ယူရိုပါလိဂ္ ဆီမီးမွာ ထိပ္တိုက္ေတြ႔ေနတဲ့ ျပိဳင္ဘက္ အမ္မရီကို အာဆင္နယ္နည္းျပ အာတီတာ ခ်ီးက်ဴး
အာဆင္နယ္ နည္းျပ အာတီတာကေတာ့ ယူရိုပါလိဂ္ ဆီမီးဖိုင္နယ္မွာ ေတြ႕ေတာ့မယ့္ ယခင္ အာဆင္နယ္ နည္းျပေဟာင္း လက္ရွိ ဗီလာရီးရဲလ္ နည္းျပ အူႏိုင္း အမ္မရီဟာ ယူ႐ိုပါလိဂ္မွာ အေအာင္ျမင္ဆုံး နည္းျပျဖစ္တယ္လို႔ ခ်ီးက်ဴးစကား ဆိုခဲ့ပါတယ္။
အာဆင္နယ္အသင္းဟာ ညကပြဲမွာ ပရာဟာ အသင္း ကို ၂ေက်ာ့ေပါင္း ၅-၁ဂိုးနဲ႔ ႏိုင္ကာ တက္လာခဲ့ၿပီး ဆီမီးဖိုင္နယ္ အဆင့္မွာ တဖက္က ဒိုင္နမိုဇာဂရက္ကို ၂ေက်ာ့ေပါင္း ၃-၁ဂိုးနဲ႔ ႏိုင္လာခဲ့တဲ့ ဗီလာရီးရဲလ္နဲ႔ ရင္ဆိုင္ရမွာပါ။
ယြန္းဘတ္မတိုင္ခင္ အာဆင္နယ္ကို နည္းျပ အျဖစ္ ကိုင္တြယ္ခဲ့တဲ့ အမ္မရီကို အႏိုင္ယူဖို႔က ခက္ခဲလိမ့္မယ္လို႔ အာတီတာက ၀န္ခံစကား ဆိုခဲ့ပါတယ္။
“အူႏိုင္း အမ္မရီက ဒီၿပိဳင္ပြဲမွာ အေအာင္ျမင္ဆုံးနည္းျပ ျဖစ္တာေၾကာင့္ သူ႔ကိုအႏိုင္ယူဖို႔က တကယ္ ခက္ခဲပါလိမ့္မယ္။ ကြၽန္ေတာ္တို႔ တိုးတက္စရာေတြ အမ်ားႀကီးက်န္ေသးေပမဲ့ ေန႔တိုင္း ပိုေကာင္းလာေအာင္ လုပ္ခ်င္စိတ္ရွိပါတယ္။
ဒီညပြဲမွာ ၂ပြဲေျမာက္ဆက္ clean sheet ရတာကလညး တကယ္အေရးႀကီးပါတယ္။ ရွက္ဖီးလ္နဲ႔ ပြဲမွာ ကစားတဲ့ပုံစံက ကြၽန္ေတာ္တို႔ကို ကူညီေပးခဲ့ပါတယ္။ ကစားသမားေတြက ယုံၾကည္မႈအျမင့္ဆုံး ျဖစ္ေနၿပီ တိုးတက္မႈေတြ အမ်ားႀကီး ရွိလာပါတယ္။ ေကာင္ေလးေတြက အစကတည္း အဲ့ဒီလို ကစားႏိုင္ခဲ့ပါတယ္။
ဒါက အေရးႀကီးတဲ့ အခိုက္အတန႔္မွာ အေရးပါတဲ့ ႏိုင္ပြဲတစ္ခုပါ။ ကြၽန္ေတာ္တို႔ သက္ေသာင့္သက္သာ ႏိုင္ခဲ့တာေၾကာင့္ ကစားသမားေတြရဲ႕ အားထုတ္ပုံကို အသိမွတ္ျပဳရမွာပါ”လို႔ အာတီတာက ညက နိုင္ပြဲ အျပီးမွာ ေျပာဆိုခဲ့ပါတယ္။
ပရီးမီးယားလိဂ္ အမွတ္ေပးဇယားမွာေတာ့ အာဆင္နယ္က အဆင့္ ၄ အတြင္း ၀င္ဖို႔ အလွမ္းေ၀းေနဆဲ ျဖစ္တာေၾကာင့္
လာမယ့္ ရာသီ ဥေရာပဝင္ခြင့္ရဖို႔ ေမွ်ာ္လင့္ေနတဲ့ အာတီတာအတြက္ ယူ႐ိုပါလိဂ္က ဖိအားတစ္ခုေတာ့ ျဖစ္ေနပါတယ္။
Unicode
အာဆင်နယ် နည်းပြ အာတီတာကတော့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်မှာ တွေ့တော့မယ့် ယခင် အာဆင်နယ် နည်းပြဟောင်း လက်ရှိ ဗီလာရီးရဲလ် နည်းပြ အူနိုင်း အမ်မရီဟာ ယူရိုပါလိဂ်မှာ အအောင်မြင်ဆုံး နည်းပြဖြစ်တယ်လို့ ချီးကျူးစကား ဆိုခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ညကပွဲမှာ ပရာဟာ အသင်း ကို ၂ကျော့ပေါင်း ၅-၁ဂိုးနဲ့ နိုင်ကာ တက်လာခဲ့ပြီး ဆီမီးဖိုင်နယ် အဆင့်မှာ တဖက်က ဒိုင်နမိုဇာဂရက်ကို ၂ကျော့ပေါင်း ၃-၁ဂိုးနဲ့ နိုင်လာခဲ့တဲ့ ဗီလာရီးရဲလ်နဲ့ ရင်ဆိုင်ရမှာပါ။
ယွန်းဘတ်မတိုင်ခင် အာဆင်နယ်ကို နည်းပြ အဖြစ် ကိုင်တွယ်ခဲ့တဲ့ အမ်မရီကို အနိုင်ယူဖို့က ခက်ခဲလိမ့်မယ်လို့ အာတီတာက ဝန်ခံစကား ဆိုခဲ့ပါတယ်။
“အူနိုင်း အမ်မရီက ဒီပြိုင်ပွဲမှာ အအောင်မြင်ဆုံးနည်းပြ ဖြစ်တာကြောင့် သူ့ကိုအနိုင်ယူဖို့က တကယ် ခက်ခဲပါလိမ့်မယ်။ ကျွန်တော်တို့ တိုးတက်စရာတွေ အများကြီးကျန်သေးပေမဲ့ နေ့တိုင်း ပိုကောင်းလာအောင် လုပ်ချင်စိတ်ရှိပါတယ်။
ဒီညပွဲမှာ ၂ပွဲမြောက်ဆက် clean sheet ရတာကလညး တကယ်အရေးကြီးပါတယ်။ ရှက်ဖီးလ်နဲ့ ပွဲမှာ ကစားတဲ့ပုံစံက ကျွန်တော်တို့ကို ကူညီပေးခဲ့ပါတယ်။ ကစားသမားတွေက ယုံကြည်မှုအမြင့်ဆုံး ဖြစ်နေပြီ တိုးတက်မှုတွေ အများကြီး ရှိလာပါတယ်။ ကောင်လေးတွေက အစကတည်း အဲ့ဒီလို ကစားနိုင်ခဲ့ပါတယ်။
ဒါက အရေးကြီးတဲ့ အခိုက်အတန့်မှာ အရေးပါတဲ့ နိုင်ပွဲတစ်ခုပါ။ ကျွန်တော်တို့ သက်သောင့်သက်သာ နိုင်ခဲ့တာကြောင့် ကစားသမားတွေရဲ့ အားထုတ်ပုံကို အသိမှတ်ပြုရမှာပါ”လို့ အာတီတာက ညက နိုင်ပွဲ အပြီးမှာ ပြောဆိုခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာတော့ အာဆင်နယ်က အဆင့် ၄ အတွင်း ဝင်ဖို့ အလှမ်းဝေးနေဆဲ ဖြစ်တာကြောင့်
လာမယ့် ရာသီ ဥရောပဝင်ခွင့်ရဖို့ မျှော်လင့်နေတဲ့ အာတီတာအတွက် ယူရိုပါလိဂ်က ဖိအားတစ်ခုတော့ ဖြစ်နေပါတယ်။