ဘင္ဖီကာနဲ႔ ပြဲက အံ့အားသင့္ဖြယ္ လြဲေခ်ာ္မႈအတြက္ အူဘာမီးယန္း အေျပာခံေနရ
အာဆင္နယ္တိုက္စစ္မႉး အူဘာမီယန္းဟာ ယမန္ေန႔ညက ဘင္ဖီကာနဲ႔ ပြဲစဥ္မွာ အပိုင္အခြင့္အေရးကို လြဲေခ်ာ္ခဲ့တာေၾကာင့္ ယခုႏွစ္ရာသီအတြင္း အဆိုး႐ြားဆုံး လြဲေခ်ာ္မႈအျဖစ္ ကင္ပြန္းတပ္ခံေနရပါတယ္။
အူဘာမီယန္းဟာ ေတာင္ပံျဖတ္တင္ေဘာကို အပိုင္ ပိတ္သြင္းခြင့္ရခဲ့ေပမဲ့ အံ့အားသင့္ဖြယ္ လြဲေခ်ာ္သြားခဲ့တာ ျဖစ္ပါတယ္။ အဆိုပါ ပိတ္သြင္းယူမႈက ထင္ထားသလို ျဖစ္မလာတဲ့အခါ အူဘာတစ္ေယာက္ စိတ္ပ်က္ေနတဲ့ ပုံကို ျမင္ေတြ႕ခဲ့ရကာ ေပါက္ကြဲေနခဲ့ပါတယ္။
ညာေတာင္ပံကေန ဘယ္လာရင္က ေတာက္ေလ်ာက္ဆြဲေျပးလာၿပီး ျဖတ္တင္ေဘာ ေပးခဲ့ရမွာ ဦးေဆာင္ဂိုးရႏိုင္တဲ့ အခြင့္အေရးကို အူဘာမီယန္းက လြဲေခ်ာ္ခဲ့တာပါ။ ဒီပြဲမွာ အူဘာ ဂိုးမသြင္းနိုင္ခဲ့ေပမယ့္ ဒုတိယပိုင္းမွာ ဆာကာ တစ္ဂိုးသြင္းေပးခဲ့ျပီး ဘင္ဖီကာနဲ႕ ၁ဂိုးစီ သေရ က်သြားခဲ့ရပါတယ္။
အူဘာမီယန္း လြဲေခ်ာ္မႈအေပၚ ပရိသတ္ေတြက တြစ္တာမွာ ေလွာင္ေျပာင္မႈေတြ ျပဳလုပ္ခဲ့ၾကရာ ပရိသတ္တစ္ေယာက္က “အူဘာမီယန္းက ဒီလို လြဲခဲ့တယ္ဆိုတာ ကေလးေတြကို ဘယ္လိုသြားရွင္းျပရမလဲ”လို႔ ေရးသားခဲ့ပါတယ္။
ေနာက္တစ္ဦးက “ဒီႏွစ္ရာသီ အဆိုး႐ြားဆုံး လြဲေခ်ာ္မႈပဲ”လို႔ ဆိုခဲ့သလို ေနာက္တစ္ဦးကလည္း “အပိုင္အခြင့္အေရးကို ဘယ္လိုလြဲခဲ့လဲဆိုတာ မယုံႏိုင္ဘူး။ ဒီလို အခြင့္အေရးႀကီးက လြဲဖို႔ ေတာ္ေတာ္ခက္တာပါ”လို႔ ေရးခဲ့ပါတယ္။
အာဆင္နယ္အသင္းဟာ ပစ္ဇီရဲ႕ ပင္နယ္တီဂိုးကို ဆာကာက ျပန္လည္ ေခ်ပခဲ့တာေၾကာင့္ ၁ဂိုးစီ သေရပြဲ ျဖစ္ခဲ့ပါယတ္။ ပြဲအၿပီးမွာ အူဘာမီယန္းက “ကြၽန္ေတာ္တို႔ ဒီထက္ ပိုေကာင္းေအာင္ ကစားခဲ့သင့္ၿပီး ဂိုးေတြအမ်ားႀကီးသြင္းႏိုင္ခဲ့သင့္ေပမဲ့ ၁ပြဲဆက္ႀကိဳးစားဖို႔ က်န္ပါေသးတယ္။ ဆာကာ ႀကိဳးစားတာ တကယ္ေကာင္းပါတယ္”လို႔ တြစ္တာမွာ ေရးသားခဲ့ပါတယ္။
Unicode
အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းဟာ ယမန်နေ့ညက ဘင်ဖီကာနဲ့ ပွဲစဉ်မှာ အပိုင်အခွင့်အရေးကို လွဲချော်ခဲ့တာကြောင့် ယခုနှစ်ရာသီအတွင်း အဆိုးရွားဆုံး လွဲချော်မှုအဖြစ် ကင်ပွန်းတပ်ခံနေရပါတယ်။
အူဘာမီယန်းဟာ တောင်ပံဖြတ်တင်ဘောကို အပိုင် ပိတ်သွင်းခွင့်ရခဲ့ပေမဲ့ အံ့အားသင့်ဖွယ် လွဲချော်သွားခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ပိတ်သွင်းယူမှုက ထင်ထားသလို ဖြစ်မလာတဲ့အခါ အူဘာတစ်ယောက် စိတ်ပျက်နေတဲ့ ပုံကို မြင်တွေ့ခဲ့ရကာ ပေါက်ကွဲနေခဲ့ပါတယ်။
ညာတောင်ပံကနေ ဘယ်လာရင်က တောက်လျောက်ဆွဲပြေးလာပြီး ဖြတ်တင်ဘော ပေးခဲ့ရမှာ ဦးဆောင်ဂိုးရနိုင်တဲ့ အခွင့်အရေးကို အူဘာမီယန်းက လွဲချော်ခဲ့တာပါ။ ဒီပွဲမှာ အူဘာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ဆာကာ တစ်ဂိုးသွင်းပေးခဲ့ပြီး ဘင်ဖီကာနဲ့ ၁ဂိုးစီ သရေ ကျသွားခဲ့ရပါတယ်။
အူဘာမီယန်း လွဲချော်မှုအပေါ် ပရိသတ်တွေက တွစ်တာမှာ လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့ကြရာ ပရိသတ်တစ်ယောက်က “အူဘာမီယန်းက ဒီလို လွဲခဲ့တယ်ဆိုတာ ကလေးတွေကို ဘယ်လိုသွားရှင်းပြရမလဲ”လို့ ရေးသားခဲ့ပါတယ်။
နောက်တစ်ဦးက “ဒီနှစ်ရာသီ အဆိုးရွားဆုံး လွဲချော်မှုပဲ”လို့ ဆိုခဲ့သလို နောက်တစ်ဦးကလည်း “အပိုင်အခွင့်အရေးကို ဘယ်လိုလွဲခဲ့လဲဆိုတာ မယုံနိုင်ဘူး။ ဒီလို အခွင့်အရေးကြီးက လွဲဖို့ တော်တော်ခက်တာပါ”လို့ ရေးခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ပစ်ဇီရဲ့ ပင်နယ်တီဂိုးကို ဆာကာက ပြန်လည် ချေပခဲ့တာကြောင့် ၁ဂိုးစီ သရေပွဲ ဖြစ်ခဲ့ပါယတ်။ ပွဲအပြီးမှာ အူဘာမီယန်းက “ကျွန်တော်တို့ ဒီထက် ပိုကောင်းအောင် ကစားခဲ့သင့်ပြီး ဂိုးတွေအများကြီးသွင်းနိုင်ခဲ့သင့်ပေမဲ့ ၁ပွဲဆက်ကြိုးစားဖို့ ကျန်ပါသေးတယ်။ ဆာကာ ကြိုးစားတာ တကယ်ကောင်းပါတယ်”လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။