အဓိက ခံစစ္မွဴးကို မန္ယူနိုက္တက္ထံ ေရာင္းဖို႔ၾကံေနတဲ့ ရီးရဲလ္မက္ဒရစ္

စပိန္လာလီဂါ အင္အားႀကီး ရီးရဲလ္မက္ဒရစ္အသင္း ကေတာ့ သူတို႔အသင္းရဲ႕ ျပင္သစ္လက္ေ႐ြးစင္ ေနာက္ခံလူ ဗာရိန္းကို ပရီးမီးယားလိဂ္ နာမည္ႀကီး အသင္းတသင္း ျဖစ္တဲ့ မန္ခ်က္စတာ ယူႏိုက္တက္အသင္းထံကို ေရာင္းခ်ဖို႔ အတြက္ စဥ္းစားေနေၾကာင္း ဥေရာပ နာမည္ႀကီး သတင္းဌာန အမ်ားစုက ေဖာ္ျပေနၾကပါတယ္။

အသက္ ၂၇ႏွစ္ အ႐ြယ္ ဗဟိုေနာက္ခံလူ ဗာရန္းဟာ ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ အဓိက ကစားသမားတဦး ျဖစ္ေပမယ့္ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ သူနဲ႔ၾကားမွာ ရွိတဲ့ စာခ်ဳပ္ဟာ လာမယ့္ ေဘာလုံးရာသီ အကုန္မွာ ကုန္ဆုံးေတာ့မွာ ျဖစ္ကာ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ အတြက္ ေဆြးေႏြးမႈေတြဟာလည္း လက္ရွိအခ်ိန္အထိ ေပၚေပါက္လာျခင္း မရွိေသးပါဘူး။

ဒါ့ေၾကာင့္ပဲ ဗာရန္းကို ေခၚယူဖို႔ အတြက္ ဥေရာပရဲ႕ ထိပ္တန္းအသင္းႀကီးေတြက ေစာင့္ၾကည့္ေနၾကၿပီး စပိန္အေျခစိုက္ သတင္းဌာနေတြကေတာ့ ဗာရန္းဟာ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္း တိုးဖို႔ထက္ စာခ်ဳပ္သက္တမ္း ကုန္ဆုံးခ်ိန္မွာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ အသင္းေျပာင္းဖို႔ကိုသာ စိတ္ဝင္စားေနေၾကာင္း ေဖာ္ျပထားၾကပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ နီးစပ္သူေတြကေတာ့ ရီးရဲလ္မက္ဒရစ္အသင္းဟာ ၿပီးခဲ့တဲ့ ၂ႏွစ္အတြင္းမွာ ဘဏၰာေရးအရ ယူ႐ို ၄၀၀သန္း အထိ အရႈံးေပၚခဲ့သလို အသင္းရဲ႕ အိမ္ကြင္းျဖစ္တဲ့ ဘာေနဗ်ဴးကြင္းကို အဆင့္ျမႇင့္တင္ေနတဲ့ အေနအထားေၾကာင့္ ေငြေၾကးလိုအပ္မႈ မ်ားျပားေနကာ ဗာရန္းလို ကစားသမားမ်ိဳးကို စာခ်ဳပ္ကုန္ဆုံးခ်ိန္မွ အလြတ္ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ထြက္ခြာခြင့္ ေပးဖို႔ထက္ လာမယ့္ ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာ ေရာင္းထုတ္သြားဖို႔ စဥ္းစားေနေၾကာင္း ဖြင့္ဟလာၾကပါတယ္။

မန္ခ်က္စတာ ညေနခင္း သတင္းဌာနကေတာ့ မန္ခ်က္စတာ ယူႏိုက္တက္အသင္းဟာ လာမယ့္ ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာ အသင္းေခါင္းေဆာင္ မက္ဂြိဳင္းယားနဲ႔ တြဲဖက္ကာ ကစားႏိုင္မယ့္ ဗဟိုခံစစ္မႉးတဦးကို ေခၚယူဖို႔ ႀကိဳးစားေနၿပီး ဗာရန္းဟာ သူတို႔အသင္းရဲ႕ နံပါတ္တစ္ ပစ္မွတ္ျဖစ္ေၾကာင္း ေဖာ္ျပထားပါတယ္။

စပိန္အေျခစိုက္ နာမည္ႀကီး သတင္းဌာန ျဖစ္တဲ့ မာကာသတင္းဌာနရဲ႕ ေဖာ္ျပခ်က္ အရေတာ့ ရီးရဲလ္မက္ဒရစ္ အသင္းဟာ ဗာရန္းလို လုပ္ခလစာ ျမင့္မားတဲ့ ကစားသမားကို အသင္းမွာ ဆက္ထိန္းထားဖို႔ ခက္ခဲေနၿပီး ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၄၀သန္းခန႔္ ရရွိပါက ဗာရန္းကို လာမယ့္ ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာ က်ိန္းေသေပါက္ ေရာင္းထုတ္သြားမွာျဖစ္ေၾကာင္း သိရပါတယ္။

Unicode

စပိန်လာလီဂါ အင်အားကြီး ရီးရဲလ်မက်ဒရစ်အသင်း ကတော့ သူတို့အသင်းရဲ့ ပြင်သစ်လက်ရွေးစင် နောက်ခံလူ ဗာရိန်းကို ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းထံကို ရောင်းချဖို့ အတွက် စဉ်းစားနေကြောင်း ဥရောပ နာမည်ကြီး သတင်းဌာန အများစုက ဖော်ပြနေကြပါတယ်။

အသက် ၂၇နှစ် အရွယ် ဗဟိုနောက်ခံလူ ဗာရန်းဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အဓိက ကစားသမားတဦး ဖြစ်ပေမယ့် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ သူနဲ့ကြားမှာ ရှိတဲ့ စာချုပ်ဟာ လာမယ့် ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးတော့မှာ ဖြစ်ကာ စာချုပ်သစ် ချုပ်ဆိုဖို့ အတွက် ဆွေးနွေးမှုတွေဟာလည်း လက်ရှိအချိန်အထိ ပေါ်ပေါက်လာခြင်း မရှိသေးပါဘူး။

ဒါ့ကြောင့်ပဲ ဗာရန်းကို ခေါ်ယူဖို့ အတွက် ဥရောပရဲ့ ထိပ်တန်းအသင်းကြီးတွေက စောင့်ကြည့်နေကြပြီး စပိန်အခြေစိုက် သတင်းဌာနတွေကတော့ ဗာရန်းဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ စာချုပ်သက်တမ်း တိုးဖို့ထက် စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းပြောင်းဖို့ကိုသာ စိတ်ဝင်စားနေကြောင်း ဖော်ပြထားကြပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းနဲ့ နီးစပ်သူတွေကတော့ ရီးရဲလ်မက်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့ ၂နှစ်အတွင်းမှာ ဘဏ္ဏာရေးအရ ယူရို ၄၀၀သန်း အထိ အရှုံးပေါ်ခဲ့သလို အသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ ဘာနေဗျူးကွင်းကို အဆင့်မြှင့်တင်နေတဲ့ အနေအထားကြောင့် ငွေကြေးလိုအပ်မှု များပြားနေကာ ဗာရန်းလို ကစားသမားမျိုးကို စာချုပ်ကုန်ဆုံးချိန်မှ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ပေးဖို့ထက် လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ရောင်းထုတ်သွားဖို့ စဉ်းစားနေကြောင်း ဖွင့်ဟလာကြပါတယ်။

မန်ချက်စတာ ညနေခင်း သတင်းဌာနကတော့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းခေါင်းဆောင် မက်ဂွိုင်းယားနဲ့ တွဲဖက်ကာ ကစားနိုင်မယ့် ဗဟိုခံစစ်မှူးတဦးကို ခေါ်ယူဖို့ ကြိုးစားနေပြီး ဗာရန်းဟာ သူတို့အသင်းရဲ့ နံပါတ်တစ် ပစ်မှတ်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

စပိန်အခြေစိုက် နာမည်ကြီး သတင်းဌာန ဖြစ်တဲ့ မာကာသတင်းဌာနရဲ့ ဖော်ပြချက် အရတော့ ရီးရဲလ်မက်ဒရစ် အသင်းဟာ ဗာရန်းလို လုပ်ခလစာ မြင့်မားတဲ့ ကစားသမားကို အသင်းမှာ ဆက်ထိန်းထားဖို့ ခက်ခဲနေပြီး ပြောင်းရွှေ့ကြေး ယူရို ၄၀သန်းခန့် ရရှိပါက ဗာရန်းကို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ကျိန်းသေပေါက် ရောင်းထုတ်သွားမှာဖြစ်ကြောင်း သိရပါတယ်။