ဇာဟာ ကို ပစ္မွတ္ထား ေခၚခ်င္တဲ့ ဓာတ္ျပားေဟာင္းၾကီး ျပန္ဖြင့္ေနတဲ့ အာဆင္နယ္
အာဆင္နယ္အသင္းဟာ လြန္ခဲ့တဲ့ ၂၀၁၉ခုႏွစ္ကတည္းက သူတို႔အသင္းရဲ႕ ပစ္မွတ္ျဖစ္ခဲ့ရတဲ့ ခရစၥတယ္ပဲေလ့စ္အသင္းရဲ႕ ေတာင္ပံ တိုက္စစ္ကစားသမား ဇာဟာကို လာမယ့္ေႏြ ေစ်းကြက္အတြင္းမွာလည္း ထပ္မံကမ္းလွမ္းဖို႔ ျပင္ဆင္ေနတဲ့ သတင္း ထြက္ေပၚလာျပန္ပါတယ္။
အာဆင္နယ္ဟာ တိုက္စစ္မွဴး လာကာဇက္ကို အသင္းကေန ေရာင္းထုတ္ကာ ျပန္လည္ရရွိလာမယ့္ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ဇာဟာကို ျပန္လည္ေခၚယူဖြယ္ ရွိေနပါတယ္။
အသက္(၂၈)ႏွစ္ အ႐ြယ္ရွိ အိုင္ဗရီကို႔စ္လက္ေ႐ြးစင္ ေတာင္ပံတိုက္စစ္ကစားသမား ဇာဟာဟာ အာဆင္နယ္အသင္းကို ငယ္စဥ္ကတည္းက အားေပးလာခဲ့သူျဖစ္ေၾကာင္း အင္တာဗ်ဴးတစ္ခုမွာ ေျပာဆိုထားခဲ့ပါတယ္။ ၂၀၁၉ တုန္းကလည္း အာဆင္နယ္က သူ႔ကို ေခၚယူဖို႔ ျပင္ဆင္ၿပီးခ်ိန္မွ နီကိုလပ္စ္ေပေပ ကိုသာ လိုင္လီကေန ျမင့္မားတဲ့ ေျပာင္းေ႐ႊ႕ေၾကးတစ္ရပ္နဲ႔ ေခၚယူျဖစ္ခဲ့တာပါ။
ဒါေပမယ့္ အာဆင္နယ္အသင္းဟာ အခုတစ္ႀကိမ္မွာ ဇာဟာကို ေခၚယူဖို႔အတြက္ ထပ္မံစိတ္ဝင္စားလာခဲ့ၿပီး လာကာဇက္ကို ေရာင္းခ်ကာ ဇာဟာကို ေခၚယူဖို႔အတြက္ အသုံးစရိတ္ ရွာေဖြဖြယ္ ရွိေနပါတယ္။
ဇာဟာရဲ႕ လက္ရွိတန္ေၾကးဟာ ေပါင္သန္း(၅၀)ဝန္းက်င္ခန႔္ေလာက္ ရွိေနတဲ့အတြက္ ဒီတန္ေၾကးက အာဆင္နယ္ အသင္းအတြက္ ခက္ခဲႏိုင္တာေၾကာင့္ အသင္းရဲ႕တိုက္စစ္မႉး လာကာဇက္ကို အသင္းကေန အရင္ေရာင္းခ်ၿပီးမွ ဇာဟာကို ေခၚယူဖြယ္ ရွိေနပါတယ္။
ဇာဟာက ဒီႏွစ္ေဘာလုံးရာသီအတြင္းမွာ သူရဲ႕ခရစၥတယ္ပဲေလ့စ္အသင္းအတြက္ ၿပိဳင္ပြဲစုံ ပြဲေပါင္း(၂၃)ပြဲအထိ ပါဝင္ကစားထားခဲ့ၿပီး သြင္းဂိုး(၉)ဂိုး သြင္းယူထားခဲ့သလို ဂိုးဖန္တီးမႈလည္း (၂)ႀကိမ္ ျပဳလုပ္ထားႏိုင္ခဲ့ပါတယ္။
ဇာဟာကို ေခၚယူဖို႔အတြက္ အာဆင္နယ္ဟာ ျပင္သစ္တိုက္စစ္မႉး လာကာဇက္ကို အရင္ေရာင္းခ်သြားဖို႔ အစီအစဥ္ရွိေနၿပီး ၄င္းကို ဂ်ဳဗင္တပ္စ္ ႐ိုးမား အင္တာမီလန္ ေအစီမီလန္အသင္းေတြအျပင္ လာလီဂါ ထိပ္သီးကလပ္ အက္သလက္တီကို မက္ဒရစ္အသင္းကလည္း အၿပိဳင္စိတ္ဝင္စားလို႔ေနပါတယ္။
Unicode
အာဆင်နယ်အသင်းဟာ လွန်ခဲ့တဲ့ ၂၀၁၉ခုနှစ်ကတည်းက သူတို့အသင်းရဲ့ ပစ်မှတ်ဖြစ်ခဲ့ရတဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ တောင်ပံ တိုက်စစ်ကစားသမား ဇာဟာကို လာမယ့်နွေ ဈေးကွက်အတွင်းမှာလည်း ထပ်မံကမ်းလှမ်းဖို့ ပြင်ဆင်နေတဲ့ သတင်း ထွက်ပေါ်လာပြန်ပါတယ်။
အာဆင်နယ်ဟာ တိုက်စစ်မှူး လာကာဇက်ကို အသင်းကနေ ရောင်းထုတ်ကာ ပြန်လည်ရရှိလာမယ့် ပြောင်းရွှေ့ကြေးနဲ့ ဇာဟာကို ပြန်လည်ခေါ်ယူဖွယ် ရှိနေပါတယ်။
အသက်(၂၈)နှစ် အရွယ်ရှိ အိုင်ဗရီကို့စ်လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ဇာဟာဟာ အာဆင်နယ်အသင်းကို ငယ်စဉ်ကတည်းက အားပေးလာခဲ့သူဖြစ်ကြောင်း အင်တာဗျူးတစ်ခုမှာ ပြောဆိုထားခဲ့ပါတယ်။ ၂၀၁၉ တုန်းကလည်း အာဆင်နယ်က သူ့ကို ခေါ်ယူဖို့ ပြင်ဆင်ပြီးချိန်မှ နီကိုလပ်စ်ပေပေ ကိုသာ လိုင်လီကနေ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ခေါ်ယူဖြစ်ခဲ့တာပါ။
ဒါပေမယ့် အာဆင်နယ်အသင်းဟာ အခုတစ်ကြိမ်မှာ ဇာဟာကို ခေါ်ယူဖို့အတွက် ထပ်မံစိတ်ဝင်စားလာခဲ့ပြီး လာကာဇက်ကို ရောင်းချကာ ဇာဟာကို ခေါ်ယူဖို့အတွက် အသုံးစရိတ် ရှာဖွေဖွယ် ရှိနေပါတယ်။
ဇာဟာရဲ့ လက်ရှိတန်ကြေးဟာ ပေါင်သန်း(၅၀)ဝန်းကျင်ခန့်လောက် ရှိနေတဲ့အတွက် ဒီတန်ကြေးက အာဆင်နယ် အသင်းအတွက် ခက်ခဲနိုင်တာကြောင့် အသင်းရဲ့တိုက်စစ်မှူး လာကာဇက်ကို အသင်းကနေ အရင်ရောင်းချပြီးမှ ဇာဟာကို ခေါ်ယူဖွယ် ရှိနေပါတယ်။
ဇာဟာက ဒီနှစ်ဘောလုံးရာသီအတွင်းမှာ သူရဲ့ခရစ္စတယ်ပဲလေ့စ်အသင်းအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း(၂၃)ပွဲအထိ ပါဝင်ကစားထားခဲ့ပြီး သွင်းဂိုး(၉)ဂိုး သွင်းယူထားခဲ့သလို ဂိုးဖန်တီးမှုလည်း (၂)ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပါတယ်။
ဇာဟာကို ခေါ်ယူဖို့အတွက် အာဆင်နယ်ဟာ ပြင်သစ်တိုက်စစ်မှူး လာကာဇက်ကို အရင်ရောင်းချသွားဖို့ အစီအစဉ်ရှိနေပြီး ၎င်းကို ဂျုဗင်တပ်စ် ရိုးမား အင်တာမီလန် အေစီမီလန်အသင်းတွေအပြင် လာလီဂါ ထိပ်သီးကလပ် အက်သလက်တီကို မက်ဒရစ်အသင်းကလည်း အပြိုင်စိတ်ဝင်စားလို့နေပါတယ်။