ေသာမက္စ္ ပါေတး ေနာက္ရာသီ အာဆင္နယ္အတြက္ ေျခစြမ္းျပဖို႔ ေမွ်ာ္လင့္ေနတဲ့ ကီယြန္

အသက္ ၂၇ႏွစ္ အ႐ြယ္ ကစားသမားဟာ ၿပီးခဲ့တဲ့ ေအာက္တိုဘာလတုန္းက အက္သလက္တီကို မက္ဒရစ္ ကေန အာဆင္နယ္ သို႔ ေပါင္ ၄၅သန္းျဖင့္ ေျပာင္းေ႐ႊ႕လာခဲ့ၿပီးေနာက္ ေျခစြမ္းျပဖို႔ ႐ုန္းကန္ေနရတာျဖစ္ပါတယ္။

ေျမာက္လန္ဒန္မွာ ဒဏ္ရာေတြ ရရွိေနတဲ့ ပါေတးဟာ လက္ရွိ ရာသီမွာ ပရီးမီးယားလိဂ္ပြဲေပါင္း ၁၆ပြဲသာ ကစားထား ရတာျဖစ္ပါတယ္။ ၄င္းက ၿပိဳင္ပြဲစုံ ၃၁ ပြဲ ကစားထားၿပီး ေျခစြမ္းမျပသႏိုင္ဘဲ ဂိုးဖန္တီးမႈကလည္း ၃ဂိုးသာ လုပ္ေဆာင္ေပးထားႏိုင္ပါတယ္။

သူ႔ရဲ႕စြမ္းေဆာင္ရည္ေတြက ပရိသတ္ေတြအတြက္ေတာ့ စိုးရိမ္စရာျဖစ္ေနေသာ္လည္း ကလပ္ရဲ႕ ဂႏၲဝင္ကစား သမားျဖစ္သူ မာတင္ကီယြန္းက သူဟာ အာဆင္နယ္သို႔ ေရာက္ရွိၿပီးကတည္းက ေကာင္းေကာင္း မကစားရေသးပါဘူးလို႔ ေျပာၾကားထားပါတယ္။

ဒါေပမဲ့ စကိုင္းစေပါ့မွ ေ၀ဖန္သံုးသပ္သူ ရက္နပ္ကေတာ့ ၂၀၁၈ခုႏွစ္တုန္းက ယူ႐ိုပါလိဂ္ဖလားကို ရရွိခဲ့တဲ့ ကစားသမားကို ကာကြယ္ေျပာဆိုလိုက္တာျဖစ္ၿပီး လာမယ့္ရာသီမွာ ေျခစြမ္းျပႏိုင္မယ္လို႔ ခန႔္မွန္းလိုက္တာ ျဖစ္ပါတယ္။

အာဆင္နယ္အသင္းရဲ႕ ခ်ဲလ္ဆီးအား ၁-၀ ဂိုးျဖင့္အႏိုင္ရရွိခဲ့တဲ့ပြဲမတိုင္ခင္မွာ သူက “ သူ႔အတြက္က ခက္ခဲပါတယ္၊ ဒဏ္ရာေတြရရွိေနၿပီး ပရီးမီးယားလိဂ္မွာကစားတဲ့ ပထမဆုံးရာသီျဖစ္ကာ ကြၽန္ေတာ္တို႔က အခ်ိန္ေပးရမွာျဖစ္ပါ တယ္ ”

“ သူကစားခဲ့တဲ့ပြဲေတြကို ကြၽန္ေတာ္ၾကည့္ခဲ့ၿပီး သူ႔ရဲ႕ယွဥ္ၿပိဳင္ကစားရမွာကို မုန္းမိပါတယ္။ သူမွာ ပင္ကိုယ္အရည္ အခ်င္းေတြအားလုံးရွိပါတယ္။ အာဆင္နယ္ရဲ႕ကစားပုံနဲ႔ အံဝင္ဖို႔အတြက္ကေတာ့ အခ်ိန္ေတာ့ေပးမွာျဖစ္ပါတယ္ ”

“ သူ႔ကို အင္ျပည့္အားျပည့္နဲ႔ ကြင္းလယ္မွာ ေျပးလႊားေဆာ့ကစားေနတာကို ေတြ႕ျမင္ခ်င္ပါတယ္။ လာမယ့္ရာသီမွာ လည္းသူက အဲ့ဒီလိုလုပ္ဖို႔လိုအပ္ပါတယ္။ လာမယ့္ရာသီမွာ ေသာမက္စ္ပါေတး အစစ္အမွန္ကို ကြၽန္ေတာ္တို႔ ေတြ႕ျမင္ရေတာ့မွာပါ ” လို႔ ရက္နပ္က ေျပာဆိုခဲ့ပါတယ္။

Unicode

အသက် ၂၇နှစ် အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက အက်သလက်တီကို မက်ဒရစ် ကနေ အာဆင်နယ် သို့ ပေါင် ၄၅သန်းဖြင့် ပြောင်းရွှေ့လာခဲ့ပြီးနောက် ခြေစွမ်းပြဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။

မြောက်လန်ဒန်မှာ ဒဏ်ရာတွေ ရရှိနေတဲ့ ပါတေးဟာ လက်ရှိ ရာသီမှာ ပရီးမီးယားလိဂ်ပွဲပေါင်း ၁၆ပွဲသာ ကစားထား ရတာဖြစ်ပါတယ်။ ၎င်းက ပြိုင်ပွဲစုံ ၃၁ ပွဲ ကစားထားပြီး ခြေစွမ်းမပြသနိုင်ဘဲ ဂိုးဖန်တီးမှုကလည်း ၃ဂိုးသာ လုပ်ဆောင်ပေးထားနိုင်ပါတယ်။

သူ့ရဲ့စွမ်းဆောင်ရည်တွေက ပရိသတ်တွေအတွက်တော့ စိုးရိမ်စရာဖြစ်နေသော်လည်း ကလပ်ရဲ့ ဂန္တဝင်ကစား သမားဖြစ်သူ မာတင်ကီယွန်းက သူဟာ အာဆင်နယ်သို့ ရောက်ရှိပြီးကတည်းက ကောင်းကောင်း မကစားရသေးပါဘူးလို့ ပြောကြားထားပါတယ်။

ဒါပေမဲ့ စကိုင်းစပေါ့မှ ဝေဖန်သုံးသပ်သူ ရက်နပ်ကတော့ ၂၀၁၈ခုနှစ်တုန်းက ယူရိုပါလိဂ်ဖလားကို ရရှိခဲ့တဲ့ ကစားသမားကို ကာကွယ်ပြောဆိုလိုက်တာဖြစ်ပြီး လာမယ့်ရာသီမှာ ခြေစွမ်းပြနိုင်မယ်လို့ ခန့်မှန်းလိုက်တာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့ ချဲလ်ဆီးအား ၁-၀ ဂိုးဖြင့်အနိုင်ရရှိခဲ့တဲ့ပွဲမတိုင်ခင်မှာ သူက “ သူ့အတွက်က ခက်ခဲပါတယ်၊ ဒဏ်ရာတွေရရှိနေပြီး ပရီးမီးယားလိဂ်မှာကစားတဲ့ ပထမဆုံးရာသီဖြစ်ကာ ကျွန်တော်တို့က အချိန်ပေးရမှာဖြစ်ပါ တယ် ”

“ သူကစားခဲ့တဲ့ပွဲတွေကို ကျွန်တော်ကြည့်ခဲ့ပြီး သူ့ရဲ့ယှဉ်ပြိုင်ကစားရမှာကို မုန်းမိပါတယ်။ သူမှာ ပင်ကိုယ်အရည် အချင်းတွေအားလုံးရှိပါတယ်။ အာဆင်နယ်ရဲ့ကစားပုံနဲ့ အံဝင်ဖို့အတွက်ကတော့ အချိန်တော့ပေးမှာဖြစ်ပါတယ် ”

“ သူ့ကို အင်ပြည့်အားပြည့်နဲ့ ကွင်းလယ်မှာ ပြေးလွှားဆော့ကစားနေတာကို တွေ့မြင်ချင်ပါတယ်။ လာမယ့်ရာသီမှာ လည်းသူက အဲ့ဒီလိုလုပ်ဖို့လိုအပ်ပါတယ်။ လာမယ့်ရာသီမှာ သောမက်စ်ပါတေး အစစ်အမှန်ကို ကျွန်တော်တို့ တွေ့မြင်ရတော့မှာပါ ” လို့ ရက်နပ်က ပြောဆိုခဲ့ပါတယ်။