ရိုးမားနည္းျပ ျဖစ္လာျပီးေနာက္ ယူနိုက္တက္ ဂိုးသမား ဒီဂီယာ ကို ေခၚခ်င္ေနတဲ့ ေမာ္ရင္ညိဳ
႐ိုးမားအသင္းရဲ႕ နည္းျပသစ္ ျဖစ္လာေတာ့မယ့္ နည္းျပ ဂ်ိဳေဆးေမာ္ရင္ညိဳ ကေတာ့ မန္ခ်က္စတာယူႏိုက္တက္ အသင္းရဲ႕ ဝါရင့္ဂိုးသမား ေဒးဗစ္ဒီဂီယာကို ဒီေႏြရာသီ အေျပာင္းအေ႐ႊ႕ ကာလအတြင္းမွာ ေခၚယူဖို႔အတြက္ စိတ္ဝင္စားေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။
ေမာ္ရင္ညိဳ ဟာ ၂၀၂၁-၂၂ ရာသီမွာ ႐ိုးမားအသင္းကို နည္းျပခ်ဳပ္အျဖစ္ တာဝန္ယူသြားမွာ ျဖစ္ေၾကာင္းကို စီးရီးေအ ကလပ္ဘက္က အတည္ျပဳ ေၾကညာခဲ့ၿပီး ေပၚတူဂီသားႀကီးအေနနဲ႔ လာမယ့္ အေျပာင္းအေ႐ႊ႕ ကာလေတြမွာ ႐ိုးမားအသင္းရဲ႕ လူစာရင္းကို အင္အားတိုးခ်ဲ႕သြားဖို႔ ရွိေနပါတယ္။
သတင္းေတြအရေတာ့ ၅၈ ႏွစ္အ႐ြယ္ ဝါရင့္နည္းျပႀကီးဟာ ဒီဂီယာကိုေခၚယူဖို႔ ဆုံးျဖတ္ထားၿပီး ယူႏိုက္တက္ကလည္း ဒီေႏြရာသီမွာ ဒီဂီယာသာ အသင္းကေန ထြက္ခြာခ်င္ရင္ ခြင့္ျပဳသြားဖြယ္ ရွိေနပါတယ္။
စပိန္လက္ေ႐ြးစင္ဟာ ၾကာသပေတးေန႔က ႐ိုးမားအသင္းနဲ႔ ယူ႐ိုပါလိဂ္ဆီမီးဖိုင္နယ္ ဒုတိယအေက်ာ့မွာလည္း ပါဝင္ၿပီး လက္စြမ္းျပ ကစားသြားခဲ့ပါတယ္။ အဲ့ဒီပြဲစဥ္မွာေတာ့ ယူႏိုက္တက္တို႔ ၃-၂ နဲ႔ အေရးနိမ့္ခဲ့ေပမယ့္ ပထမအေက်ာ့ရလဒ္ေၾကာင့္ ယူႏိုက္တက္က ၈-၅ နဲ႔ အႏိုင္ရရွိကာ ဖိုင္နယ္ကို တက္ေရာက္ႏိုင္ခဲ့ပါတယ္။
သတင္းေတြအရေတာ့ ယူႏိုက္တက္ဟာ အျခားပစ္မွတ္ေတြကို ေခၚယူႏိုင္ဖို႔ ဘ႑ာေရး လိုအပ္ခ်က္ေတြ ရွိေနတာေၾကာင့္ အသင္းက ကစားသမားတစ္ခ်ိဳ႕ကို ထုတ္ေရာင္းဖို႔ရွိေနၿပီး ဒီဂီယာကို ယူ႐ို ၂၅ သန္း (ေပါင္ ၂၃ သန္း) ဝန္းက်င္ေလာက္နဲ႔ ကမ္းလွမ္းရင္ေတာင္ လက္ခံစဥ္းစားဖြယ္ ရွိပါတယ္။
ဒီဂီယာဟာ နည္းျပေမာ္ရင္ညိဳ ယူႏိုက္တက္ကို တာဝန္ယူခဲ့တဲ့ ၂၀၁၆ ကေန ၂၀၁၈ အတြင္း နံပါတ္တစ္ ဂိုးသမားအျဖစ္သာ ကစားခြင့္ရရွိခဲ့ပါတယ္။
Unicode
ရိုးမားအသင်းရဲ့ နည်းပြသစ် ဖြစ်လာတော့မယ့် နည်းပြ ဂျိုဆေးမော်ရင်ညို ကတော့ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ဝါရင့်ဂိုးသမား ဒေးဗစ်ဒီဂီယာကို ဒီနွေရာသီ အပြောင်းအရွှေ့ ကာလအတွင်းမှာ ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။
မော်ရင်ညို ဟာ ၂၀၂၁-၂၂ ရာသီမှာ ရိုးမားအသင်းကို နည်းပြချုပ်အဖြစ် တာဝန်ယူသွားမှာ ဖြစ်ကြောင်းကို စီးရီးအေ ကလပ်ဘက်က အတည်ပြု ကြေညာခဲ့ပြီး ပေါ်တူဂီသားကြီးအနေနဲ့ လာမယ့် အပြောင်းအရွှေ့ကာလတွေမှာ ရိုးမားအသင်းရဲ့ လူစာရင်းကို အင်အားတိုးချဲ့သွားဖို့ ရှိနေပါတယ်။
သတင်းတွေအရတော့ ၅၈ နှစ်အရွယ် ဝါရင့်နည်းပြကြီးဟာ ဒီဂီယာကိုခေါ်ယူဖို့ ဆုံးဖြတ်ထားပြီး ယူနိုက်တက်ကလည်း ဒီနွေရာသီမှာ ဒီဂီယာသာ အသင်းကနေ ထွက်ခွာချင်ရင် ခွင့်ပြုသွားဖွယ် ရှိနေပါတယ်။
စပိန်လက်ရွေးစင်ဟာ ကြာသပတေးနေ့က ရိုးမားအသင်းနဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာလည်း ပါဝင်ပြီး လက်စွမ်းပြ ကစားသွားခဲ့ပါတယ်။ အဲ့ဒီပွဲစဉ်မှာတော့ ယူနိုက်တက်တို့ ၃-၂ နဲ့ အရေးနိမ့်ခဲ့ပေမယ့် ပထမအကျော့ရလဒ်ကြောင့် ယူနိုက်တက်က ၈-၅ နဲ့ အနိုင်ရရှိကာ ဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။
သတင်းတွေအရတော့ ယူနိုက်တက်ဟာ အခြားပစ်မှတ်တွေကို ခေါ်ယူနိုင်ဖို့ ဘဏ္ဍာရေး လိုအပ်ချက်တွေ ရှိနေတာကြောင့် အသင်းက ကစားသမားတစ်ချို့ကို ထုတ်ရောင်းဖို့ရှိနေပြီး ဒီဂီယာကို ယူရို ၂၅ သန်း (ပေါင် ၂၃ သန်း) ဝန်းကျင်လောက်နဲ့ ကမ်းလှမ်းရင်တောင် လက်ခံစဉ်းစားဖွယ် ရှိပါတယ်။
ဒီဂီယာဟာ နည်းပြမော်ရင်ညို ယူနိုက်တက်ကို တာဝန်ယူခဲ့တဲ့ ၂၀၁၆ ကနေ ၂၀၁၈ အတွင်း နံပါတ်တစ် ဂိုးသမားအဖြစ်သာ ကစားခွင့်ရရှိခဲ့ပါတယ်။