ညစ္ညမ္း ဗီဒီယို ေၾကာင့္ တစ္လ ပြဲပယ္ခံရေတာ့မယ့္ အာဆင္နယ္ ကစားသမား

အာဆင္နယ္အသင္းရဲ႕ ခံစစ္မႉး ဝီလီယံ ဆာလီဘာပါဝင္တဲ့ ညစ္ညမ္းပုံရိပ္ပါ ဗီဒီယိုတစ္ခု ဆိုရွယ္မီဒီယာမွာ ပ်ံ႕ႏွံ႔ လာခဲ့တာေၾကာင့္ ျပင္သစ္ေဘာလုံးအဖြဲ႕ခ်ဳပ္ (FFF) က စုံစမ္းစစ္ေဆးခဲ့ၿပီးေနာက္ ဆာလီဘာကို တစ္လပြဲပယ္ျပစ္ဒဏ္ ခ်မွတ္လိုက္ပါတယ္။

အဆိုပါ ဗီဒီယိုအတိုေလးကို လြန္ခဲ့တဲ့ ၃ ႏွစ္ဝန္းက်င္က ႐ိုက္ခဲ့တာလို႔ ယူဆရပါတယ္။ ဗီဒီယိုထဲမွာေတာ့ ျပင္သ စ္လူငယ္အသင္းရဲ႕ အဝတ္လဲခန္းထဲမွာ ဆာလီဘာက သူ႔ကိုယ္သူေရာ အျခားကစားသမားေတြကိုပါ ဗီဒီယို႐ိုက္ကူးခဲ့ၿပီး အဲ့ဒီထဲက ကစားသမားတစ္ေယာက္က အဝတ္ဗလာနဲ႔ အာသာေျဖေနပုံ ပါဝင္သြားခဲ့တာ ျဖစ္ပါတယ္။

ဗီဒီယိုကို ဆာလီဘာက သူ႔ရဲ႕ Snapchat အေကာင့္မွာ တင္ခဲ့ၿပီးေနာက္ ခ်က္ခ်င္းျပန္ဖ်က္ခဲ့ပါတယ္။ ဒါေပမယ့္ ဒီႏွစ္အေစာပိုင္းမွာပဲ အဲ့ဒီဗီဒီယိုက ဆိုရွယ္မီဒီယာေတြမွာ ျပန္လည္ပ်ံ႕ႏွံ႔လာတာေၾကာင့္ ျပင္သစ္ေဘာလုံးအဖြဲ႕ခ်ဳပ္က ဗီဒီယိုကိုစုံစမ္းစစ္ေဆးမႈေတြ ခ်က္ခ်င္းျပဳလုပ္ခဲ့ၿပီးေနာက္ အခုေတာ့ ဗီဒီယို႐ိုက္ကူးခဲ့သူ ဆာလီဘာကို ျပင္သစ္သက္တမ္းအလိုက္လက္ေ႐ြးစင္အသင္းေတြမွာ ပါဝင္မႈကို တစ္လၾကာပိတ္ပင္ခဲ့ပါတယ္။

အျခားပရီးမီးယားလိဂ္ ကစားသမားတစ္ဦးျဖစ္တဲ့ ဘ႐ိုက္တန္ဆယ္ေက်ာ္သက္ အယ္လ္ရစ္အီနီမီ အယ္လာလည္း ဗီဒီယိုထဲမွာ ပါဝင္ခဲ့တာေၾကာင့္ ၃ လပြဲပယ္ခံခဲ့ရပါတယ္။ ကစားသမားႏွစ္ေယာက္စလုံးရဲ႕ ျပစ္ဒဏ္ေတြက ေနာက္တစ္ပတ္ တနလၤာေန႔ ဧၿပီလ ၂၆ ရက္ေန႔ကစၿပီး အသက္ဝင္မွာျဖစ္သလို သက္ဆိုင္ရာအသင္းေတြရဲ႕ သတိေပးျခင္းကိုလည္း ခံခဲ့ရပါတယ္။ ဆာလီဘာအေနနဲ႔ ဇန္နဝါရီအေျပာင္းအေ႐ႊ႕မွာ အငွားလာကစားေနတဲ့ ႏိုက္စ္အသင္းအတြက္ေတာ့ ပြဲပယ္မခံခဲ့ရပါဘူး။

အသက္ ၂၀ အ႐ြယ္သာရွိေသးတဲ့ ခံစစ္မႉးဟာ ႏိုက္စ္အသင္းနဲ႔ ပူးေပါင္းၿပီးေနာက္ အသင္းရဲ႕ ပြဲစဥ္ ၁၇ ပြဲမွာ ၁၅ ပြဲကစားခဲ့ရၿပီး သူ႔ရဲ႕ေျခစြမ္းေတြကိုလည္း ျပသႏိုင္ခဲ့ပါတယ္။ အထူးသျဖင့္ လက္ရွိ နိုက္စ္အသင္းရဲ႕ ဗဟိုခံစစ္မွာ ဘာစီလိုနာကေန အငွားလာကစားေနတဲ့ ဂ်င္းကလဲယားတိုဒီဘိုနဲ႔ အတြဲညီညီ ေျခစြမ္းျပသလ်က္ရွိပါတယ္။

Unicode

အာဆင်နယ်အသင်းရဲ့ ခံစစ်မှူး ဝီလီယံ ဆာလီဘာပါဝင်တဲ့ ညစ်ညမ်းပုံရိပ်ပါ ဗီဒီယိုတစ်ခု ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့ လာခဲ့တာကြောင့် ပြင်သစ်ဘောလုံးအဖွဲ့ချုပ် (FFF) က စုံစမ်းစစ်ဆေးခဲ့ပြီးနောက် ဆာလီဘာကို တစ်လပွဲပယ်ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။

အဆိုပါ ဗီဒီယိုအတိုလေးကို လွန်ခဲ့တဲ့ ၃ နှစ်ဝန်းကျင်က ရိုက်ခဲ့တာလို့ ယူဆရပါတယ်။ ဗီဒီယိုထဲမှာတော့ ပြင်သ စ်လူငယ်အသင်းရဲ့ အဝတ်လဲခန်းထဲမှာ ဆာလီဘာက သူ့ကိုယ်သူရော အခြားကစားသမားတွေကိုပါ ဗီဒီယိုရိုက်ကူးခဲ့ပြီး အဲ့ဒီထဲက ကစားသမားတစ်ယောက်က အဝတ်ဗလာနဲ့ အာသာဖြေနေပုံ ပါဝင်သွားခဲ့တာ ဖြစ်ပါတယ်။

ဗီဒီယိုကို ဆာလီဘာက သူ့ရဲ့ Snapchat အကောင့်မှာ တင်ခဲ့ပြီးနောက် ချက်ချင်းပြန်ဖျက်ခဲ့ပါတယ်။ ဒါပေမယ့် ဒီနှစ်အစောပိုင်းမှာပဲ အဲ့ဒီဗီဒီယိုက ဆိုရှယ်မီဒီယာတွေမှာ ပြန်လည်ပျံ့နှံ့လာတာကြောင့် ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က ဗီဒီယိုကိုစုံစမ်းစစ်ဆေးမှုတွေ ချက်ချင်းပြုလုပ်ခဲ့ပြီးနောက် အခုတော့ ဗီဒီယိုရိုက်ကူးခဲ့သူ ဆာလီဘာကို ပြင်သစ်သက်တမ်းအလိုက်လက်ရွေးစင်အသင်းတွေမှာ ပါဝင်မှုကို တစ်လကြာပိတ်ပင်ခဲ့ပါတယ်။

အခြားပရီးမီးယားလိဂ် ကစားသမားတစ်ဦးဖြစ်တဲ့ ဘရိုက်တန်ဆယ်ကျော်သက် အယ်လ်ရစ်အီနီမီ အယ်လာလည်း ဗီဒီယိုထဲမှာ ပါဝင်ခဲ့တာကြောင့် ၃ လပွဲပယ်ခံခဲ့ရပါတယ်။ ကစားသမားနှစ်ယောက်စလုံးရဲ့ ပြစ်ဒဏ်တွေက နောက်တစ်ပတ် တနင်္လာနေ့ ဧပြီလ ၂၆ ရက်နေ့ကစပြီး အသက်ဝင်မှာဖြစ်သလို သက်ဆိုင်ရာအသင်းတွေရဲ့ သတိပေးခြင်းကိုလည်း ခံခဲ့ရပါတယ်။ ဆာလီဘာအနေနဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ အငှားလာကစားနေတဲ့ နိုက်စ်အသင်းအတွက်တော့ ပွဲပယ်မခံခဲ့ရပါဘူး။

အသက် ၂၀ အရွယ်သာရှိသေးတဲ့ ခံစစ်မှူးဟာ နိုက်စ်အသင်းနဲ့ ပူးပေါင်းပြီးနောက် အသင်းရဲ့ ပွဲစဉ် ၁၇ ပွဲမှာ ၁၅ ပွဲကစားခဲ့ရပြီး သူ့ရဲ့ခြေစွမ်းတွေကိုလည်း ပြသနိုင်ခဲ့ပါတယ်။ အထူးသဖြင့် လက်ရှိ နိုက်စ်အသင်းရဲ့ ဗဟိုခံစစ်မှာ ဘာစီလိုနာကနေ အငှားလာကစားနေတဲ့ ဂျင်းကလဲယားတိုဒီဘိုနဲ့ အတွဲညီညီ ခြေစွမ်းပြသလျက်ရှိပါတယ်။