ဂိုးျပတ္ ရွံဳးပြဲအျပီး အာဆင္နယ္ ေျခစြမ္းညံ့ဖ်င္းမႈအတြက္ အာတီတာ ေတာင္းပန္
ညက အာဆင္နယ္အသင္းရဲ႕ စြမ္းေဆာင္ရည္နဲ႔ ပက္သက္ၿပီး မိုက္ကယ္ အာတီတာက ေတာင္းပန္စကား ဆိုလိုက္ၿပီး ဘာေၾကာင့္ ညံဖ်င္းခဲ့ရသလိုဆိုတာ မသိေၾကာင္း ေျပာဆိုလိုက္ပါတယ္။
လီဗာပူးကို ၃ဂိုးျပတ္ ရႈံးခဲ့မႈ အၿပီးမွာ အာတီတာဟာ ေဘာလုံးေပးပို႔ မႈ မွန္ကန္ေအာင္ေတာင္ မလုပ္ႏိုင္ခဲ့တဲ့ သူရဲ႕ ကစားသမားေတြကို ေဒါသထြက္ခဲ့ၿပီး ၾကာသပေတးမွာ ပရာဟာနဲ႔ကစားမည့္ ယူ႐ိုပါလိဂ္ပြဲမတိုင္မီ စြမ္းေဆာင္ရည္ေကာင္းဖို႔ လိုအပ္တယ္လို႔ ဆိုပါတယ္။
လီဗာပူးနဲ႕ ပြဲမွာ လာကာဇာတီ၊ အူဘာမီယန္း၊ ပီပီတို႔ ပါ၀င္ခဲ့ေပမယ့္ အာဆင္နယ္ အားထားရတဲ့ လူငယ္ၾကယ္ပြင့္ေတြျဖစ္တဲ့ စမစ္႐ိုဝီႏွင့္ ဆာကာတို႔ ဒဏ္ရာေၾကာင့္ လြဲခဲ့ပါတယ္။
“အကယ္ဒမီထြက္ ကစားသမားႏွစ္ဦး မပါဘဲ အာဆင္နယ္က ဘာအႏၲာရယ္မွ မၿခိမ္းေျခာက္ႏိုင္ခဲ့ပါဘူး။ လီဗာပူးက ေသခ်ာေပါက္ ႏိုင္ပြဲရဖို႔ ထိုက္တန္ပါတယ္ ေသခ်ာေပါက္ ႀကီးမားတဲ့ ရလဒ္နဲ႔ႏိုင္သြားတာပါ သူတို႔ေနရာတိုင္းမွာ ပိုေကာင္းခဲ့ပါတယ္
ကြၽန္ေတာ္တို႔လူေတြ ပရိသတ္ေတြကို ေတာင္းပန္ဖို႔လိုပါတယ္ ကြၽန္ေတာ္တို႔ကြင္းထဲက စြမ္းေဆာင္ရည္ေတြအတြက္ ေတာင္းပန္ရပါမယ္။ ကြၽန္ေတာ္မွာ အျပည့္အ၀ တာဝန္ရွိပါတယ္။ သူတို႔ေနရာတိုင္းမွာ ကြၽန္ေတာ္တို႔ထက္ကို ပိုေကာင္းခဲ့တာပါ တစ္ဦးခ်င္းမွာ ဒုတိယေဘာလုံးထြက္တိုင္းမွာ စိန္ေခၚမႈတိုင္းမွာ သူတို႔အသာရခဲ့ပါတယ္။ ဒါက ကြၽန္ေတာ္လက္ေအာက္ အဆိုး႐ြားဆုံး စြမ္းေဆာင္မႈပါဘဲ။
ကြၽန္ေတာ့္အသင္းမွာ ကစားသမား ၅ေယာက္ ၆ေယာက္ေလာက္ မပါလို႔ဆိုတဲ့ ဆင္ေျခမေပးလိုပါဘူး၊ အဲဒီအေၾကာင္းလည္း မဟုတ္ပါဘူး ဘယ္သူေတြ မပါဘူးဆိုတာကို ကြၽန္ေတာ္ ဂ႐ုမစိုက္ပါဘူး ဆင္ေျခေတြကို မုန္းပါတယ္ သူတို႔က ကြၽန္ေတာ္ တို႔ထက္ ပိုေကာင္းတာေတာ့ ေသခ်ာပါတယ္။
ဒီေဘာလုံးကလပ္အတြက္ အဆင့္အတန္းက ပိုၿပီး ျမင့္မားရမွာပါ ကြၽန္ေတာ့္အလုပ္က သူတို႔ကို စြမ္းေဆာင္ရည္ေကာင္းေအာင္ လုပ္ေပးဖို႔ပါ။” လို႔ အာတီတာက ေျပာဆိုခဲ့ပါတယ္။
Unicode
စနေညက အာဆင်နယ်အသင်းရဲ့ စွမ်းဆောင်ရည်နဲ့ ပက်သက်ပြီး မိုက်ကယ် အာတီတာက တောင်းပန်စကား ဆိုလိုက်ပြီး ဘာကြောင့် ညံဖျင်းခဲ့ရသလိုဆိုတာ မသိကြောင်း ပြောဆိုလိုက်ပါတယ်။
လီဗာပူးကို ၃ဂိုးပြတ် ရှုံးခဲ့မှု အပြီးမှာ အာတီတာဟာ ဘောလုံးပေးပို့ မှု မှန်ကန်အောင်တောင် မလုပ်နိုင်ခဲ့တဲ့ သူရဲ့ ကစားသမားတွေကို ဒေါသထွက်ခဲ့ပြီး ကြာသပတေးမှာ ပရာဟာနဲ့ကစားမည့် ယူရိုပါလိဂ်ပွဲမတိုင်မီ စွမ်းဆောင်ရည်ကောင်းဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
လီဗာပူးနဲ့ ပွဲမှာ လာကာဇာတီ၊ အူဘာမီယန်း၊ ပီပီတို့ ပါဝင်ခဲ့ပေမယ့် အာဆင်နယ် အားထားရတဲ့ လူငယ်ကြယ်ပွင့်တွေဖြစ်တဲ့ စမစ်ရိုဝီနှင့် ဆာကာတို့ ဒဏ်ရာကြောင့် လွဲခဲ့ပါတယ်။
“အကယ်ဒမီထွက် ကစားသမားနှစ်ဦး မပါဘဲ အာဆင်နယ်က ဘာအန္တာရယ်မှ မခြိမ်းခြောက်နိုင်ခဲ့ပါဘူး။ လီဗာပူးက သေချာပေါက် နိုင်ပွဲရဖို့ ထိုက်တန်ပါတယ် သေချာပေါက် ကြီးမားတဲ့ ရလဒ်နဲ့နိုင်သွားတာပါ သူတို့နေရာတိုင်းမှာ ပိုကောင်းခဲ့ပါတယ်
ကျွန်တော်တို့လူတွေ ပရိသတ်တွေကို တောင်းပန်ဖို့လိုပါတယ် ကျွန်တော်တို့ကွင်းထဲက စွမ်းဆောင်ရည်တွေအတွက် တောင်းပန်ရပါမယ်။ ကျွန်တော်မှာ အပြည့်အ၀ တာဝန်ရှိပါတယ်။ သူတို့နေရာတိုင်းမှာ ကျွန်တော်တို့ထက်ကို ပိုကောင်းခဲ့တာပါ တစ်ဦးချင်းမှာ ဒုတိယဘောလုံးထွက်တိုင်းမှာ စိန်ခေါ်မှုတိုင်းမှာ သူတို့အသာရခဲ့ပါတယ်။ ဒါက ကျွန်တော်လက်အောက် အဆိုးရွားဆုံး စွမ်းဆောင်မှုပါဘဲ။
ကျွန်တော့်အသင်းမှာ ကစားသမား ၅ယောက် ၆ယောက်လောက် မပါလို့ဆိုတဲ့ ဆင်ခြေမပေးလိုပါဘူး၊ အဲဒီအကြောင်းလည်း မဟုတ်ပါဘူး ဘယ်သူတွေ မပါဘူးဆိုတာကို ကျွန်တော် ဂရုမစိုက်ပါဘူး ဆင်ခြေတွေကို မုန်းပါတယ် သူတို့က ကျွန်တော် တို့ထက် ပိုကောင်းတာတော့ သေချာပါတယ်။
ဒီဘောလုံးကလပ်အတွက် အဆင့်အတန်းက ပိုပြီး မြင့်မားရမှာပါ ကျွန်တော့်အလုပ်က သူတို့ကို စွမ်းဆောင်ရည်ကောင်းအောင် လုပ်ပေးဖို့ပါ။” လို့ အာတီတာက ပြောဆိုခဲ့ပါတယ်။