အာတီတာ ေနရာကို ဆာရီနဲ႕ အစားထိုးဖို႔ အာဆင္နယ္ လႈပ္ရွားေနေၾကာင္း သတင္းထြက္

အီတလီမီဒီယာေတြရဲ႕ေဖာ္ျပခ်က္အရ အာဆင္နယ္အသင္းဟာ ယခုရာသီအကုန္မွာ လက္ရွိနည္းျပ အာတီတာရဲ႕ေနရာမွာ အစားထိုးႏိုင္ေရးအတြက္ ခ်ဲလ္ဆီးနည္းျပေဟာင္း ဆာရီနဲ႔ ေဆြးေႏြးေနတယ္လို႔ သိရပါတယ္။

အီတလီႏိုင္ငံသား ဆာရီဟာ ၿပီးခဲ့တဲ့ရာသီ ခ်န္ပီယံလိဂ္ ၁၆သင္းအဆင့္မွာ လိုင္ယြန္ကို အေရးနိမ့္ခဲ့ၿပီးေနာက္ ဂ်ဴဗင္တပ္စ္အသင္းကေန ထုတ္ပယ္ခံခဲ့ရၿပီးခ်ိန္ကတည္းက ကလပ္လက္မဲ့ျဖစ္ေနၿပီး ေဘာလုံးေလာကထဲ ျပန္ဝင္ဖို႔ စိတ္ရွည္စြာေစာင့္ဆိုင္းေနပါတယ္။

သူဟာ ႐ိုးမားနည္းျပရာထူးကေန ဖြန္ဆီကာ ထြက္ခြာေတာ့မယ္လို႔ အတည္ျပဳခဲ့ၿပီးေနာက္ သူ႔ေနရာအစားဝင္ဖို႔ ေရပန္းစားခဲ့ေပမယ့္ ေရာမအေျခစိုက္အသင္းက ေတာ့တင္ဟမ္နည္းျပေဟာင္း ေမာ္ရင္ဟိုကို အစားထိုးခန႔္အပ္ခဲ့ပါတယ္။

ယခုအခါ အီတလီမီဒီယာေတြရဲ႕ေဖာ္ျပခ်က္အရ အာဆင္နယ္ဟာ ရာသီသစ္မွာ နည္းျပသစ္အျဖစ္ ခန႔္အပ္ႏိုင္ေရးအတြက္ ဆာရီနဲ႔ ေဆြးေႏြးေနတယ္လို႔ သိရၿပီး အဲဒီသတင္းကပဲ အာဆင္နယ္အေနနဲ႔ အာတီတာကို ေရရွည္ခန႔္အပ္ဖို႔ အေစာပိုင္းက စီစဥ္ခဲ့ေပမယ့္ အခုေတာ့ ယခုရာသီအကုန္မွာ လက္တြဲျဖဳတ္ေတာ့မယ္လို႔ သိရပါတယ္။

စပိန္သား အာတီတာက သူ႔အေနနဲ႔ အာဆင္နယ္နည္းျပအျဖစ္ အခ်ိန္ကာလလုံေလာက္စြာရရွိလိမ့္မယ္လို႔ ယုံၾကည္ထားေပမယ့္ ပရီးမီးယားလိဂ္မွာ တိုးတက္မႈမရွိျခင္းက အဓိကျပႆနာျဖစ္ေနၿပီး အာတီတာရဲ႕အနာဂတ္က ယူ႐ိုပါလိဂ္အေပၚ မူတည္ေနပါတယ္။

အာဆင္နယ္ဟာ ပရီးမီးယားလိဂ္ကေန ခ်န္ပီယံလိဂ္ဝင္ခြင့္မရေတာ့ေပမယ့္ ယူ႐ိုပါလိဂ္မွာ ဆီမီးဖိုင္နယ္တက္ေရာက္ထားၿပီး ပ-အေက်ာ့ စပိန္ေျမမွာ ဗီလာရီးရဲလ္ကို ၂-၁ ဂိုးနဲ႔ အေရးနိမ့္ထားပါတယ္။

Unicode

အီတလီမီဒီယာတွေရဲ့ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ ယခုရာသီအကုန်မှာ လက်ရှိနည်းပြ အာတီတာရဲ့နေရာမှာ အစားထိုးနိုင်ရေးအတွက် ချဲလ်ဆီးနည်းပြဟောင်း ဆာရီနဲ့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

အီတလီနိုင်ငံသား ဆာရီဟာ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ် ၁၆သင်းအဆင့်မှာ လိုင်ယွန်ကို အရေးနိမ့်ခဲ့ပြီးနောက် ဂျူဗင်တပ်စ်အသင်းကနေ ထုတ်ပယ်ခံခဲ့ရပြီးချိန်ကတည်းက ကလပ်လက်မဲ့ဖြစ်နေပြီး ဘောလုံးလောကထဲ ပြန်ဝင်ဖို့ စိတ်ရှည်စွာစောင့်ဆိုင်းနေပါတယ်။

သူဟာ ရိုးမားနည်းပြရာထူးကနေ ဖွန်ဆီကာ ထွက်ခွာတော့မယ်လို့ အတည်ပြုခဲ့ပြီးနောက် သူ့နေရာအစားဝင်ဖို့ ရေပန်းစားခဲ့ပေမယ့် ရောမအခြေစိုက်အသင်းက တော့တင်ဟမ်နည်းပြဟောင်း မော်ရင်ဟိုကို အစားထိုးခန့်အပ်ခဲ့ပါတယ်။

ယခုအခါ အီတလီမီဒီယာတွေရဲ့ဖော်ပြချက်အရ အာဆင်နယ်ဟာ ရာသီသစ်မှာ နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ရေးအတွက် ဆာရီနဲ့ ဆွေးနွေးနေတယ်လို့ သိရပြီး အဲဒီသတင်းကပဲ အာဆင်နယ်အနေနဲ့ အာတီတာကို ရေရှည်ခန့်အပ်ဖို့ အစောပိုင်းက စီစဉ်ခဲ့ပေမယ့် အခုတော့ ယခုရာသီအကုန်မှာ လက်တွဲဖြုတ်တော့မယ်လို့ သိရပါတယ်။

စပိန်သား အာတီတာက သူ့အနေနဲ့ အာဆင်နယ်နည်းပြအဖြစ် အချိန်ကာလလုံလောက်စွာရရှိလိမ့်မယ်လို့ ယုံကြည်ထားပေမယ့် ပရီးမီးယားလိဂ်မှာ တိုးတက်မှုမရှိခြင်းက အဓိကပြဿနာဖြစ်နေပြီး အာတီတာရဲ့အနာဂတ်က ယူရိုပါလိဂ်အပေါ် မူတည်နေပါတယ်။

အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ကနေ ချန်ပီယံလိဂ်ဝင်ခွင့်မရတော့ပေမယ့် ယူရိုပါလိဂ်မှာ ဆီမီးဖိုင်နယ်တက်ရောက်ထားပြီး ပ-အကျော့ စပိန်မြေမှာ ဗီလာရီးရဲလ်ကို ၂-၁ ဂိုးနဲ့ အရေးနိမ့်ထားပါတယ်။