ေႏြမွာ အိုဒီဂတ္ ကို ေခၚမရရင္ အျခား ပစ္မွတ္ စီစဥ္ထားတဲ့ အာဆင္နယ္
အာဆင္နယ္အသင္းဟာ လာမယ့္ ေႏြရာသီ အေျပာင္းအေ႐ႊ႕ေဈးကြက္မွာ လက္ရွိ အငွား ေခၚထားတဲ့ ရီးရဲလ္ ကြင္းလယ္ မာတင္အိုဒီဂတ္အား ေခၚယူေရး မေအာင္ျမင္ရင္ အစားထိုး ပစ္မွတ္ အျဖစ္ ယခင္ ခ်ိန္ရြယ္ဖူးတဲ့ နာေဘးလ္ ဖယ္ကီရာ အား ႀကိဳးပမ္းသြားဖြယ္ ရွိေနပါတယ္။
အာဆင္နယ္ဟာ ၂၀၁၉ခုႏွစ္တုန္းကလိုင္ယြန္မွ ဘက္တစ္သို႔ ဖယ္ကီရာ မေျပာင္းမီတုန္းက ကာလရွည္ၾကာ စိတ္ဝင္စား ခဲ့ဖူးတဲ့အသင္း ျဖစ္ပါတယ္။ ျပင္သစ္ လက္ေ႐ြးစင္ ကစားသမားဟာ စပိန္မွာ နွစ္ရာသီ ကစားစဥ္အတြင္း အေကာင္းဆုံး ပုံစံျဖင့္ ဆက္ ကစားေနျပီး အာဆင္နယ္ရဲ႕ စိတ္ဝင္စားျခင္း ဆက္လက္ ခံေနရတုန္းျဖစ္ပါတယ္။
ေျခစြမ္းျပေနတဲ့ အိုဒီဂတ္ကို အျပီး ၀ယ္ယူလိုေပမယ့္ အငွား စာခ်ဳပ္မွာက ၀ယ္ယူခြင့္ မပါရွိထားတာေၾကာင့္ ဂန္းနားတို႔ ၾကိဳးစား ညွိနိႈင္းရဦးမွာပါ။
ဒါေၾကာင့္ အိုဒီဂတ္နဲ႕ ဆီးဘယ္ေလာ့ကိုသာ တျပိဳင္နက္ လက္လႊတ္ရရင္ အစားထိုး ေခၚယူဖို႔ အာဆင္နယ္က ဖယ္ကီရာကို ေစာင့္ၾကည့္ ခ်ိန္ရြယ္လာျပန္တာ ျဖစ္ပါတယ္။
ဘက္တစ္ဟာ ဘ႑ာေရးျပႆနာမ်ားေၾကာင့္ ေငြေၾကး လိုအပ္ခ်က္မ်ား ရွိေနၿပီး ေႏြရာသီမွာ ကစားသမား ေရာင္းခ်ၿပီး ေငြရွာေဖြသြားဖို႔ ရွိေနပါတယ္။ ဖယ္ကီရာဟာ ဘက္တစ္အတြက္ ကစားတဲ့ ပထမရာသီမွာ ၇ဂိုးသြင္းကာ ၄ႀကိမ္ ဂိုး ဖန္တီးႏိုင္ခဲ့ပါတယ္။ ဒီရာသီမွာလည္း ၄င္းက ၃ဂိုးသြင္းကာ ၅ႀကိမ္ ဖန္တီးထားပါတယ္။
Unicode
အာဆင်နယ်အသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ လက်ရှိ အငှား ခေါ်ထားတဲ့ ရီးရဲလ် ကွင်းလယ် မာတင်အိုဒီဂတ်အား ခေါ်ယူရေး မအောင်မြင်ရင် အစားထိုး ပစ်မှတ် အဖြစ် ယခင် ချိန်ရွယ်ဖူးတဲ့ နာဘေးလ် ဖယ်ကီရာ အား ကြိုးပမ်းသွားဖွယ် ရှိနေပါတယ်။
အာဆင်နယ်ဟာ ၂၀၁၉ခုနှစ်တုန်းကလိုင်ယွန်မှ ဘက်တစ်သို့ ဖယ်ကီရာ မပြောင်းမီတုန်းက ကာလရှည်ကြာ စိတ်ဝင်စား ခဲ့ဖူးတဲ့အသင်း ဖြစ်ပါတယ်။ ပြင်သစ် လက်ရွေးစင် ကစားသမားဟာ စပိန်မှာ နှစ်ရာသီ ကစားစဉ်အတွင်း အကောင်းဆုံးပုံစံဖြင့် ဆက် ကစားနေပြီး အာဆင်နယ်ရဲ့ စိတ်ဝင်စားခြင်း ဆက်လက် ခံနေရတုန်းဖြစ်ပါတယ်။
ခြေစွမ်းပြနေတဲ့ အိုဒီဂတ်ကို အပြီး ဝယ်ယူလိုပေမယ့် အငှား စာချုပ်မှာက ဝယ်ယူခွင့် မပါရှိထားတာကြောင့် ဂန်းနားတို့ ကြိုးစား ညှိနှိုင်းရဦးမှာပါ။
ဒါကြောင့် အိုဒီဂတ်နဲ့ ဆီးဘယ်လော့ကိုသာ တပြိုင်နက် လက်လွှတ်ရရင် အစားထိုး ခေါ်ယူဖို့ အာဆင်နယ်က ဖယ်ကီရာကို စောင့်ကြည့် ချိန်ရွယ်လာပြန်တာ ဖြစ်ပါတယ်။
ဘက်တစ်ဟာ ဘဏ္ဍာရေးပြဿနာများကြောင့် ငွေကြေး လိုအပ်ချက်များ ရှိနေပြီး နွေရာသီမှာ ကစားသမား ရောင်းချပြီး ငွေရှာဖွေသွားဖို့ ရှိနေပါတယ်။ ဖယ်ကီရာဟာ ဘက်တစ်အတွက် ကစားတဲ့ ပထမရာသီမှာ ၇ဂိုးသွင်းကာ ၄ကြိမ် ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။ ဒီရာသီမှာလည်း ၎င်းက ၃ဂိုးသွင်းကာ ၅ကြိမ် ဖန်တီးထားပါတယ်။