ယူနိုက္တက္ ေရာက္ျပီးမွ အုိင္ဗရီကို႔စ္ လက္ေရြးစင္က ေခၚခံလိုက္ရတဲ့ ဒီယာလို

မန်ချက်စတာ ယူနိုက်တက် လူငယ်ကစားသမားလေး အာမတ် ဒီယာလိုကတော့ မန်ချက်စတာ ရောက်ပြီးမှ ပိုတောက်ပလာကာ အိုင်ဗရီကို့စ် လက်ရွေးစင် အသင်းရဲ့ ရွေးချယ်ခေါ်ယူခြင်းကို ပထမဆုံး အကြိမ် ခံရပြီ ဖြစ်ပါတယ်။

ဒီယာလိုဟာ မကြာသေးခင်ကမှ ကလပ် အသင်းမှာ ပါဝင်ကစားခွင့်ရခဲ့ပြီး အေစီမီလန်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ယူရိုပါလိဂ် (၁၆)သင်းအဆင့် ရှုံးထွက်ပထမအကျော့ပွဲစဉ်မှာလည်း သူရဲ့ယူနိုက်တက်ကစားသမားဘဝ ပထမဦးဆုံးသွင်းဂိုးကို သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဆယ်ကျော်သက်တောင်ပံကစားသမားလေး ဒီယာလိုဟာ ပြီးခဲ့တဲ့ ဇန်နဝါရီဈေးကွက်ကမှ အတ္တလန်တာကနေ ယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ဆိုစီဒက်အသင်းကို (၄)ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ အသင်း အတွက် ပထမဆုံးအကြိမ်အဖြစ် ပါဝင်ကစားခဲ့သလို မီလန်အသင်းနဲ့ တစ်ဖက်ကို တစ်ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်မှာလည်း သူရဲ့ပထမဆုံးသွင်းဂိုးကိုပါ သွင်းယူနိုင်ခဲ့ပါတယ်။

ဒီယာလို ဟာ လက်ရှိအချိန်ထိ ယူနိုက်တက်အသင်း ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားရခြင်း မရှိသေးပေမယ့်လည်း ယူရိုပါလိဂ်နဲ့ အက်အေဖလားပြိုင်ပွဲတွေမှာ (၄)ပွဲ ပါဝင်ကစားထားပြီး သွင်းဂိုး(၁)ဂိုး သွင်းယူထားပါတယ်။

အိုင်ဗရီကို့စ်အသင်းမှာတော့ ဒီယာလို ဟာ သူရဲ့ယူနိုက်တက်အသင်းဖော်ဖြစ်တဲ့ နောက်ခံကစားသမား အဲရစ်ဘိုင်လီနဲ့အတူ ရွေးချယ်ခံရတာဖြစ်ပါတယ်။

အိုင်ဗရီကို့စ်အသင်းဟာ အာဖရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် မတ်လ (၂၆)ရက်နေ့မှာ နိုင်ဂျာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး မတ်လ(၃၀)ရက်နေ့မှာတော့ အီသီယိုးပီးယားအသင်းနဲ့ ဆက်လက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။

Zawgyi – မန္ခ်က္စတာ ယူႏိုက္တက္ လူငယ္ကစားသမားေလး အာမတ္ ဒီယာလိုကေတာ့ မန္ခ်က္စတာ ေရာက္ျပီးမွ ပိုေတာက္ပလာကာ အိုင္ဗရီကို႔စ္ လက္ေရြးစင္ အသင္းရဲ႕ ေရြးခ်ယ္ေခၚယူျခင္းကို ပထမဆံုး အၾကိမ္ ခံရျပီ ျဖစ္ပါတယ္။

ဒီယာလိုဟာ မၾကာေသးခင္ကမွ ကလပ္ အသင္းမွာ ပါဝင္ကစားခြင့္ရခဲ့ၿပီး ေအစီမီလန္အသင္းနဲ႔ ယွဥ္ၿပိဳင္ခဲ့ရတဲ့ ယူ႐ိုပါလိဂ္ (၁၆)သင္းအဆင့္ ရႈံးထြက္ပထမအေက်ာ့ပြဲစဥ္မွာလည္း သူရဲ႕ယူႏိုက္တက္ကစားသမားဘဝ ပထမဦးဆုံးသြင္းဂိုးကို သြင္းယူခဲ့တာ ျဖစ္ပါတယ္။

ဆယ္ေက်ာ္သက္ေတာင္ပံကစားသမားေလး ဒီယာလိုဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီေစ်းကြက္ကမွ အတၱလန္တာကေန ယူႏိုက္တက္အသင္းဆီကို ေျပာင္းေ႐ႊ႕လာခဲ့တာျဖစ္ၿပီး ဆိုစီဒက္အသင္းကို (၄)ဂိုးျပတ္နဲ႔ အႏိုင္ရခဲ့တဲ့ ယူ႐ိုပါလိဂ္ပြဲစဥ္မွာ အသင္း အတြက္ ပထမဆုံးအႀကိမ္အျဖစ္ ပါဝင္ကစားခဲ့သလို မီလန္အသင္းနဲ႔ တစ္ဖက္ကို တစ္ဂိုးစီ သေရက်ခဲ့တဲ့ ပြဲစဥ္မွာလည္း သူရဲ႕ပထမဆုံးသြင္းဂိုးကိုပါ သြင္းယူႏိုင္ခဲ့ပါတယ္။

ဒီယာလို ဟာ လက္ရွိအခ်ိန္ထိ ယူႏိုက္တက္အသင္း ပြဲထြက္ကစားသမားအျဖစ္ ပါဝင္ကစားရျခင္း မရွိေသးေပမယ့္လည္း ယူ႐ိုပါလိဂ္နဲ႔ အက္ေအဖလားၿပိဳင္ပြဲေတြမွာ (၄)ပြဲ ပါဝင္ကစားထားၿပီး သြင္းဂိုး(၁)ဂိုး သြင္းယူထားပါတယ္။

အိုင္ဗရီကို႔စ္အသင္းမွာေတာ့ ဒီယာလို ဟာ သူရဲ႕ယူႏိုက္တက္အသင္းေဖာ္ျဖစ္တဲ့ ေနာက္ခံကစားသမား အဲရစ္ဘိုင္လီနဲ႔အတူ ေ႐ြးခ်ယ္ခံရတာျဖစ္ပါတယ္။

အိုင္ဗရီကို႔စ္အသင္းဟာ အာဖရိကဇုန္ ကမာၻ႔ဖလားေျခစစ္ပြဲအျဖစ္ မတ္လ (၂၆)ရက္ေန႔မွာ ႏိုင္ဂ်ာအသင္းနဲ႔ ယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး မတ္လ(၃၀)ရက္ေန႔မွာေတာ့ အီသီယိုးပီးယားအသင္းနဲ႔ ဆက္လက္ရင္ဆိုင္ရမွာျဖစ္ပါတယ္။