ခ်န္ပီယံလိဂ္ မွတ္တမ္းသစ္နဲ႕ အတူ ေမာ္ရင္ဟို ကို လိုက္မွီသြားတဲ့ ဂြါဒီယိုလာ

ညက ေဒါ့မြန္ကို မန္စီးတီးအသင္းအႏိုင္ရခဲ့ၿပီးေနာက္ နည္းျပဂြါဒီယိုလာဟာ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ အမ်ားဆုံး တက္ေရာက္ႏိုင္တဲ့ နည္းျပအျဖစ္ စံခ်ိန္တင္ထားတဲ့ ၿပိဳင္ဘက္ႀကီး ေမာ္ရင္ဟိုရဲ႕မွတ္တမ္းကို လိုက္မီႏိုင္ခဲ့ပါတယ္။

မန္စီးတီးဟာ ဂ်ာမန္ေျမမွာ ေဒါ့မြန္ကို ၁-၂ ဂိုးနဲ႔ ထပ္မံအႏိုင္ရခဲ့ၿပီးေနာက္ ႏွစ္ေက်ာ့ေပါင္း ၄-၂ ဂိုးနဲ႔ ေက်ာ္ျဖတ္ႏိုင္ခဲ့တာျဖစ္ၿပီး ဂြါဒီယိုလာ လည္း နည္းျပဘဝတစ္ေလွ်ာက္ ၈ႀကိမ္ေျမာက္အျဖစ္ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္ကို တက္ေရာက္ႏိုင္ခဲ့ပါတယ္။

ေပၚတူဂီႏိုင္ငံသား ေမာ္ရင္ဟိုက မတူညီတဲ့ကလပ္အသင္း ၄သင္းျဖစ္တဲ့ ေပၚတို၊ ခ်ဲလ္ဆီး၊ အင္တာ၊ ရီးရဲလ္တို႔နဲ႔အတူ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္ကို ၈ႀကိမ္တက္ေရာက္ထားႏိုင္တျဖစ္ၿပီး ေပၚတို၊ အင္တာတို႔နဲ႔အတူ ဆုဖလားကိုင္ေျမႇာက္ႏိုင္ခဲ့ပါတယ္။

ဂြါဒီယိုလာကေတာ့ သူတာဝန္ယူခဲ့၊ ယူဆဲ ကလပ္အသင္းေတြျဖစ္တဲ့ ဘာစီလိုနာ၊ ဘိုင္ယန္၊ မန္စီးတီးတို႔နဲ႔အတူ ဒီအဆင့္ကို တက္ေရာက္ႏိုင္ခဲ့တာျဖစ္ေပမယ့္ ၂၀၁၀-၁၁ ရာသီက ဘာစီလိုနာနဲ႔အတူ ဆုဖလားကိုင္ေျမႇာက္ႏိုင္ခဲ့ၿပီးေနာက္ပိုင္း ဆုဖလားနဲ႔ ေဝးကြာေနရပါတယ္။

စီးတီးဟာ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္မွာ နာမည္ႀကီး ပီအက္စ္ဂ်ီနဲ႔ ရင္ဆိုင္ရမွာျဖစ္ၿပီး တျခားအတြဲအျဖစ္ ေမာ္ရင္ဟိုရဲ႕ အသင္းေဟာင္းေတြ ျဖစ္တဲ့ ခ်ဲလ္ဆီးနဲ႔ ရီးရဲလ္တို႔ အားၿပိဳင္ၾကမွာျဖစ္ပါတယ္။

Unicode

ညက ဒေါ့မွန်ကို မန်စီးတီးအသင်းအနိုင်ရခဲ့ပြီးနောက် နည်းပြဂွါဒီယိုလာဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အများဆုံး တက်ရောက်နိုင်တဲ့ နည်းပြအဖြစ် စံချိန်တင်ထားတဲ့ ပြိုင်ဘက်ကြီး မော်ရင်ဟိုရဲ့မှတ်တမ်းကို လိုက်မီနိုင်ခဲ့ပါတယ်။

မန်စီးတီးဟာ ဂျာမန်မြေမှာ ဒေါ့မွန်ကို ၁-၂ ဂိုးနဲ့ ထပ်မံအနိုင်ရခဲ့ပြီးနောက် နှစ်ကျော့ပေါင်း ၄-၂ ဂိုးနဲ့ ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပြီး ဂွါဒီယိုလာ လည်း နည်းပြဘဝတစ်လျှောက် ၈ကြိမ်မြောက်အဖြစ် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

ပေါ်တူဂီနိုင်ငံသား မော်ရင်ဟိုက မတူညီတဲ့ကလပ်အသင်း ၄သင်းဖြစ်တဲ့ ပေါ်တို၊ ချဲလ်ဆီး၊ အင်တာ၊ ရီးရဲလ်တို့နဲ့အတူ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ကို ၈ကြိမ်တက်ရောက်ထားနိုင်တဖြစ်ပြီး ပေါ်တို၊ အင်တာတို့နဲ့အတူ ဆုဖလားကိုင်မြှောက်နိုင်ခဲ့ပါတယ်။

ဂွါဒီယိုလာကတော့ သူတာဝန်ယူခဲ့၊ ယူဆဲ ကလပ်အသင်းတွေဖြစ်တဲ့ ဘာစီလိုနာ၊ ဘိုင်ယန်၊ မန်စီးတီးတို့နဲ့အတူ ဒီအဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပေမယ့် ၂၀၁၀-၁၁ ရာသီက ဘာစီလိုနာနဲ့အတူ ဆုဖလားကိုင်မြှောက်နိုင်ခဲ့ပြီးနောက်ပိုင်း ဆုဖလားနဲ့ ဝေးကွာနေရပါတယ်။

စီးတီးဟာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ နာမည်ကြီး ပီအက်စ်ဂျီနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး တခြားအတွဲအဖြစ် မော်ရင်ဟိုရဲ့ အသင်းဟောင်းတွေ ဖြစ်တဲ့ ချဲလ်ဆီးနဲ့ ရီးရဲလ်တို့ အားပြိုင်ကြမှာဖြစ်ပါတယ်။