အာဆင္နယ္ၾကယ္ပြင့္ စမစ္ ရို၀ီက စီေရာ္နယ္ဒို လို ျဖစ္လာမယ္ လို႔ ခ်ီးက်ဴးခံရျခင္း

အာဆင္နယ္ လူငယ္ၾကယ္ပြင့္ေလး စမစ္႐ိုဝီအေနနဲ႔ ေဘာ္လြန္းဒီေအာ္ဆု ၅ႀကိမ္ရရွိထားတဲ့ ဂ်ဴဗင္တပ္စ္တိုက္စစ္မႉး ေရာ္နယ္ဒိုလို ျဖစ္လာလိမ့္မယ္လို႔ အာဆင္နယ္ဂႏၴဝင္ေနာက္ခံလူ မာတင္ကီယြန္က ခ်ီးက်ဴးပါတယ္။

အသက္ ၂၀အ႐ြယ္ရွိ ကြင္းလယ္ဖန္တီးရွင္ စမစ္႐ိုဝီဟာ တနဂၤေႏြညက လက္စတာကို ၁-၃ ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ ႂကြက္သား ဒဏ္ရာေၾကာင့္ လူစားလဲခံခဲ့ရေပမယ့္ ၿပီးခဲ့တဲ့လေတြ အတြင္း အာဆင္နယ္အသင္း ရလဒ္ေတြ ျပန္လည္ ေကာင္းမြန္လာမႈမွာ အဓိက ေနရာကေန ေျခစြမ္းျပႏိုင္ခဲ့သူပါ။

သူဟာ ယခုရာသီမွာ ၂ဂိုးသြင္း၊ ဂိုးဖန္တီးမႈ ၆ႀကိမ္ ျပဳလုပ္ထားတဲ့အနက္ ၄ႀကိမ္က ပရီးမီးယားလိဂ္မွာျဖစ္ၿပီး ကီယြန္က စမစ္႐ိုဝီကို ခ်ီးက်းခဲ့တာျဖစ္ပါတယ္။

” လက္စတာနဲ႔ပြဲမွာ စမစ္ ရို၀ီ ကစားတာ သိပ္မေကာင္းခဲ့ေပမယ့္ အနာဂတ္မွာ အလားအလာ အမ်ားႀကီး ရွိပါတယ္။ သူက ေရာ္နယ္ဒို ေလာက္ေတာင္ ေကာင္းလာႏိုင္ပါတယ္ ” လို႔ ကီယြန္က ေျပာပါတယ္။

စမစ္႐ိုဝီရဲ႕ ဒဏ္ရာအေျခအေနကို အခုခ်ိန္အထိ အတိအက်မသိရေသးဘဲ အာဆင္နယ္က စေနေန႔မွာ ဘန္ေလနဲ႔ ပရီးမီးယားလိဂ္ အေဝးကြင္းပြဲ ကစားရမွာျဖစ္ပါတယ္။

Unicode

အာဆင်နယ် လူငယ်ကြယ်ပွင့်လေး စမစ်ရိုဝီအနေနဲ့ ဘော်လွန်းဒီအော်ဆု ၅ကြိမ်ရရှိထားတဲ့ ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုလို ဖြစ်လာလိမ့်မယ်လို့ အာဆင်နယ်ဂန္ထဝင်နောက်ခံလူ မာတင်ကီယွန်က ချီးကျူးပါတယ်။

အသက် ၂၀အရွယ်ရှိ ကွင်းလယ်ဖန်တီးရှင် စမစ်ရိုဝီဟာ တနင်္ဂနွေညက လက်စတာကို ၁-၃ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ကြွက်သား ဒဏ်ရာကြောင့် လူစားလဲခံခဲ့ရပေမယ့် ပြီးခဲ့တဲ့လတွေ အတွင်း အာဆင်နယ်အသင်း ရလဒ်တွေ ပြန်လည် ကောင်းမွန်လာမှုမှာ အဓိက နေရာကနေ ခြေစွမ်းပြနိုင်ခဲ့သူပါ။

သူဟာ ယခုရာသီမှာ ၂ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၆ကြိမ် ပြုလုပ်ထားတဲ့အနက် ၄ကြိမ်က ပရီးမီးယားလိဂ်မှာဖြစ်ပြီး ကီယွန်က စမစ်ရိုဝီကို ချီးကျးခဲ့တာဖြစ်ပါတယ်။

” လက်စတာနဲ့ပွဲမှာ စမစ် ရိုဝီ ကစားတာ သိပ်မကောင်းခဲ့ပေမယ့် အနာဂတ်မှာ အလားအလာ အများကြီး ရှိပါတယ်။ သူက ရော်နယ်ဒို လောက်တောင် ကောင်းလာနိုင်ပါတယ် ” လို့ ကီယွန်က ပြောပါတယ်။

စမစ်ရိုဝီရဲ့ ဒဏ်ရာအခြေအနေကို အခုချိန်အထိ အတိအကျမသိရသေးဘဲ အာဆင်နယ်က စနေနေ့မှာ ဘန်လေနဲ့ ပရီးမီးယားလိဂ် အဝေးကွင်းပွဲ ကစားရမှာဖြစ်ပါတယ်။