ရြန္းနီ က ဆိုးရွားျပီးရင္ ယူနိုက္တက္ နည္းျပ ျဖစ္လာမယ္လို႔ ေထာက္ခံလိုက္တဲ့ သရဲနီေဟာင္း
မန္ခ်က္စတာ ယူႏိုက္တက္ ကစားသမားေဟာင္းတစ္ေယာက္ျဖစ္တဲ့ ဂ်ပန္ကြင္းလယ္လူ ရွင္ဂ်ီကာဂါဝါက လက္ရွိနည္းျပ အိုလီဂန္နာဆိုးလ္ရွားထြက္ရင္ ယူႏိုက္တက္အတြက္ အသင့္ေတာ္ဆုံးနည္းျပကေတာ့ ဝိန္း႐ြန္းနီသာျဖစ္တယ္လို႔ ေထာက္ခံသြားပါတယ္။
ယူႏိုက္တက္မွာ အတူတြဲကစားခဲ့ဖူးတာေၾကာင့္လည္း ကာဂါဝါက ႐ြန္းနီ ယူႏိုက္တက္နည္းျပျဖစ္လာႏိုင္တဲ့ အဓိက အေၾကာင္းအရင္း ၃ ခု ရွိေၾကာင္း ေျပာခဲ့ပါတယ္။ ႐ြန္းနီဟာ လက္ရွိ ဒါဘီေကာင္တီ အသင္းကိုတာဝန္ယူေနၿပီး ယာယီ နည္းျပအျဖစ္ကေန အၿမဲတမ္းနည္းျပအျဖစ္ ဒီႏွစ္အေစာပိုင္းကမွ စတင္တာဝန္ယူခဲ့တာ ျဖစ္ပါတယ္။
အသက္ ၃၅ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ႐ြန္းနီဟာ ကစားသမားဘဝမွာ ႀကီးမားတဲ့ေအာင္ျမင္မႈေတြ ရွိခဲ့ၿပီးေနာက္ နည္းျပ ဘဝကိုေတာ့ အခုမွ စတင္ေျခခ်ခဲ့တာလည္း ျဖစ္ပါတယ္။ ႐ြန္းနီလို ဂႏၲဝင္ကစားသမားတစ္ေယာက္ကို အိုလ္ထရက္ဖို႔ဒ္မွာ နည္းျပအျဖစ္ ျပန္လည္ျမင္ေတြ႕ခြင့္ရမယ္ဆိုရင္ေတာ့ ယူႏိုက္တက္ပရိသတ္ေတြ ဘယ္သူမွ ကန႔္ကြက္မွာ မဟုတ္ပါဘူး။
ကာဂါဝါကိုယ္တိုင္လည္း အသင္းေဖာ္ေဟာင္းဟာ ယူႏိုက္တက္အတြက္ မွန္ကန္တဲ့ အေျဖတစ္ခုျဖစ္လာလိမ့္မယ္လို႔ ယုံၾကည္ေနပါတယ္။
ကာဂါဝါက “ လက္ရွိကမာၻ႔ထိပ္တန္းလိဂ္ႀကီးေတြကို ခန႔္မွန္းရတာ အရမ္းခက္ရပါတယ္၊ သူတို႔က လိုခ်င္တဲ့ရလဒ္မ်ိဳးမရတာနဲ႔ နည္းျပေတြကို ထုတ္ပယ္ေလ့ရွိၾကပါတယ္။ ဒါေပမယ့္ ႐ြန္းနီကေတာ့ နည္းျပအျဖစ္ ေအာင္ျမင္လိမ့္မယ္လို႔ထင္တယ္။ သူက မန္ခ်က္စတာယူႏိုက္တက္ရဲ႕ နည္းျပေတာင္ျဖစ္လာႏိုင္တယ္။
ဒီရာထူးကို ရယူဖို႔ သူ႔မွာ စိတ္ဓာတ္၊ အေတြ႕အႀကဳံနဲ႔ မွတ္တမ္းေကာင္းေတြ ပိုင္ဆိုင္ထားတယ္။ အခုေတာ့ ဒါဘီရဲ႕နည္းျပပါ ဒါေပမယ့္ မၾကာခင္ ပရီးမီးယားလိဂ္ အသင္း တစ္သင္းရဲ႕နည္းျပအျဖစ္နဲ႔ ေအာင္ျမင္လာလိမ့္မယ္။
ကြၽန္ေတာ္မန္ခ်က္စတာယူႏိုက္တက္ကို ေျပာင္းတုန္းကလည္း ဝိန္း႐ြန္းနီနဲ႔တြဲကစားခ်င္လို႔ကို ေျပာင္းခဲ့တာပါ။ သူက ကြင္းထဲေရာက္ရင္ေတာ့ လူတိုင္းထက္ပိုႀကိဳးစားတယ္၊ အသင္းေဖာ္ေတြကိုလည္း အားလုံးထက္ပိုၿပီး ကာကြယ္ေပးတယ္။ သူက အသင္းစိတ္ဓာတ္လည္းရွိတယ္၊ မန္ခ်က္စတာမွာ ကစားသမားေကာင္းေတြ အမ်ားႀကီးနဲ႔ ကစားခဲ့ရေပမယ့္ ဝိန္း႐ြန္းနီကေတာ့ အေကာင္းဆုံး ကစားသမား တစ္ေယာက္ပါပဲ ” လို႔ ေျပာခဲ့ပါတယ္။
Unicode
မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်းတစ်ယောက်ဖြစ်တဲ့ ဂျပန်ကွင်းလယ်လူ ရှင်ဂျီကာဂါဝါက လက်ရှိနည်းပြ အိုလီဂန်နာဆိုးလ်ရှားထွက်ရင် ယူနိုက်တက်အတွက် အသင့်တော်ဆုံးနည်းပြကတော့ ဝိန်းရွန်းနီသာဖြစ်တယ်လို့ ထောက်ခံသွားပါတယ်။
ယူနိုက်တက်မှာ အတူတွဲကစားခဲ့ဖူးတာကြောင့်လည်း ကာဂါဝါက ရွန်းနီ ယူနိုက်တက်နည်းပြဖြစ်လာနိုင်တဲ့ အဓိက အကြောင်းအရင်း ၃ ခု ရှိကြောင်း ပြောခဲ့ပါတယ်။ ရွန်းနီဟာ လက်ရှိ ဒါဘီကောင်တီ အသင်းကိုတာဝန်ယူနေပြီး ယာယီ နည်းပြအဖြစ်ကနေ အမြဲတမ်းနည်းပြအဖြစ် ဒီနှစ်အစောပိုင်းကမှ စတင်တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။
အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရွန်းနီဟာ ကစားသမားဘဝမှာ ကြီးမားတဲ့အောင်မြင်မှုတွေ ရှိခဲ့ပြီးနောက် နည်းပြ ဘဝကိုတော့ အခုမှ စတင်ခြေချခဲ့တာလည်း ဖြစ်ပါတယ်။ ရွန်းနီလို ဂန္တဝင်ကစားသမားတစ်ယောက်ကို အိုလ်ထရက်ဖို့ဒ်မှာ နည်းပြအဖြစ် ပြန်လည်မြင်တွေ့ခွင့်ရမယ်ဆိုရင်တော့ ယူနိုက်တက်ပရိသတ်တွေ ဘယ်သူမှ ကန့်ကွက်မှာ မဟုတ်ပါဘူး။
ကာဂါဝါကိုယ်တိုင်လည်း အသင်းဖော်ဟောင်းဟာ ယူနိုက်တက်အတွက် မှန်ကန်တဲ့ အဖြေတစ်ခုဖြစ်လာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။
ကာဂါဝါက “ လက်ရှိကမ္ဘာ့ထိပ်တန်းလိဂ်ကြီးတွေကို ခန့်မှန်းရတာ အရမ်းခက်ရပါတယ်၊ သူတို့က လိုချင်တဲ့ရလဒ်မျိုးမရတာနဲ့ နည်းပြတွေကို ထုတ်ပယ်လေ့ရှိကြပါတယ်။ ဒါပေမယ့် ရွန်းနီကတော့ နည်းပြအဖြစ် အောင်မြင်လိမ့်မယ်လို့ထင်တယ်။ သူက မန်ချက်စတာယူနိုက်တက်ရဲ့ နည်းပြတောင်ဖြစ်လာနိုင်တယ်။
ဒီရာထူးကို ရယူဖို့ သူ့မှာ စိတ်ဓာတ်၊ အတွေ့အကြုံနဲ့ မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ထားတယ်။ အခုတော့ ဒါဘီရဲ့နည်းပြပါ ဒါပေမယ့် မကြာခင် ပရီးမီးယားလိဂ် အသင်း တစ်သင်းရဲ့နည်းပြအဖြစ်နဲ့ အောင်မြင်လာလိမ့်မယ်။
ကျွန်တော်မန်ချက်စတာယူနိုက်တက်ကို ပြောင်းတုန်းကလည်း ဝိန်းရွန်းနီနဲ့တွဲကစားချင်လို့ကို ပြောင်းခဲ့တာပါ။ သူက ကွင်းထဲရောက်ရင်တော့ လူတိုင်းထက်ပိုကြိုးစားတယ်၊ အသင်းဖော်တွေကိုလည်း အားလုံးထက်ပိုပြီး ကာကွယ်ပေးတယ်။ သူက အသင်းစိတ်ဓာတ်လည်းရှိတယ်၊ မန်ချက်စတာမှာ ကစားသမားကောင်းတွေ အများကြီးနဲ့ ကစားခဲ့ရပေမယ့် ဝိန်းရွန်းနီကတော့ အကောင်းဆုံး ကစားသမား တစ်ယောက်ပါပဲ ” လို့ ပြောခဲ့ပါတယ်။