အာဆင်နယ်မှာ အငှားထွက်ကစားနေတဲ့ ဆီဘယ်လော့စ်အတွက် ရီးရဲလ် ဈေးသတ်မှတ်






Unicode

ရီးရဲလ်မက်ဒရစ် အသင်းကတော့ အာဆင်နယ်အသင်းမှာ အငှားကစားနေတဲ့ ကွင်းလယ် ကစားသမား ဆီဘယ်လော့စ် အတွက် ပေါင် ၂၂ သန်း တန်ကြေး သတ်မှတ်လိုက်ပါတယ်။

ဆီဘယ်လော့စ်ဟာ အာဆင်နယ်မှာ အငှားကစားနေတာ ၂ ရာသီ ရှိပြီ ဖြစ်ပြီး တကယ်လို့ဆန္ဒရှိမယ်ဆိုရင် အပြီးသတ် ခေါ်ယူခွင့် ရှိနေပါတယ်။

စပိန်သားဟာ ဒီရာသီ ပရီးမီးယားလိဂ်အတွက် ၁၀ ပွဲသာ ကစားခွင့်ရရှိနေတာဖြစ်ပါတယ်။ ဒါပေမဲ့ ရီးရဲလ်မက်ဒရစ် အသင်းဟာ ငွေကြေး တစ်ရပ် ရှာဖွေဖို့ ပြင်ဆင်နေတယ်လို့ သတင်းဌာနတစ်ခုက ဖော်ပြခဲ့ပါတယ်။

အာဆင်နယ်ဟာ နွေရာသီမှာ ကွင်းလယ်ကစားသမား တစ်ဦး ခေါ်ယူဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ ဘက်တစ်အသင်းကတော့ ဆီဘယ်လော့စ် ကို ဖက်ကီယာ နေရာမှာ အစားထိုးဖို့ စောင့်ကြည့်နေပါတယ်။

ဘက်တစ်အသင်းကလည်း ဖက်ကီယာကို ပြန်လည် ရောင်းချဖို့ ပြင်ဆင်နေပါတယ်။ အာဆင်နယ်အသင်းကတော့ လာမယ့် ရာသီမှာ ဥရောပဝင်ခွင့် တစ်နေရာရဖို့ မျှော်လင့်နေပါတယ်။