တဲ့ ဒင်းဟန်ဒါဆန်ကိုပဲ ပွဲထုတ်ကာ ဒီဂီယာကို အနားပေးခဲ့ပါတယ်။ ဒါပေမယ့် ဒီဂီယာကို လာမယ့် တနင်္ဂနွေနေ့မှာ ကစားရမယ့် ဝက်စ်ဘရွန်းနဲ့ပွဲမှာတော့ ပြန်လည် ပွဲထွက်ခွင့်ပေးသွားဖွယ် ရှိနေပါတယ်။
၂၃ နှစ်အရွယ် ဂိုးသမား ဟန်ဒါဆန်ကတော့ ရှက်ဖီးလ်ယူနိုက်တက်နဲ့အတူ ချန်ပီယံရှစ်နဲ့ ပရီးမီးယားလိဂ်တို့မှာ ၂ ရာသီ ကစားပြီး ပထမဦးစားပေး ဂိုးသမားတစ်ဦးအဖြစ် လက်စွမ်းပြသနိုင်ခဲ့ပါတယ်။
ဒါပေမယ့် ယူနိုက်တက်မှာတော့ ဒီဂီယာကို မကျော်နိုင်ခဲ့ပေမယ့် ဖလားပွဲတွေမှာတော့ နိုဝင်ဘာလက စတင်ကာ ပွဲထွက် ကစားခွင့် ရရှိခဲ့ပါတယ်။ ဒီရာသီမှာ တည်ကန်ဘောတွေ ရှင်းထုတ်ရာမှာ အားနည်းတတ်တဲ့ ဒီဂီယာရဲ့ အမှားတွေကလည်း ပရိသတ်တွေက သတိထားမိလာကြပါတယ်။ ဒါပေမယ့် ဒင်းဟန်ဒါဆန် ရှိနေတာကြောင့် အစားထိုးဖို့လိုလာရင် အဆင်သင့်ပါပဲ။
နည်းပြ အိုလီဂန်နာဆိုးလ်ရှားကတော့ “ကျွန်တော်တို့ ဂိုးသမားတွေကို အမြဲတမ်း အကောင်းဆုံး လက်စွမ်းနဲ့ညတွေကိုပဲ ပိုင်ဆိုင်စေချင်ပါတယ်။ ဒီနေ့လည်း ကျွန်တော်တို့ အားလုံးကို ရှင်းရှင်းလင်းလင်း လုပ်နိုင်ခဲ့ပြီး နောက်ဆုံး ခေါင်းတိုက်ချက်က လွဲရင် တစ်ပွဲလုံး ဘောလုံးကနေ မျက်စိ လုံးဝမခွာခဲ့ပါဘူး။
ဂိုးသမား တစ်ယောက်အနေနဲ့ ဒေးဗစ်က ဒီနှစ်တွေထဲမှာ ပိုပြီးကစားခွင့်ရခဲ့တယ်။ ဂိုးသမား တစ်ယောက်ဖြစ်လာရင် အာရုံစူးစိုက်မှု အရမ်းကောင်းဖို့လိုတယ်။ မျက်လုံးက ဘောလုံးဆီမှာပဲ ရှိနေရမယ်။ ရုတ်တရက်ဖြစ်ပေါ်လာတဲ့ အခြေအနေတစ်ခု အပေါ်မှာလည်း ချက်ချင်းတုံ့ပြန်ပြီး ကာကွယ်နိုင်ရမယ်။ ဒီနည်းလမ်းတွေကိုသာ ကျေညက်နေရင် ကျွန်တော်တို့ ဂိုးသမားတွေက နောက်နှစ်တွေအများကြီး အသုံးဝင်နေဦးမှာပါ ” လို့ ပြောခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂိုးသမား ဒင်းဟန်ဒါဆန်ဟာ ဒီရာသီမှာ ၇ ပွဲသာ ပွဲထွက်ကစားခဲ့ရပြီး ဆာဂျီယိုရိုမီယို တစ်ရာသီစာ ပွဲထွက်ကစားခွင့်ရတဲ့ ပွဲအရေအတွက်နဲ့ တူညီသွားခဲ့ပေမယ့် ရိုမီယိုရဲ့ အများဆုံး ပွဲထွက်ခွင့်ရခဲ့တဲ့ ၁၈ ပွဲလောက် ကစားရရုံနဲ့တော့ ဟန်ဒါဆန်က ကျေနပ်နိုင်မှာ မဟုတ်ဘူးဆိုတာ သေချာပါတယ်။
ပြိုင်ပွဲစုံ ၁၀ ပွဲ ပွဲထွက်ကစားပြီး ၁ ပွဲလူစားဝင် ပါဝင်ခွင့်ရရှိထားတဲ့ ဟန်ဒါဆန်ဟာ ၅ ပွဲ clean sheet ရရှိထားပြီး ပရီးမီးယားလိဂ် နိုင်ပွဲရရှိမှုနှုန်း ၁၀၀ ရာခိုင်နှုန်း ရရှိထားပါတယ်။