လင္ဂတ္က လက္ရွိ ပရီးမီးယားလိဂ္ အေကာင္းဆံုး ျဖစ္ေနျပီလို႔ ဖာနန္ဒက္စ္ ေထာက္ခံ ခ်ီးက်ဴး
မန္ခ်က္စတာယူႏိုက္တက္ ကြင္းလယ္ ကစားသမား ဘ႐ူႏိုဖာနန္ဒက္စ္ကေတာ့ ယူႏိုက္တက္ကေန ဝက္စ္ဟမ္းအသင္းဆီမွာ ရာသီကုန္အထိ အငွားနဲ႔သြားေရာက္ကစားေနတဲ့ ကြင္းလယ္လူ ဂ်က္ဆီလင္ဂတ္ဟာ လက္ရွိမွာ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံး ကစားသမားတစ္ေယာက္ ျဖစ္ေနျပီလို႔ ခ်ီးက်ဴးစကား ဆိုလိုက္ပါတယ္။
အဂၤလန္လက္ေ႐ြးစင္ ကြင္းလယ္ တိုက္စစ္ကစားသမား လင္ဂတ္ဟာ ယူႏိုက္တက္မွာ ပုံမွန္ေနရာရဖို႔ ႐ုန္းကန္ေနရတာေၾကာင့္ ၿပီးခဲ့တဲ့ ဇန္နဝါရီ ေဆာင္းေစ်းကြက္အတြင္းမွာပဲ ဝက္စ္ဟမ္းအသင္းကို အငွားနဲ႔ ေျပာင္းေ႐ႊ႕ခဲ့တာပါ။
လင္ဂတ္ဟာ ဝက္စ္ဟမ္းအသင္းမွာေတာ့ သူရဲ႕အေကာင္းဆုံး စြမ္းေဆာင္ရည္ေတြကို ထုတ္ေဖာ္ျပသႏိုင္ခဲ့ၿပီး အသင္းအတြက္ ပရီးမီးယားလိဂ္သြင္းဂိုး (၉)ဂိုး သြင္းယူထားႏိုင္ခဲ့သလို ဂိုးဖန္တီးမႈကိုလည္း (၄)ႀကိမ္ လုပ္ေဆာင္ထားကာ အစြမ္းျပေနပါတယ္။
လင္ဂတ္နဲ႔ပတ္သက္ၿပီး ယူႏိုက္တက္ ကြင္းလယ္လူ ဖာနန္ဒက္စ္က “ခင္ဗ်ားတို႔ အေနနဲ႔ ဂ်က္ဆီကို အခုၾကည့္မယ္ရင္ ဂ်က္ဆီရဲ႕ ေနာက္ဆုံးကစားခဲ့တဲ့ ပြဲစဥ္(၁၀)ပြဲကို ၾကည့္ထားမိတယ္ဆိုရင္ သူက တကယ့္ကို ထိပ္တန္းအဆင့္ရွိ ကစားသမားတစ္ေယာက္လို႔ ျမင္မွာပါ။
ကြၽန္ေတာ္အျမင္အရ ေျပာမယ္ဆိုရင္ ဂ်က္ဆီရဲ႕ ေနာက္ဆုံးကစားထားတဲ့ ပြဲ(၁၀)ပြဲကို ၾကည့္ထားမယ္ဆိုရင္ သူ႔ကို ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံးကစားသမားလို႔ ယူဆႏိုင္ပါလိမ့္မယ္။ ပြဲတိုင္းမွာ ဂိုးလည္းသြင္းႏိုင္တယ္။ ဂိုးဖန္တီးမႈလည္း လုပ္ေဆာင္ႏိုင္တယ္။ ဒီမွာရွိေနၾကတဲ့ လူတိုင္းက ဂ်က္ဆီရဲ႕ စြမ္းေဆာင္ရည္နဲ႔ပတ္သက္လို႔ အရမ္းကို ဝမ္းသာေနၾကပါတယ္။ သူရဲဲ့ယုံၾကည္မႈေတြကို ျပန္လည္ရရွိခဲ့ပါၿပီ။
သူရဲ႕ေျခစြမ္းေကာင္းေတြကို ျပန္လည္ျပသလာႏိုင္ၿပီ။ သူရဲ႕စြမ္းေဆာင္ရည္အေပၚ ကြၽန္ေတာ္တို႔ ေတာ္ေတာ္ ၀မ္းေျမာက္ ေပ်ာ္ရႊင္ေနပါတယ္” လို႔ ထုတ္ေဖာ္ေျပာဆိုသြားခဲ့ပါတယ္။
Unicode
မန်ချက်စတာယူနိုက်တက် ကွင်းလယ် ကစားသမား ဘရူနိုဖာနန်ဒက်စ်ကတော့ ယူနိုက်တက်ကနေ ဝက်စ်ဟမ်းအသင်းဆီမှာ ရာသီကုန်အထိ အငှားနဲ့သွားရောက်ကစားနေတဲ့ ကွင်းလယ်လူ ဂျက်ဆီလင်ဂတ်ဟာ လက်ရှိမှာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားတစ်ယောက် ဖြစ်နေပြီလို့ ချီးကျူးစကား ဆိုလိုက်ပါတယ်။
အင်္ဂလန်လက်ရွေးစင် ကွင်းလယ် တိုက်စစ်ကစားသမား လင်ဂတ်ဟာ ယူနိုက်တက်မှာ ပုံမှန်နေရာရဖို့ ရုန်းကန်နေရတာကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီ ဆောင်းဈေးကွက်အတွင်းမှာပဲ ဝက်စ်ဟမ်းအသင်းကို အငှားနဲ့ ပြောင်းရွှေ့ခဲ့တာပါ။
လင်ဂတ်ဟာ ဝက်စ်ဟမ်းအသင်းမှာတော့ သူရဲ့အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ထုတ်ဖော်ပြသနိုင်ခဲ့ပြီး အသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး (၉)ဂိုး သွင်းယူထားနိုင်ခဲ့သလို ဂိုးဖန်တီးမှုကိုလည်း (၄)ကြိမ် လုပ်ဆောင်ထားကာ အစွမ်းပြနေပါတယ်။
လင်ဂတ်နဲ့ပတ်သက်ပြီး ယူနိုက်တက် ကွင်းလယ်လူ ဖာနန်ဒက်စ်က “ခင်ဗျားတို့ အနေနဲ့ ဂျက်ဆီကို အခုကြည့်မယ်ရင် ဂျက်ဆီရဲ့ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်(၁၀)ပွဲကို ကြည့်ထားမိတယ်ဆိုရင် သူက တကယ့်ကို ထိပ်တန်းအဆင့်ရှိ ကစားသမားတစ်ယောက်လို့ မြင်မှာပါ။
ကျွန်တော်အမြင်အရ ပြောမယ်ဆိုရင် ဂျက်ဆီရဲ့ နောက်ဆုံးကစားထားတဲ့ ပွဲ(၁၀)ပွဲကို ကြည့်ထားမယ်ဆိုရင် သူ့ကို ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမားလို့ ယူဆနိုင်ပါလိမ့်မယ်။ ပွဲတိုင်းမှာ ဂိုးလည်းသွင်းနိုင်တယ်။ ဂိုးဖန်တီးမှုလည်း လုပ်ဆောင်နိုင်တယ်။ ဒီမှာရှိနေကြတဲ့ လူတိုင်းက ဂျက်ဆီရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်လို့ အရမ်းကို ဝမ်းသာနေကြပါတယ်။ သူရဲ့ယုံကြည်မှုတွေကို ပြန်လည်ရရှိခဲ့ပါပြီ။
သူရဲ့ခြေစွမ်းကောင်းတွေကို ပြန်လည်ပြသလာနိုင်ပြီ။ သူရဲ့စွမ်းဆောင်ရည်အပေါ် ကျွန်တော်တို့ တော်တော် ဝမ်းမြောက် ပျော်ရွှင်နေပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။