ဒီဂီယာနဲ့ ဆို မန်ချက်စတာ ယူနိုက်တက် ချန်ပီယံ မဖြစ်ဘူး တည့် သတိပေးလိုက်တဲ့ နဗီးလ်






Unicode

ယူနိုက်တက်နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က အသင်းဟောင်း အနေနဲ့ ထိပ်တန်းဂိုးသမား တစ်ဦး မခေါ်ယူရင် ချန်ပီယံ မဖြစ်နိုင်ဘူးလို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်မှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသနေတဲ့ ဂိုးသမားအဖြစ် ဒီဂီယာ တစ်ဦးတည်းသာ ရှိနေခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့အပတ်တုန်းက ဒီဂီယာက အမှားတွေသာ ပြုလုပ်လာခဲ့တာဖြစ်ပါတယ်။ နဗီးလ်က ယူနိုက်တက် အနေနဲ့ ဒီဂီယာလိုထိပ်တန်းကစားသမားတစ်ဦး ခေါ်ယူသင့်တယ်လို့ တိုက်တွန်းခဲ့ပါတယ်။

“ဒီဂီယာရဲ့လက်စွမ်းက အရင်တုန်းက တည်ငြိမ်ပေမယ့် အခုဆိုအမှားတွေ များလာပါတယ်။ ပွဲတွေမှာ အနိုင်ရရှိဖို့ဆိုရင် တစ်ဦးချင်းကယ်ဆယ်မှုတွေ လိုအပ်ပါတယ်။ အဲ့အတွက် ထိပ်တန်းဂိုးသမားတစ်ဦး လိုအပ်ပါတယ်”လို့ နဗီးလ်က ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ပစ်မှတ်တွေထဲမှာ တီကိုဂိုးသမား အော့ဘလက်လည်း ပါဝင်နေတာဖြစ်ပါတယ်။ ဒါပေမဲ့ ယူနိုက်တက်အသင်း အနေနဲ့ အော့ဘလက်ကိုခေါ်ယူမယ်ဆိုရင် ငွေကြေးအများကြီး သုံးရဖွယ်ရှိနေပါတယ်။ ဒါ့အပြင် မီလန်ဂိုးသမား ဒွန်နာရမ်မာ ၊ နစ်ပုပ် နဲ့ ရှမိုက်ကယ်တို့လည်း ယူနိုက်တက် ပစ်မှတ်ထဲမှာ ပါဝင်နေပါတယ်။