မန္စီးတီးက ျမင္ဖူးသမွ်ထဲ အေကာင္းဆံုး တစ္သင္းလို႔ ရွံဳးပြဲအျပီး ၀န္ခံခ်ီးက်ဴးခဲ့တဲ့ ပဲေလ့စ္ နည္းျပ ရြိဳင္းေဟာ့ဒ္ဆန္

မန္စီးတီးအသင္းဟာ သူ ျမင္ဖူးသမွ်ထဲမွာ အေကာင္းဆုံး အသင္း တစ္သင္းပဲလို႔ ခရစၥတယ္ပဲေလ့စ္နည္းျပ ႐ြိဳင္းေဟာ့ဒ္ဆန္က ၀န္ခံ ခ်ီးက်ဴးသြားခဲ့ပါတယ္။

မန္စီးတီးအသင္းဟာ ယမန္ေန႔ညက ပဲေလ့စ္ကို အႏိုင္ရခဲ့ၿပီးေနာက္ ဒီေန႕ည ပြဲမွာ ယူႏိုက္တက္က လီဗာပူးကို ရႈံးခဲ့ရင္ ပရီးမီးယားလိဂ္ ခ်န္ပီယံျဖစ္သြားေတာ့မွာ ျဖစ္ပါတယ္။ ပဲေလ့စ္ နည္းျပ ေဟာ့ဒ္ဆန္ကေတာ့ မန္စီးတီးဟာ ခ်န္ပီယံျဖစ္ဖို႔ ထိုက္တန္ၿပီး ဘာ အားနည္းခ်က္မွ ရွာမေတြ႕ဘူးလို႔ ဝန္ခံသြားခဲ့ပါတယ္။

ေဟာ့ဒ္ဆန္က “သူတို႔မွာ အင္အားအမ်ားႀကီး ရွိပါတယ္။ ဒီေန႔ေဘာလုံးေလာကအေၾကာင္းနဲ႔ လြန္ခဲ့တဲ့ ၂ႏွစ္၊ ၃ႏွစ္က အေၾကာင္း ေျပာရင္ သူတို႔ထက္ ေကာင္းတဲ့အသင္း ရွာမေတြ႕ဘူးလို႔ ေျပာရမွာပါ”

“ေဘာလုံးက ေဘာလုံးပဲျဖစ္ၿပီး ကံမေကာင္းစြာပဲ သူတို႔က ပြဲေတြမွာ အေကာင္းဆုံးကစားၿပီး ရလဒ္ေတြက အသင္း စြမ္းေဆာင္ရည္ကို ဆုံးျဖတ္ေပးတာ ျဖစ္ေၾကာင့္ သူတို႔ ရႈံးခဲ့ရင္ လူေတြက ျပစ္တင္မႈေတြ ရွိခဲ့ပါတယ္”လို႔ ေျပာခဲ့ပါတယ္။

ယမန္ေန႔ညက ပဲေလ့စ္ကို အေဝးကြင္းမွာ ႏိုင္ခဲ့ၿပီးေနာက္ မန္စီးတီးဟာ ၿပိဳင္ပြဲစုံ အေဝးကြင္း ၁၉ပြဲဆက္ႏိုင္ၿပီး ပရီးမီးယားလိဂ္ ၁၁ပြဲဆက္ႏိုင္ကာ စံခ်ိန္တင္ခဲ့ပါတယ္။

ဆက္လက္ၿပီး ေဟာ့ဒ္ဆန္က “သူတို႔ကစားတာ ေသခ်ာၾကည့္ရတာ ၄ႏွစ္အတြင္း ပက္နဲ႔ အလုပ္လုပ္ထားတဲ့ အသင္းကို ၾကည့္ုလိုက္ရင္ အဲ့ေလာက္ ေကာင္းလာမယ္ မထင္ခဲ့တာပါ”

“မင္းငါ့လက္ကို လိမ္ၿပီး ဘယ္အသင္းနဲ႔ ကစားရတာ အေကာင္းဆုံးလဲလို႔ ေမးရင္ ၁၉၈၇က ဂ်ိဳဟန္ ခ႐ိုက္ဖ္ရဲ႕ ဗန္ဘက္စတန္နဲ႔ ဘားကမ့္တို႔ ပါဝင္တဲ့ ေအဂ်က္စ္အသင္းရယ္ မန္စီးတီးရယ္လို႔ ေျဖမိမွာပါ ”လို႔ ေျပာခဲ့ပါတယ္။

Unicode

မန်စီးတီးအသင်းဟာ သူ မြင်ဖူးသမျှထဲမှာ အကောင်းဆုံး အသင်း တစ်သင်းပဲလို့ ခရစ္စတယ်ပဲလေ့စ်နည်းပြ ရွိုင်းဟော့ဒ်ဆန်က ဝန်ခံ ချီးကျူးသွားခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ယမန်နေ့ညက ပဲလေ့စ်ကို အနိုင်ရခဲ့ပြီးနောက် ဒီနေ့ည ပွဲမှာ ယူနိုက်တက်က လီဗာပူးကို ရှုံးခဲ့ရင် ပရီးမီးယားလိဂ် ချန်ပီယံဖြစ်သွားတော့မှာ ဖြစ်ပါတယ်။ ပဲလေ့စ် နည်းပြ ဟော့ဒ်ဆန်ကတော့ မန်စီးတီးဟာ ချန်ပီယံဖြစ်ဖို့ ထိုက်တန်ပြီး ဘာ အားနည်းချက်မှ ရှာမတွေ့ဘူးလို့ ဝန်ခံသွားခဲ့ပါတယ်။

ဟော့ဒ်ဆန်က “သူတို့မှာ အင်အားအများကြီး ရှိပါတယ်။ ဒီနေ့ဘောလုံးလောကအကြောင်းနဲ့ လွန်ခဲ့တဲ့ ၂နှစ်၊ ၃နှစ်က အကြောင်း ပြောရင် သူတို့ထက် ကောင်းတဲ့အသင်း ရှာမတွေ့ဘူးလို့ ပြောရမှာပါ”

“ဘောလုံးက ဘောလုံးပဲဖြစ်ပြီး ကံမကောင်းစွာပဲ သူတို့က ပွဲတွေမှာ အကောင်းဆုံးကစားပြီး ရလဒ်တွေက အသင်း စွမ်းဆောင်ရည်ကို ဆုံးဖြတ်ပေးတာ ဖြစ်ကြောင့် သူတို့ ရှုံးခဲ့ရင် လူတွေက ပြစ်တင်မှုတွေ ရှိခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။

ယမန်နေ့ညက ပဲလေ့စ်ကို အဝေးကွင်းမှာ နိုင်ခဲ့ပြီးနောက် မန်စီးတီးဟာ ပြိုင်ပွဲစုံ အဝေးကွင်း ၁၉ပွဲဆက်နိုင်ပြီး ပရီးမီးယားလိဂ် ၁၁ပွဲဆက်နိုင်ကာ စံချိန်တင်ခဲ့ပါတယ်။

ဆက်လက်ပြီး ဟော့ဒ်ဆန်က “သူတို့ကစားတာ သေချာကြည့်ရတာ ၄နှစ်အတွင်း ပက်နဲ့ အလုပ်လုပ်ထားတဲ့ အသင်းကို ကြည့်ုလိုက်ရင် အဲ့လောက် ကောင်းလာမယ် မထင်ခဲ့တာပါ”

“မင်းငါ့လက်ကို လိမ်ပြီး ဘယ်အသင်းနဲ့ ကစားရတာ အကောင်းဆုံးလဲလို့ မေးရင် ၁၉၈၇က ဂျိုဟန် ခရိုက်ဖ်ရဲ့ ဗန်ဘက်စတန်နဲ့ ဘားကမ့်တို့ ပါဝင်တဲ့ အေဂျက်စ်အသင်းရယ် မန်စီးတီးရယ်လို့ ဖြေမိမှာပါ ”လို့ ပြောခဲ့ပါတယ်။