မန္ခ်က္စတာဒါဘီမွာ ယူနိုက္တက္ရဲ႕ အနာဂတ္ နည္းျပေလာင္းကို ျမင္ခဲ့ၾကတဲ့ ပရိသတ္မ်ား

မန္ခ်က္စတာယူႏိုက္တက္ ပရိသတ္ေတြကေတာ့ ကြင္းလယ္လူ ဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕ စိတ္ဓာတ္ကို ႀကိဳက္ၿပီးရင္း ႀကိဳက္ေနၾကျပီး တခ်ိန္ခ်ိန္မွာ အသင္းနည္းျပ ျဖစ္လာနုိင္တယ္လို႔ပါ မွတ္ခ်က္စကား ဆိုေနၾကပါျပီ။

မေန႔ညက ၿမိဳ႕ခံၿပိဳင္ဘက္ မန္စီးတီးအသင္းကို အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ ပြဲၿပီးခါနီးလို႔ လူစားလဲခံလိုက္ရေပမယ့္ လက္က်န္မိနစ္ အနည္းငယ္ကိုေတာင္ နည္းျပတစ္ေယာက္လို ကြင္းေဘးကေန စိုးရိမ္တစ္ႀကီးနဲ႔ မတ္တပ္ရပ္ၾကည့္ေနပုံေၾကာင့္ ပရိသတ္ေတြက ဖာနန္ဒက္စ္ကို ခ်ီးက်ဴး သေဘာက်ေနခဲ့ၾကတာ ျဖစ္ပါတယ္။

ေပၚတူဂီကြင္းလယ္ဖန္တီးရွင္ဟာ ၂-၀ နဲ႔အႏိုင္ယူကာ စီးတီးရဲ႕ ၂၁ ပြဲဆက္ ႏိုင္ပြဲစံခ်ိန္ကို ရပ္တန႔္ခဲ့တဲ့ပြဲစဥ္ရဲ႕ ထပ္ေဆာင္း အခ်ိန္ပိုမွာ လူစားလဲခံခဲ့ရတာ ျဖစ္ပါတယ္။ ဒါေပမယ့္ ဖာနန္ဒက္စ္တစ္ေယာက္ လူစားလဲၿပီးရင္ အရန္ခုံမွာ သြားထိုင္ေနရမယ့္ အစား နည္းျပအိုလီဂန္နာဆိုးလ္ရွားရဲ႕ ေဘးနားေလးကေန အသင္းရဲ႕လက္က်န္ပြဲခ်ိန္ေတြကို မတ္တပ္ရပ္ၿပီး ၾကည့္ေနခဲ့ပါတယ္။

အသက္ ၂၆ ႏွစ္အ႐ြယ္ ကြင္းလယ္ ကစားသမားဟာ ယူႏိုက္တက္ရဲ႕ အဖြင့္ဂိုးကိုလည္း တိုက္စစ္မႉး အန္တိုနီ မာရွယ္ေၾကာင့္ ရတဲ့ ပင္နယ္တီကေန သြင္းယူခဲ့ပါတယ္။

ပြဲၿပီးအင္တာဗ်ဴးမွာလည္း ယူႏိုက္တက္ကြင္းလယ္လူက “ ယူႏိုက္တက္က စီးတီးနဲ႔ပြဲစဥ္ တစ္ပြဲတည္းကို အႏိုင္ရခ်င္တာ မဟုတ္ပါဘူး။ ပြဲတိုင္းကိုႏိုင္ခ်င္ပါတယ္ ” လို႔ ေျပာခဲ့ပါတယ္။

ဖာနန္ဒက္စ္ရဲ႕ အသင္းအေပၚထားတဲ့ စိတ္ဓာတ္ေၾကာင့္ အနာဂတ္မွာ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ နည္းျပေတာင္ ျဖစ္လာႏိုင္တယ္ဆိုၿပီး ပရိသတ္ေတြက ထင္ေၾကးေပးလာၾကပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ ပရိသတ္ေတြဟာ ၂၀၂၀ ဇန္နဝါရီက စပို႔တင္းလစၥဘြန္းကေန ေျပာင္းေ႐ႊ႕လာၿပီးကတည္းက ဂိုးဖန္တီးမႈေတြနဲ႔ ဂိုးေတြမ်ားစြာ သြင္းယူခဲ့တဲ့ ဖာနန္ဒက္စ္ကို အဓိက ကစားသမားတစ္ေယာက္အျဖစ္ သတ္မွတ္ခဲ့ၾကတာ ျဖစ္ပါတယ္။

Unicode

မန်ချက်စတာယူနိုက်တက် ပရိသတ်တွေကတော့ ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ရဲ့ စိတ်ဓာတ်ကို ကြိုက်ပြီးရင်း ကြိုက်နေကြပြီး တချိန်ချိန်မှာ အသင်းနည်းပြ ဖြစ်လာနိုင်တယ်လို့ပါ မှတ်ချက်စကား ဆိုနေကြပါပြီ။

မနေ့ညက မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ပွဲပြီးခါနီးလို့ လူစားလဲခံလိုက်ရပေမယ့် လက်ကျန်မိနစ် အနည်းငယ်ကိုတောင် နည်းပြတစ်ယောက်လို ကွင်းဘေးကနေ စိုးရိမ်တစ်ကြီးနဲ့ မတ်တပ်ရပ်ကြည့်နေပုံကြောင့် ပရိသတ်တွေက ဖာနန်ဒက်စ်ကို ချီးကျူး သဘောကျနေခဲ့ကြတာ ဖြစ်ပါတယ်။

ပေါ်တူဂီကွင်းလယ်ဖန်တီးရှင်ဟာ ၂-၀ နဲ့အနိုင်ယူကာ စီးတီးရဲ့ ၂၁ ပွဲဆက် နိုင်ပွဲစံချိန်ကို ရပ်တန့်ခဲ့တဲ့ပွဲစဉ်ရဲ့ ထပ်ဆောင်း အချိန်ပိုမှာ လူစားလဲခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဖာနန်ဒက်စ်တစ်ယောက် လူစားလဲပြီးရင် အရန်ခုံမှာ သွားထိုင်နေရမယ့် အစား နည်းပြအိုလီဂန်နာဆိုးလ်ရှားရဲ့ ဘေးနားလေးကနေ အသင်းရဲ့လက်ကျန်ပွဲချိန်တွေကို မတ်တပ်ရပ်ပြီး ကြည့်နေခဲ့ပါတယ်။

အသက် ၂၆ နှစ်အရွယ် ကွင်းလယ် ကစားသမားဟာ ယူနိုက်တက်ရဲ့ အဖွင့်ဂိုးကိုလည်း တိုက်စစ်မှူး အန်တိုနီ မာရှယ်ကြောင့် ရတဲ့ ပင်နယ်တီကနေ သွင်းယူခဲ့ပါတယ်။

ပွဲပြီးအင်တာဗျူးမှာလည်း ယူနိုက်တက်ကွင်းလယ်လူက “ ယူနိုက်တက်က စီးတီးနဲ့ပွဲစဉ် တစ်ပွဲတည်းကို အနိုင်ရချင်တာ မဟုတ်ပါဘူး။ ပွဲတိုင်းကိုနိုင်ချင်ပါတယ် ” လို့ ပြောခဲ့ပါတယ်။

ဖာနန်ဒက်စ်ရဲ့ အသင်းအပေါ်ထားတဲ့ စိတ်ဓာတ်ကြောင့် အနာဂတ်မှာ မန်ချက်စတာယူနိုက်တက်ရဲ့ နည်းပြတောင် ဖြစ်လာနိုင်တယ်ဆိုပြီး ပရိသတ်တွေက ထင်ကြေးပေးလာကြပါတယ်။

မန်ချက်စတာယူနိုက်တက် ပရိသတ်တွေဟာ ၂၀၂၀ ဇန်နဝါရီက စပို့တင်းလစ္စဘွန်းကနေ ပြောင်းရွှေ့လာပြီးကတည်းက ဂိုးဖန်တီးမှုတွေနဲ့ ဂိုးတွေများစွာ သွင်းယူခဲ့တဲ့ ဖာနန်ဒက်စ်ကို အဓိက ကစားသမားတစ်ယောက်အဖြစ် သတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။