ယူရို သန္း ၆၀ တန္ စပိန္သား ခံစစ္မွဴးကို ေခၚဖို႔ အေျခအေန ေကာင္းေနတဲ့ ယူႏိုက္တက္
မန္ခ်က္စတာ ယူႏိုက္တက္အသင္းဟာ စပိန္လာလီဂါ နာမည္ႀကီး အသင္းတသင္း ျဖစ္တဲ့ ဗီလာရီးရဲလ္အသင္းရဲ႕ စပိန္လက္ေ႐ြးစင္ ေနာက္ခံလူ ပါအူးလ္ ေတာရက္စ္ကို ေခၚယူဖို႔ အတြက္ အေျခအေန ေကာင္းေနေၾကာင္း စပိန္အေျခစိုက္ သတင္းဌာနေတြက အခိုင္အမာ ေဖာ္ျပသြားၾကပါတယ္။
အသက္ ၂၄ႏွစ္ အ႐ြယ္ စပိန္လက္ေ႐ြးစင္ ပါအူးလ္ ေတာရက္စ္ဟာ ဗီလာရီးရဲလ္အသင္းရဲ႕ အမာခံ ခံစစ္မႉးအျဖစ္ သတ္မွတ္ခံထားရသူ ျဖစ္ၿပီး လက္ရွိ ေဘာလုံးရာသီမွာ ဗီလာရီးရဲလ္အသင္းကို ယူ႐ိုပါလိဂ္ၿပိဳင္ပြဲရဲ႕ ဆီမီးဖိုင္နယ္အဆင့္ အထိ ေရာက္ရွိေအာင္ ကူညီေပးထားသူလည္း ျဖစ္ပါတယ္။
ေတာရက္စ္ဟာ ဗီလာရီးရဲလ္အသင္းရဲ႕ ငယ္ေမြးၿခံေပါက္ ကစားသမားတဦး ျဖစ္သလို အသင္းနဲ႔ ၂၀၂၄ခုႏွစ္ အထိ သက္တမ္းရွိတဲ့ စာခ်ဳပ္တရပ္ ရွိေနေပမယ့္ လာမယ့္ ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာ ထိပ္တန္းအသင္း တသင္းဆီ ေျပာင္းေ႐ႊ႕ဖို႔ စိတ္ကူးေနသူပါ။
မန္ခ်က္စတာ ယူႏိုက္တက္အသင္းကေတာ့ မၾကာေသးမီကမွ အသင္းရဲ႕ ဗဟိုေနာက္ခံလူ ျဖစ္တဲ့ အဲရစ္ ဘိုင္လီကို စာခ်ဳပ္သက္တမ္း တိုးထားေပမယ့္ အသင္းရဲ႕ ခံစစ္ပိုင္းကို အင္အားျမႇင့္တင္ဖို႔ ႀကံ႐ြယ္ေနတဲ့ အသင္းတသင္း ျဖစ္ၿပီး ဗီလာရီးရဲလ္အသင္းနဲ႔အတူ ေျခစြမ္းေကာင္းေတြ ျပသထားႏိုင္တဲ့ ေတာရက္စ္ဟာ သူတို႔အသင္းရဲ႕ နံပါတ္တစ္ ပစ္မွတ္ျဖစ္ေၾကာင္း မန္ခ်က္စတာ ညေနခင္း သတင္းဌာနက ေဖာ္ျပထားပါတယ္။
မန္ခ်က္စတာ ယူႏိုက္တက္အသင္းဟာ ပါအူးလ္ ေတာရက္စ္ကို ေခၚယူခ်င္ပါက ဗီလာရီးရဲလ္အသင္းကို ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၆၀သန္း ဝန္းက်င္ သံုးရဖြယ္ ရွိပါတယ္။
Unicode
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ စပိန်လာလီဂါ နာမည်ကြီး အသင်းတသင်း ဖြစ်တဲ့ ဗီလာရီးရဲလ်အသင်းရဲ့ စပိန်လက်ရွေးစင် နောက်ခံလူ ပါအူးလ် တောရက်စ်ကို ခေါ်ယူဖို့ အတွက် အခြေအနေ ကောင်းနေကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။
အသက် ၂၄နှစ် အရွယ် စပိန်လက်ရွေးစင် ပါအူးလ် တောရက်စ်ဟာ ဗီလာရီးရဲလ်အသင်းရဲ့ အမာခံ ခံစစ်မှူးအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပြီး လက်ရှိ ဘောလုံးရာသီမှာ ဗီလာရီးရဲလ်အသင်းကို ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့် အထိ ရောက်ရှိအောင် ကူညီပေးထားသူလည်း ဖြစ်ပါတယ်။
တောရက်စ်ဟာ ဗီလာရီးရဲလ်အသင်းရဲ့ ငယ်မွေးခြံပေါက် ကစားသမားတဦး ဖြစ်သလို အသင်းနဲ့ ၂၀၂၄ခုနှစ် အထိ သက်တမ်းရှိတဲ့ စာချုပ်တရပ် ရှိနေပေမယ့် လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ထိပ်တန်းအသင်း တသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်ကူးနေသူပါ။
မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ မကြာသေးမီကမှ အသင်းရဲ့ ဗဟိုနောက်ခံလူ ဖြစ်တဲ့ အဲရစ် ဘိုင်လီကို စာချုပ်သက်တမ်း တိုးထားပေမယ့် အသင်းရဲ့ ခံစစ်ပိုင်းကို အင်အားမြှင့်တင်ဖို့ ကြံရွယ်နေတဲ့ အသင်းတသင်း ဖြစ်ပြီး ဗီလာရီးရဲလ်အသင်းနဲ့အတူ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ တောရက်စ်ဟာ သူတို့အသင်းရဲ့ နံပါတ်တစ် ပစ်မှတ်ဖြစ်ကြောင်း မန်ချက်စတာ ညနေခင်း သတင်းဌာနက ဖော်ပြထားပါတယ်။
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပါအူးလ် တောရက်စ်ကို ခေါ်ယူချင်ပါက ဗီလာရီးရဲလ်အသင်းကို ပြောင်းရွှေ့ကြေး ယူရို ၆၀သန်း ဝန်းကျင် သုံးရဖွယ် ရှိပါတယ်။