အာဆင္နယ္္မွာ ဆက္ေနမလား အေျဖေပးလိုက္တဲ့ ကြင္းလယ္သမား အိုဒီဂတ္
ရီးရဲလ္မက္ဒရစ္ကေန အာဆင္နယ္သို႔လာေရာက္ကစားတဲ့ အငွား စာခ်ဳပ္သက္တမ္းကုန္ဆုံးၿပီးေနာက္ အမ္းမရိတ္ မွာ ဆက္ေနဖို႔အတြက္ မေသခ်ာေသးေၾကာင္း အိုဒီဂတ္က ေျပာဆိုလိုက္ပါတယ္။
ဘာေနဗ်ဴးမွာ ပုံမွန္ပြဲထြက္ခြင့္ရရွိဖို႔အတြက္ ႐ုန္းကန္ခဲ့ရၿပီးေနာက္ အသက္ ၂၂ ႏွစ္အ႐ြယ္ကစားသမားဟာ ေဆာင္းရာသီ အေျပာင္းအေ႐ႊ႕မွာ အာဆင္နယ္သို႔ အငွား ေရာက္ရွိလာတာျဖစ္ပါတယ္။
သူ႔ရဲ႕အနာဂတ္ႏွင့္ပတ္သက္ၿပီးသတင္းေတြက ရႈပ္ေထြးေနကာ သက္တမ္းတိုးၿပီး အဂၤလန္မွာဆက္ေနမလား၊ ဒါမွ မဟုတ္ စပိန္သို႔ျပန္မလား ေ႐ြးခ်ယ္ရမွာျဖစ္ကာ ကစားသမားကေတာ့ ေႏြရာသီအစီစဥ္ႏွင့္ပတ္သက္ၿပီး ေဆြးေႏြး ထားတာ မရွိေသးပါဘူးလို႔ ေျပာဆိုထားပါတယ္။
အာဆင္နယ္ရွိသူ႔ရဲ႕အနာဂတ္ကိုေမးျမန္းရာမွာေတာ့ “ အ႐ိုးသားဆုံးေျပာရရင္ေတာ့ အဲ့ဒီအေၾကာင္းကို ကြၽန္ေတာ္ မစဥ္းစားရေသးပါဘူး၊ ေႏြရာသီမတိုင္ခင္အထိေတာ့ စာခ်ဳပ္ကရွိေနၿပီး အဲ့ဒီအတြက္သာ ကြၽန္ေတာ္ အာ႐ုံစိုက္ေနပါ တယ္။ ကြၽန္ေတာ္က တည္တည္ၿငိမ္ၿငိမ္နဲ႔ပဲ တိုးတက္ခ်င္ပါတယ္ ” လို႔ အိုဒီဂတ္က ေျဖၾကားခဲ့ပါတယ္။
အိုဒီဂတ္ဟာ ေျမာက္လန္ဒန္မွာ အလြယ္တကူပဲအသားက်ခဲ့ၿပီး ၁၂ပြဲ ကစားခဲ့ၿပီး ၂ဂိုးသြင္းယူေပးထားခဲ့ကာ နံပါတ ၁၀ ေနရာကို ေကာင္းေကာင္း တာဝန္ယူေနတာျဖစ္ပါတယ္။
အဂၤလန္က အေတြ႕အႀကဳံႏွင့္ပတ္သက္ၿပီး “ တည္တည္ၿငိမ္ၿငိမ္ပဲ စတင္ႏိုင္ခဲ့တဲ့အတြက္ ေကာင္းတယ္လို႔ေျပာလို႔ ရပါတယ္။ အသင္းရဲ႕ကစားကြက္ႏွင့္ လ်င္လ်င္ျမန္ျမန္ပဲ အသားက်ခဲ့ပါတယ္။ တစ္ကိုယ္ေကာင္းဆန္မႈမရွိဘဲ ေန႔စဥ္ တိုင္းမွာ ပိုပိုၿပီး ေကာင္းမြန္လာပါတယ္ ” လို႔ အိုဒီဂတ္က ေျပာပါတယ္။
အာတီတာနဲ႕ အလုပ္တြဲလုပ္ရတဲ့အေပၚလည္း ၄င္းက “ သူက ေတာ္ေတာ္ေလးကို ေကာင္းပါတယ္၊ သူ႔ဆီကေနလည္း သင္ယူစရာေတြက အမ်ားႀကီးပါ။ သူေျပာတဲ့အတိုင္းကို မ်က္လုံးဖြင့္ လိုက္နာလိုက္႐ုံပါပဲ ” လို႔ ေျပာဆိုခဲ့ပါတယ္။
အခုေတာ့ အိုဒီဂတ္ဟာ ေနာ္ေဝအသင္းႏွင့္အတူ ၂၀၂၂ ကမာၻ႔ဖလားကို ေျခစစ္ပြဲကို စတင္ဖို႔အတြက္ အာ႐ုံစိုက္ေန တာ ျဖစ္ေသာ္လည္း အာဆင္နယ္မွာလည္း လုပ္ေဆာင္ဖြယ္ရာေတြ အမ်ားႀကီး က်န္ရွိေနပါေသးတယ္။
Unicode
ရီးရဲလ်မက်ဒရစ်ကနေ အာဆင်နယ်သို့လာရောက်ကစားတဲ့ အငှား စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် အမ်းမရိတ် မှာ ဆက်နေဖို့အတွက် မသေချာသေးကြောင်း အိုဒီဂတ်က ပြောဆိုလိုက်ပါတယ်။
ဘာနေဗျူးမှာ ပုံမှန်ပွဲထွက်ခွင့်ရရှိဖို့အတွက် ရုန်းကန်ခဲ့ရပြီးနောက် အသက် ၂၂ နှစ်အရွယ်ကစားသမားဟာ ဆောင်းရာသီ အပြောင်းအရွှေ့မှာ အာဆင်နယ်သို့ အငှား ရောက်ရှိလာတာဖြစ်ပါတယ်။
သူ့ရဲ့အနာဂတ်နှင့်ပတ်သက်ပြီးသတင်းတွေက ရှုပ်ထွေးနေကာ သက်တမ်းတိုးပြီး အင်္ဂလန်မှာဆက်နေမလား၊ ဒါမှ မဟုတ် စပိန်သို့ပြန်မလား ရွေးချယ်ရမှာဖြစ်ကာ ကစားသမားကတော့ နွေရာသီအစီစဉ်နှင့်ပတ်သက်ပြီး ဆွေးနွေး ထားတာ မရှိသေးပါဘူးလို့ ပြောဆိုထားပါတယ်။
အာဆင်နယ်ရှိသူ့ရဲ့အနာဂတ်ကိုမေးမြန်းရာမှာတော့ “ အရိုးသားဆုံးပြောရရင်တော့ အဲ့ဒီအကြောင်းကို ကျွန်တော် မစဉ်းစားရသေးပါဘူး၊ နွေရာသီမတိုင်ခင်အထိတော့ စာချုပ်ကရှိနေပြီး အဲ့ဒီအတွက်သာ ကျွန်တော် အာရုံစိုက်နေပါ တယ်။ ကျွန်တော်က တည်တည်ငြိမ်ငြိမ်နဲ့ပဲ တိုးတက်ချင်ပါတယ် ” လို့ အိုဒီဂတ်က ဖြေကြားခဲ့ပါတယ်။
အိုဒီဂတ်ဟာ မြောက်လန်ဒန်မှာ အလွယ်တကူပဲအသားကျခဲ့ပြီး ၁၂ပွဲ ကစားခဲ့ပြီး ၂ဂိုးသွင်းယူပေးထားခဲ့ကာ နံပါတ ၁၀ နေရာကို ကောင်းကောင်း တာဝန်ယူနေတာဖြစ်ပါတယ်။
အင်္ဂလန်က အတွေ့အကြုံနှင့်ပတ်သက်ပြီး “ တည်တည်ငြိမ်ငြိမ်ပဲ စတင်နိုင်ခဲ့တဲ့အတွက် ကောင်းတယ်လို့ပြောလို့ ရပါတယ်။ အသင်းရဲ့ကစားကွက်နှင့် လျင်လျင်မြန်မြန်ပဲ အသားကျခဲ့ပါတယ်။ တစ်ကိုယ်ကောင်းဆန်မှုမရှိဘဲ နေ့စဉ် တိုင်းမှာ ပိုပိုပြီး ကောင်းမွန်လာပါတယ် ” လို့ အိုဒီဂတ်က ပြောပါတယ်။
အာတီတာနဲ့ အလုပ်တွဲလုပ်ရတဲ့အပေါ်လည်း ၎င်းက “ သူက တော်တော်လေးကို ကောင်းပါတယ်၊ သူ့ဆီကနေလည်း သင်ယူစရာတွေက အများကြီးပါ။ သူပြောတဲ့အတိုင်းကို မျက်လုံးဖွင့် လိုက်နာလိုက်ရုံပါပဲ ” လို့ ပြောဆိုခဲ့ပါတယ်။
အခုတော့ အိုဒီဂတ်ဟာ နော်ဝေအသင်းနှင့်အတူ ၂၀၂၂ ကမ္ဘာ့ဖလားကို ခြေစစ်ပွဲကို စတင်ဖို့အတွက် အာရုံစိုက်နေ တာ ဖြစ်သော်လည်း အာဆင်နယ်မှာလည်း လုပ်ဆောင်ဖွယ်ရာတွေ အများကြီး ကျန်ရှိနေပါသေးတယ်။