ခြေစွမ်း မကောင်းရင် ညောင်းရမယ် လို့ ပီပီကို ပေါ်တင် သတိပေးလိုက်တဲ့ နည်းပြ အာတီတာ

အာဆင်နယ်အသင်း နည်းပြ အာတီတာကတော့ တောင်ပံတိုက်စစ်ကစားသမား နီကိုလပ်စ် ပီပီ ခြေစွမ်းပြနေပေမယ့် ထပ်ပြီး ခြေစွမ်းကျဆင်းလာခဲ့မယ်ဆိုရင် အချိန်ပေးတော့မှာ မဟုတ်ဘဲ အသင်းရဲ့ ပွဲထွက်လူစာရင်းကနေ ပြန်လည် ချန်လှပ်ရလိမ့်မယ်လို့ သတိပေးစကား ပြောဆိုသွားခဲ့ပါတယ်။

အိုင်ဗရီကို့စ်လက်ရွေးစင် တောင်ပံကစားသမား ပီပီ ဟာ လိုင်လီအသင်းကနေ အာဆင်နယ်အသင်းဆီကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးအဖြစ် ပေါင်(၇၂)သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပေမယ့် ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရကာ ဝေဖန်မှုတွေလည်း ခံခဲ့ရပါတယ်။

ဒါပေမယ့် ပီပီ ဟာ နောက်ပိုင်းပွဲစဉ်တွေမှာတော့ အသင်းအတွက် ပုံမှန်ခြေစွမ်းတွေ ပြသနေသလို ဆလားဗီးယား ပရာဂတ် အသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာလည်း ဒီရာသီ အသင်းအတွက် (၁၀)ဂိုးမြောက် သွင်းဂိုးကို ရယူပေးနိုင်ခဲ့ပါတယ်။

နည်းပြ အာတီတာက “ပီပီ မှာ အောင်မြင်မှုတွေ ရယူနိုင်ဖို့အတွက် မယုံကြည်နိုင်စရာ စွမ်းဆောင်ရည်တွေ ရှိနေတယ် ဆိုတာကို ကျွန်တော်တို့အားလုံး သိထားကြပါတယ်။ ဒါတွေ ရရှိလာဖို့အတွက်ကိုလည်း သူ့ကို ကျွန်တော်တို့ဘက်ကနေ အရာအားလုံး ထောက်ပံ့ပေးနိုင်ပါတယ်။ ဒါပေမယ့် အရာအားလုံးက သူ့အပေါ်မှာပဲ မူတည်နေတာပါ။

ဘာကြောင့်လဲဆိုတော့ သူလုပ်ဆောင်နိုင်တာတွေ တသမတ်တည်း လုပ်နေနိုင်ဖို့အတွက် မှန်ကန်တဲ့ အတွေးအခေါ်တွေရှိဖို့ လိုအပ်နေလို့ပါပဲ။ ပြီးခဲ့တဲ့ပွဲအနည်းငယ်မှာ သူပြသနိုင်ခဲ့တဲ့ စွမ်းဆောင်ရည်ကောင်းတွေက ကျွန်တော်တို့အသင်းအတွက် အမြဲတမ်း အလိုရှိနေတဲ့ အရာတွေပါ။

တကယ်လို့ သူသာ ခြေစွမ်းပိုင်း ကျဆင်းလာခဲ့မယ်ဆိုရင်တော့ သူဆက်ပြီး ကစားခွင့်ရတော့မှာ မဟုတ်ပါဘူး။ သူအနေနဲ့ ပြင်သစ်လိဂ်ကနေ အင်္ဂလန်ကို စတင်ရောက်ရှိလာတုန်းကတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲနဲ့ အသားကျစေဖို့အတွက် အချိန်ယူခဲ့ရတယ်ဆိုပေမယ့် အခုကတော့ ဒီလို အချိန်ယူလို့ မဖြစ်တော့ပါဘူး။ အခုကတော့ သူရဲ့စွမ်းဆောင်ရည်ပေါ်မှာပဲ အားလုံး မူတည်နေပြီ။” လို့ အာတီတာက ထုတ်ဖော် ပြောဆိုလာခဲ့တာ ဖြစ်ပါတယ်။

Zawgyi – အာဆင္နယ္အသင္း နည္းျပ အာတီတာကေတာ့ ေတာင္ပံတိုက္စစ္ကစားသမား နီကိုလပ္စ္ ပီပီ ေျခစြမ္းျပေနေပမယ့္ ထပ္ျပီး ေျခစြမ္းက်ဆင္းလာခဲ့မယ္ဆိုရင္ အခ်ိန္ေပးေတာ့မွာ မဟုတ္ဘဲ အသင္းရဲ႕ ပြဲထြက္လူစာရင္းကေန ျပန္လည္ ခ်န္လွပ္ရလိမ့္မယ္လို႔ သတိေပးစကား ေျပာဆိုသြားခဲ့ပါတယ္။

အိုင္ဗရီကို႔စ္လက္ေ႐ြးစင္ ေတာင္ပံကစားသမား ပီပီ ဟာ လိုင္လီအသင္းကေန အာဆင္နယ္အသင္းဆီကို ကလပ္စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကးအျဖစ္ ေပါင္(၇၂)သန္းနဲ႔ ေရာက္ရွိလာခဲ့တာျဖစ္ေပမယ့္ ေျပာင္းေရႊ႕ေၾကးနဲ႕ ထိုက္တန္တဲ့ ေျခစြမ္းေကာင္းေတြ ျပသႏိုင္ဖို႔ ႐ုန္းကန္ခဲ့ရကာ ေဝဖန္မႈေတြလည္း ခံခဲ့ရပါတယ္။

ဒါေပမယ့္ ပီပီ ဟာ ေနာက္ပိုင္းပြဲစဥ္ေတြမွာေတာ့ အသင္းအတြက္ ပုံမွန္ေျခစြမ္းေတြ ျပသေနသလို ဆလားဗီးယား ပရာဂတ္ အသင္းနဲ႔ ယူ႐ိုပါလိဂ္ပြဲစဥ္မွာလည္း ဒီရာသီ အသင္းအတြက္ (၁၀)ဂိုးေျမာက္ သြင္းဂိုးကို ရယူေပးႏိုင္ခဲ့ပါတယ္။

နည္းျပ အာတီတာက “ပီပီ မွာ ေအာင္ျမင္မႈေတြ ရယူႏိုင္ဖို႔အတြက္ မယုံၾကည္ႏိုင္စရာ စြမ္းေဆာင္ရည္ေတြ ရွိေနတယ္ ဆိုတာကို ကြၽန္ေတာ္တို႔အားလုံး သိထားၾကပါတယ္။ ဒါေတြ ရရွိလာဖို႔အတြက္ကိုလည္း သူ႔ကို ကြၽန္ေတာ္တို႔ဘက္ကေန အရာအားလုံး ေထာက္ပံ့ေပးႏိုင္ပါတယ္။ ဒါေပမယ့္ အရာအားလုံးက သူ႔အေပၚမွာပဲ မူတည္ေနတာပါ။

ဘာေၾကာင့္လဲဆိုေတာ့ သူလုပ္ေဆာင္ႏိုင္တာေတြ တသမတ္တည္း လုပ္ေနႏိုင္ဖို႔အတြက္ မွန္ကန္တဲ့ အေတြးအေခၚေတြရွိဖို႔ လိုအပ္ေနလို႔ပါပဲ။ ၿပီးခဲ့တဲ့ပြဲအနည္းငယ္မွာ သူျပသႏိုင္ခဲ့တဲ့ စြမ္းေဆာင္ရည္ေကာင္းေတြက ကြၽန္ေတာ္တို႔အသင္းအတြက္ အၿမဲတမ္း အလိုရွိေနတဲ့ အရာေတြပါ။

တကယ္လို႔ သူသာ ေျခစြမ္းပိုင္း က်ဆင္းလာခဲ့မယ္ဆိုရင္ေတာ့ သူဆက္ၿပီး ကစားခြင့္ရေတာ့မွာ မဟုတ္ပါဘူး။ သူအေနနဲ႔ ျပင္သစ္လိဂ္ကေန အဂၤလန္ကို စတင္ေရာက္ရွိလာတုန္းကေတာ့ ပရီးမီးယားလိဂ္ၿပိဳင္ပြဲနဲ႔ အသားက်ေစဖို႔အတြက္ အခ်ိန္ယူခဲ့ရတယ္ဆိုေပမယ့္ အခုကေတာ့ ဒီလို အခ်ိန္ယူလို႔ မျဖစ္ေတာ့ပါဘူး။ အခုကေတာ့ သူရဲ႕စြမ္းေဆာင္ရည္ေပၚမွာပဲ အားလုံး မူတည္ေနျပီ။” လို႔ အာတီတာက ထုတ္ေဖာ္ ေျပာဆိုလာခဲ့တာ ျဖစ္ပါတယ္။