ယူရို သန္း ၄၀ တန္ ခံစစ္မွဴးကို အဓိက ပစ္မွတ္ အျဖစ္ ေစာင့္ၾကည့္ေနတဲ့ မန္ခ်က္စတာ ယူနိုက္တက္

မန္ခ်က္စတာ ယူႏိုက္တက္အသင္းဟာ အတၱလႏၲာအသင္းေနာက္ခံလူ ခရစၥတီယန္႐ိုမီယိုကို ေႏြရာသီ အေျပာင္းအေ႐ႊ႕ ေဈးကြက္ ဖြင့္ခ်ိန္မွာ ေခၚယူဖို႔ စိတ္ဝင္စားလာခဲ့တယ္လို႔ သိရပါတယ္။

အာဂ်င္တီးနားေနာက္ခံလူဟာ ဂ်ဴဗင္တပ္စ္ကေန အတၱလႏၲာကို အငွားလာကစားရင္း အထူးေျခစြမ္း ျပသႏိုင္ခဲ့တာေၾကာင့္ ယူႏိုက္တက္ရဲ႕ အဓိက ေနာက္ခံလူ ပစ္မွတ္ေတြထဲမွာ ပါဝင္လာခဲ့တာ ျဖစ္ပါတယ္။

စကိုင္းစေပါ့ အဆိုအရေတာ့ ယူႏိုက္တက္ဟာ ေႏြရာသီမွာ ဗဟိုခံစစ္မႉးသစ္ တစ္ဦးေခၚယူဖို႔ရွိေနၿပီး ႐ိုမီယိုကေတာ့ အသက္အ႐ြယ္၊ အရည္အေသြးနဲ႔ ေဈးႏႈန္းအရလည္း အသင့္ေတာ္ဆုံး အေနအထားမွာ ရွိေနပါတယ္။ ႐ိုမီယိုဟာ ဒီရာသီ အတၱလႏၲာအသင္းအတြက္ ၃၉ ပြဲကစားၿပီး ၃ ဂိုးသြင္း ၅ ဂိုးဖန္တီးထားပါတယ္။ ဒါ့အျပင္ စီးရီးေအ အမွတ္ေပးဇယားမွာလည္း အဆင့္ ၂ နဲ႔ ရာသီသိမ္းႏိုင္ခဲ့ပါတယ္။

ယူႏိုက္တက္ဟာ ခံစစ္ ပစ္မွတ္စာရင္းမွာ လိုင္လီက ဆဗန္ေဘာ့မန္းနဲ႔ ဆီဗီလာက ဂ်ဴးလ္ကြန္ဒီတို႔ကိုလည္း စာရင္းထဲမွာ ထည့္သြင္းထားေပမယ့္ ႐ိုမီယိုကေတာ့ အဓိကပစ္မွတ္ အျဖစ္ရွိေနတယ္လို႔ သိရပါတယ္။

နည္းျပႀကီးဂက္စ္ပါရီနီရဲ႕လက္ေအာက္မွာ ေျခစြမ္းပိုင္း တိုးတက္လာခဲ့တဲ့ အာဂ်င္တီးနား ေနာက္ခံလူကို အတၱလႏၲာက ဂ်ဴဗီကေန ေပါင္ ၂၁.၅ သန္း(ယူ႐ို ၂၅ သန္း) အၿပီးသတ္ေခၚယူခြင့္ ပိုင္ဆိုင္ထားပါတယ္။ ဒါေပမယ့္ အီတလီကလပ္က အဆိုပါ အၿပီးသတ္ေခၚယူခြင့္ကို အသုံးခ်ကာ ကစားသမားကို ပိုျမင့္တဲ့ ေျပာင္းေ႐ႊ႕ေၾကးတစ္ရပ္နဲ႔ အျမတ္အစြန္း ရရွိေအာင္ ေရာင္းခ်ဖို႔ ႀကိဳးစားေနပါတယ္။

အတၱလႏၲာဟာ ႐ိုမီယိုကို စိတ္ဝင္စားေနတဲ့ အသင္းေတြဆီကို ေပါင္ ၃၄ သန္း(ယူ႐ိုသန္း ၄၀) ခန္႔နဲ႕ ျပန္လည္ ေရာင္းခ်ဖို႔အတြက္ စီစဥ္ေနပါတယ္။

ယူႏိုက္တက္ဂႏၲဝင္ ရီယိုဖာဒီနန္ကလည္း သူ႔ရဲ႕ အသင္းေဟာင္းဟာ ခံစစ္ပိုင္းတိုးတက္ဖို႔ လိုေသးသလို တိုက္စစ္အားသန္တဲ့ ေတာင္ပံကစားသမား တစ္ေယာက္လည္း လိုအပ္ေသးေၾကာင္း တိုက္တြန္းခဲ့ပါတယ္။

Unicode

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အတ္တလန္တာအသင်းနောက်ခံလူ ခရစ္စတီယန်ရိုမီယိုကို နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် ဖွင့်ချိန်မှာ ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့တယ်လို့ သိရပါတယ်။

အာဂျင်တီးနားနောက်ခံလူဟာ ဂျူဗင်တပ်စ်ကနေ အတ္တလန္တာကို အငှားလာကစားရင်း အထူးခြေစွမ်း ပြသနိုင်ခဲ့တာကြောင့် ယူနိုက်တက်ရဲ့ အဓိက နောက်ခံလူ ပစ်မှတ်တွေထဲမှာ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

စကိုင်းစပေါ့ အဆိုအရတော့ ယူနိုက်တက်ဟာ နွေရာသီမှာ ဗဟိုခံစစ်မှူးသစ် တစ်ဦးခေါ်ယူဖို့ရှိနေပြီး ရိုမီယိုကတော့ အသက်အရွယ်၊ အရည်အသွေးနဲ့ ဈေးနှုန်းအရလည်း အသင့်တော်ဆုံး အနေအထားမှာ ရှိနေပါတယ်။ ရိုမီယိုဟာ ဒီရာသီ အတ္တလန္တာအသင်းအတွက် ၃၉ ပွဲကစားပြီး ၃ ဂိုးသွင်း ၅ ဂိုးဖန်တီးထားပါတယ်။ ဒါ့အပြင် စီးရီးအေ အမှတ်ပေးဇယားမှာလည်း အဆင့် ၂ နဲ့ ရာသီသိမ်းနိုင်ခဲ့ပါတယ်။

ယူနိုက်တက်ဟာ ခံစစ် ပစ်မှတ်စာရင်းမှာ လိုင်လီက ဆဗန်ဘော့မန်းနဲ့ ဆီဗီလာက ဂျူးလ်ကွန်ဒီတို့ကိုလည်း စာရင်းထဲမှာ ထည့်သွင်းထားပေမယ့် ရိုမီယိုကတော့ အဓိကပစ်မှတ် အဖြစ်ရှိနေတယ်လို့ သိရပါတယ်။

နည်းပြကြီးဂက်စ်ပါရီနီရဲ့လက်အောက်မှာ ခြေစွမ်းပိုင်း တိုးတက်လာခဲ့တဲ့ အာဂျင်တီးနား နောက်ခံလူကို အတ္တလန္တာက ဂျူဗီကနေ ပေါင် ၂၁.၅ သန်း(ယူရို ၂၅ သန်း) အပြီးသတ်ခေါ်ယူခွင့် ပိုင်ဆိုင်ထားပါတယ်။ ဒါပေမယ့် အီတလီကလပ်က အဆိုပါ အပြီးသတ်ခေါ်ယူခွင့်ကို အသုံးချကာ ကစားသမားကို ပိုမြင့်တဲ့ ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ အမြတ်အစွန်း ရရှိအောင် ရောင်းချဖို့ ကြိုးစားနေပါတယ်။

အတ္တလန္တာဟာ ရိုမီယိုကို စိတ်ဝင်စားနေတဲ့ အသင်းတွေဆီကို ပေါင် ၃၄ သန်း(ယူရိုသန်း ၄၀) ခန့်နဲ့ ပြန်လည် ရောင်းချဖို့အတွက် စီစဉ်နေပါတယ်။

ယူနိုက်တက်ဂန္တဝင် ရီယိုဖာဒီနန်ကလည်း သူ့ရဲ့ အသင်းဟောင်းဟာ ခံစစ်ပိုင်းတိုးတက်ဖို့ လိုသေးသလို တိုက်စစ်အားသန်တဲ့ တောင်ပံကစားသမား တစ်ယောက်လည်း လိုအပ်သေးကြောင်း တိုက်တွန်းခဲ့ပါတယ်။